လွန်ခဲ့တဲ့ ၂၀၀၀ခုနှစ်ကနေ စတင် ချီးမြှင့်လာခဲ့တဲ့ Laureus World Sports Awards ဆုဆိုတာ တစ်နှစ်တာ ကာလအတွင်းမှာ အထူးချွန်ဆုံး အားကစားသမား နဲ့ အားကစားအသင်းတို့ကို ရွေးချယ်ပြီး နှစ်စဉ်နှစ်တိုင်း ချီးမြှင့်တာ ဖြစ်ပါတယ်။ ဒီ ဆု ကို ဘောလုံးသမားတွေထဲမှာတော့ GOAT ကြီး လီယွန်နယ် မက်ဆီ တစ်ဦးတည်းကသာ ဂုဏ်ယူဝင့်ကြွားစွာနဲ့ ပိုင်ဆိုင်ထားခဲ့တာပဲ ဖြစ်ပါတယ်။

messi

Photo Credit : Twitter

Laureus World Sports Awards ရဲ့ အဓိကအကျဆုံး ဆုတစ်ခုဖြစ်သော Laureus World Sportsman of the Year ဆု ကြီးကို တင်းနစ် အကျော်အမော်တွေဖြစ်တဲ့ ရော်ဂျာ ဖက်ဒါရာ ၊ ရာဖေးလ် နာဒါးလ် ၊ နိုဗက် ဂျိုကိုဗစ် ဖော်မြူလာဝမ်း ကားမောင်း အကျော်အမော်တွေဖြစ်တဲ့ မိုက်ကယ် ရူးမေကာ ၊ ဆီဘက်စတီယန် ဗက်တဲလ် ၊ လူးဝစ် ဟာမီတန် ကမ္ဘာ့တာတို အပြေးချန်ပီယံ အူစိန်ဘော့ ဂေါ့ဖ် အကျော်အမောကြီး တိုက်ဂါးဝုဒ်တို့က ဆွတ်ခူးထားခဲ့တာဖြစ်ပြီး ၂၀၁၉ခုနှစ်လောက်အထိ ဒီဆုကို ဘောလုံးအားကစား နယ်ပယ်ထဲကနေ ရယူနိုင်ခဲ့တယ်ဆိုတာ မရှိသေးပဲ ဖြစ်နေရပါတယ်။

leo messi

Photo Credit : Laureus’s Twitter

၂၀၂၀မှာတော့ Laureus World Sportsman of the Year ဆု ကို ဘောလုံးလောကရဲ့ GOAT ကြီး မက်ဆီက ဖော်မြူလာဝမ်း ကားမောင်းသမား ဟာမီတန်နဲ့အတူ စတင် ဆွတ်ခူးနိုင်ခဲ့ရပါတယ်။ ဘောလုံးသမားတွေထဲမှာ မက်ဆီ တစ်ဦးတည်းသာ ပိုင်ဆိုင်နိုင်ခဲ့ဖူးတဲ့ Laureus World Sports Awards ကို မက်ဆီကပဲ အခု ၂၀၂၃ခုနှစ်မှာပါ ဒုတိယအကြိမ်အဖြစ် ထပ်မံ ရယူနိုင်ခဲ့တာက တကယ်ကို လေးစား ဂုဏ်ယူလောက်စရာပါ။ အာဂျင်တီးနား လက်ရွေးစင်အသင်းကို ကမ္ဘာ့ဖလား ချန်ပီယံဆုကြီးကို အရ ယူဆောင်ပေးခဲ့ရင်းနဲ့ အခုလို Laureus World Sports Awards ကို နောက်တစ်ကြိမ် ပိုင်ဆိုင်နိုင်ခဲ့တဲ့ မက်ဆီဟာ ဒီနှစ်ထဲမှာပဲ Ballon d’Or ဆုကိုပါ ထပ်မံ ပိုင်ဆိုင်သွားနိုင်ဦးမလားဆိုတာ ဆက်လက် စောင့်ကြည့်သွားရပါမယ်။

Featured Photo : Twitter