ဆိတ်ကြီး လီယွန်နယ် မက်ဆီက သူရဲ့ ပီအက်စ်ဂျီ ကစားသမားဘဝ ဒုတိယမြောက် ရာသီမှာ စွမ်းဆောင်ရည်ကောင်းတွေ ပြသရင်း မက်ဆီ နဲ့ ပီအက်စ်ဂျီတို့ ဒီရာသီ မကုန်ခင်မှာ စာချုပ်သက်တမ်း တိုးမြှင့်သွားဖွယ် ရှိနိုင်တယ်လို့ ယူဆမိရပေမယ့် အခု လက်ရှိမှာတော့ အရာအားလုံးက မထင်မှတ်ထားတာတွေ ဖြစ်လာခဲ့ရပါတယ်။
Photo Credit : Los Angles Times
တကယ်တော့ မက်ဆီက ကာတာ ကမ္ဘာဖလားပြိုင်ပွဲကြီး မတိုင်ခင် နိုဝင်ဘာလထဲ ပီအက်စ်ဂျီနဲ့ သက်တမ်းတိုးဖို့ အစီအစဥ် ရှိခဲ့ပေမယ့် WC final မှာ မက်ဆီရဲ့ အာဂျင်တီးနားက ပြင်သစ်ကို အနိုင်ယူပြီး WC champion ဖြစ်လာခဲ့ရပါတယ်။ လက်ရွေးစင်အသင်းအတွက် တာဝန်ထမ်းဆောင်ပြီး ကလပ်အသင်း တာဝန်တွေ ပြန်လည် ထမ်းဆောင်ဖို့ ပြင်သစ်မြေကို ပြန်ရောက်လာချိန်မှာတော့ မက်ဆီ ကို ပီအက်စ်ဂျီ ပရိသတ်တွေက နွေးနွေးထွေးထွေး မရှိတော့သလို အသင်းရဲ့ ရလဒ်တွေ ဆိုးလာခဲ့အခါမျိုးမှာလည်း မက်ဆီကိုသာ ပစ်မှတ်ထား လှောင်ပြောင်ကြပါတယ်။
Photo Credit : Sky News
ပိုပြီး အခြေအနေတွေ ဆိုးလာတာကတော့ လော်ရီးယန့်နဲ့ ပွဲမတိုင်ခင် မက်ဆီက သူ့မိသားစုဝင်တွေနဲ့ ဆော်ဒီကို သွားရောက်ဖို့ ရှိကြောင်း ပီအက်စ်ဂျီ နည်းပြနဲ့ နည်းစနစ် အကြံပေးတို့ဆီ အသိပေးခဲ့ပေမယ့် မထင်မှတ်ပဲ ပီအက်စ်ဂျီက လော်ရီးယန့်ကို ရှုံးနိမ့်ခဲ့တာကြောင့် အသင်းရဲ့ training sessions တွေကို ပြောင်းလဲခဲ့ရာ မက်ဆီ ဆော်ဒီကို သွားဖို့က အဆင်မပြေသလို ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့်လည်း မက်ဆီက ဆော်ဒီနဲ့ တွဲဖက် လုပ်ဆောင်နေတဲ့ အလုပ်တွေကြောင့် လော်ရီးယန့်နဲ့ ပွဲအပြီးမှာပဲ ဆော်ဒီကို သွားရောက်ခဲ့ရာ ပီအက်စ်ဂျီဘက်က မက်ဆီရဲ့ လုပ်ရပ်ကို လက်မခံနိုင်ပဲ နှစ်ပတ်စာ ဒဏ်ရိုက်ပြီး အသင်းနဲ့ ပူးပေါင်းခွင့်ပါ ပိတ်ပင်လိုက်ပါတယ်။
Photo Credit : CNN
အခုလို အသင်းဘက်က အရေးယူမှုတွေ အသင်းပရိသတ်တွေရဲ့ လှောင်ပြောင် ကဲ့ရဲ့မှုတွေကြောင့် မက်ဆီက သူရဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် လာမယ့်နွေမှာပဲ ပီအက်စ်ဂျီကနေ ထွက်ခွာသွားလိမ့်မယ်လို့ ဖာဘရီဇီယို ရိုမာနိုက ဖော်ပြထားခဲ့ပါတယ်။ မက်ဆီသာ ပီအက်စ်ဂျီနဲ့ လမ်းခွဲဖြစ်မယ်ဆိုရင် အသင်းဟောင်း ဘာစီလိုနာကို ပြန်သွားဖို့ အခြေအနေ များနေတယ် ဆိုပေမယ့်လည်း ဘာစီလိုနာအနေနဲ့ မက်ဆီကို ပြန်ခေါ်ဖို့က ဘဏ္ဍာရေးပိုင်းဆိုင်ရာ အခက်အခဲတွေနဲ့ ရင်ဆိုင်ရနိုင်တာကြောင့် မက်ဆီရဲ့လားရာက ပရီးမီးယားလိဂ်လား ရော်နယ်လ်ဒိုရဲ့ နယ်မြေသစ် ဆော်ဒီလား ဒါမှမဟုတ် မေဂျာလိပ်များလား???
Featured Photo : Sky Sports