၂၀၂၂ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကမ္ဘာ့ဖလား ချန်ပီယံလည်းဖြစ် ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံး လူငယ်ကစားသမားဆုကိုပါ ပိုင်ဆိုင်ခဲ့တဲ့ အာဂျင်တီးနား ကွင်းလယ်ကစားသမားလေး အန်ဇို ဖာနန်ဒက်ဇ် က လီယွန်နယ် မက်ဆီ နဲ့ ဆုံတွေ့ခွင့်ရခဲ့တာ တွဲဖက် ကစားခွင့် ရရှိခဲ့ခြင်းက ကြက်သီးထစရာကောင်းလောက်အောင်ကို ခံစားမိရတယ်လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

fernandez messi

Photo Credit : TEAMtalk

“ဆော်ဒီအာရေဗျအသင်းနဲ့ ပွဲစဉ်အပြီးမှာ မက်ဆီက အသင်းသားတွေအားလုံးနဲ့ စကားပြောခဲ့ပြီး ကျွန်တော်တို့အားလုံး အရင်ကထက်ကို ပိုပြီး ညီညီညွတ်ညွတ်နဲ့ အတူတူ ရှိနေရမယ်လို့ ပြောခဲ့တယ်။ ကျွန်တော် မက်ဆီအကြောင်းကို ပြောရတိုင်းမှာ ကြက်သီးထစရာ ဖြစ်နေမိတယ်။ သူက ကျွန်တော်ရဲ့ Idol ပါ။ ဒါကို ဖော်ပြဖို့ စကားလုံး မရှိပါဘူး။ သူက အမြဲတမ်း အကောင်းတကာ့ အကောင်းဆုံးပါပဲ။ ကျွန်တော်တို့ ကမ္ဘာ့ချန်ပီယံတွေ ဖြစ်လာချိန်မှာ အိမ်မက်လိုကို ခံစားမိရတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲ မတိုင်ခင် တစ်ပတ်လောက်အလိုမှာပဲ ကျွန်တော် ဒီပြိုင်ပွဲကြီးမှာ ပါဝင်ရမယ်ဆိုတာ သိခဲ့ရတယ်”

enzo leo

Photo Credit : Goal

“ဒီလို သိလာတဲ့အချိန်မှာပဲ ကျွန်တော် ငိုကြွေးမိခဲ့တယ်။ ဒါက ကျွန်တော် ငယ်ငယ်လေးကတည်းက မက်ခဲ့ရတဲ့ အိမ်မက်တစ်ခုမို့ပါ။ အိမ်မှာ ရှိနေရချိန်တိုင်း Youtube ဖွင့်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ highlights တွေကို ပြန်ကြည့်ဖြစ်တယ်။ အကုန်လုံးက ရူးသွပ်လောက်စရာတွေချည်းပဲ။ အရမ်းလည်း စိတ်အားတတ်ကြွလာမိရတယ်။ ပြင်သစ်နဲ့ ကစားခဲ့ရတဲ့ ဖိုင်နယ်ပွဲကြီး အပြီးမှာတော့ ကျွန်တော်တို့ကို ဘယ်တုန်းကမှ မစွန့်လွတ်သွားပဲ အမြဲတမ်း ကြိုးစားပေးခဲ့တဲ့ မက်ဆီ ကို ကျေးဇူးအထူးတင်မိကြောင်း ကျွန်တော် ပြောဖြစ်ခဲ့ပါတယ်။ ကျွန်တော် အမြဲတမ်း သူ့ကို အားပေးနေမှာ” လို့ အန်ဇို ဖာနန်ဒက်ဇ် က ပြောဆိုသွားခဲ့ပါတယ်။

enzo

Photo Credit : Sky Sports

အသက် (၂၂) နှစ်အရွယ်သာ ရှိနေသေးတဲ့ အာဂျင်တီးနား ကွင်းလယ်ကစားသမားလေး ဖာနန်ဒက်ဇ် ဟာ ဒီရာသီမှ ရေးဗားပလိတ်ကနေ ဘင်ဖီကာအသင်းဆီကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ဘင်ဖီကာနဲ့ တစ်ရာသီ မပြည့်သေးခင်မှာပဲ ချဲလ်ဆီးအသင်းဆီကို ဗြိတိန်စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ရောက်ရှိလာခဲ့ပါတယ်။

Featured Photo : Twitter