ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက အာဂျင်တီးနား စူပါစတားကြီး လီယွန်နယ် မက်ဆီထက် မန်ချက်စတာ စီးတီးရဲ့ နော်ဝ တိုက်စစ်မှူး အာလင်း ဟာလန်းက ပိုပြီးတော့ကို စွမ်းဆောင်ရည်ကောင်းတွေ ပြသနိုင်ခဲ့တာဖြစ်လို့ ၂၀၂၃ ဘာလွန်းဒေါဆုကို မက်ဆီကိုပဲ ပေးအပ်ခဲ့တာဟာ အပေါစား ဟာသတစ်ခုလိုပဲလို့ မက်ဆီ ပရိသတ်တစ်ဦးဖြစ်သူ ဂျာမနီ legend player ကြီး လိုသာ မာသီးယပ်စ်က မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။
Photo Credit : Gianluca Di Marzio
ဘောလုံးလောကရဲ့ GOAT ကြီး တစ်ဦးဖြစ်သူ မက်ဆီဟာ ပြီးခဲ့တဲ့နှစ်က အာဂျင်တီးနားအသင်းနဲ့အတူ ၂၀၂၂ ကမ္ဘာ့ဖလားကြီးကို ဆွတ်ခူးလိုက်နိုင်ပြီး နောက်ပိုင်းမှာ ဘာလွန်းဒေါဆုကို (၈)ကြိမ်အထိ ထပ်မံ ပိုင်ဆိုင်လိမ့်မယ်လို့ အဲ့ဒီအချိန်ကတည်းက ရေပန်းစားနေခဲ့တာ ဖြစ်ပါတယ်။ ဒီလို ရေပန်းစားတဲ့အတိုင်း မက်ဆီကပဲ ဟာလန်း ဘာပေတို့ကို ဖြတ်ကျော်ပြီး ၂၀၂၃ခုနှစ်ရဲ့ ဘာလွန်းဒေါဆုကို ၂၀၂၃ခုနှစ်ရဲ့ ဘာလွန်းဒေါဆုကို (၈)ကြိမ်မြောက်အဖြစ် ဆွတ်ခူးနိုင်ခဲ့ပါတယ်။
Photo Credit : The Independent
ဒီဆုနဲ့ ပတ်သက်ပြီး အခုအချိန်ထိ အငြင်းအခုန်တွေ ဖြစ်နေသလို ဂျာမနီ ဂန္တဝင် ကစားသမားဟောင်းကြီး လိုသာ မာသီးယပ်စ်ကိုယ်တိုင်ကလည်း ဒီနှစ်ရဲ့ ဘာလွန်းဒေါကို မက်ဆီကိုသာ ထပ်ချီးမြှင့်တာက ဟာသပြက်လုံး တစ်ခုလိုပဲ မှတ်ချက်ပြုလိုက်ပါတယ်။
Photo Credit : Goal
“ပြီးခဲ့တဲ့ ဘောလုံးရာသီ တစ်ရာသီလုံးမှာဆိုရင် ဟာလန်းက မက်ဆီထက် ပိုကောင်းခဲ့ပါတယ်။ ဒါကြောင့် မက်ဆီ ဒီဆုကို ရရှိလိုက်တယ်ဆိုတာဟာ မထိုက်တန်ပါဘူး။ ကျွန်တော့်အမြင်ရဆိုရင်တော့ ဟာလန်းက ဒီဆုကို မရနိုင်စရာ ဘာအကြောင်းမှကို မရှိပါဘူး။ ကျွန်တော်ဟာ မက်ဆီကို အားပေးသူတစ်ဦး ဖြစ်နေပေမယ့်လည်း ဒီဆုကို မက်ဆီကိုပဲ ပေးလိုက်တာက ဟာသတစ်ခုလိုပဲလို့ ထင်မိပါတယ်။ ကျွန်တော့်အတွက်တော့ ဟာလန်းက ပြီးခဲ့တဲ့ တစ်နှစ်တာအတွင်း အကောင်းဆုံး ကစားသမားတစ်ဦးပါပဲ။ သူက မန်ချက်စတာ စီးတီးအသင်းနဲ့အတူ အဓိက ဆုဖလား (၃)လုံးကို တစ်ရာသီအတွင်းမှာပဲ ရယူနိုင်ခဲ့သလို စံချိန်တင် သွင်းဂိုးတွေကိုလည်း သွင်းယူနိုင်ခဲ့တယ်။” လို့ မက်ဆီ ပရိသတ်ဖြစ်သူ လိုသာ မက်သီးယပ်စ်က မှတ်ချက်ပြုလိုက်ပါတယ်။
Featued Photo : Mozzart Sport Kenya