မိုလ်ဘိုင်းဂိမ်းတွေက တချို့လူတွေအတွက် ဝါသနာတစ်ခုဖြစ်သလို တစ်ခါတစ်ရံမှာလည်း တစ်ချို့အတွက်က စိတ်အပန်းဖြေစရာ စိတ်ထွက်ပေါက်တစ်ခု ဖြစ်နိုင်ပါတယ်။ လက်တွေ့ဘဝက မကျေနပ်ချက်တွေ ၊ အဆင်မပြေမှုနဲ့ ဖိအားတွေ အားလုံးကို ဂိမ်းတွေထဲမှာ ပေါက်ကွဲပစ်ရတဲ့ဖီးလ်ဟာ တော်တော်လေး စိတ်ပေါ့ပါးမှု ရစေတယ်ဆိုတာ ငြင်းလို့မရပါဘူး။ ဒီလိုပေါက်ကွဲချင်တိုင်း ပေါက်ကွဲပစ်ဖို့အတွက်ဆို ကြမ်းကြမ်း တမ်းတမ်း ပစ်ခတ်တိုက်ခိုက်ရတဲ့ Shooting ဂိမ်းတွေက အကောင်းဆုံးပါပဲ။ ဒီဆောင်းပါးလေးမှာတော့ စိတ်ထွက်ပေါက် လိုချင်တဲ့ ကွီးတို့အတွက် ဂိမ်းထဲမှာ စိတ်ကြိုက် ပေါက်ကွဲပစ် လို့ရမယ့် အမိုက်စား Shooting ဂိမ်းတွေကို ညွှန်းပေးချင်ပါတယ်။

(၁) Catalyst Black

Soure : Catalyst Black

Catalyst Black ဂိမ်းကတော့ Shooter Elements တွေပါတဲ့ MOBA ဂိမ်းလေး ဖြစ်ပါတယ်။ Players တွေအနေနဲ့ Hero တွေရွေးပြီး ဂိမ်းထဲမှာ ပြိုင်ဘက် ကစားသမားတွေနဲ့ မြိုင်မြိုင် ဆိုင်ဆိုင် အပြိုင်တိုက်ခိုက်ကာ နိုင်ပွဲတွေ ရယူရမှာပါ။ ပွဲကစားနေစဉ်အတွင်း ကိုယ့် Hero ရဲ့ Gear နဲ့ Guns တွေကို Level Ups လုပ်သွားခြင်းဖြင့် ပိုမိုထိရောက်စွာ ကစားနိုင်စေမှာ ဖြစ်ပါတယ်။ အွန်လိုင်းဂိမ်းဖြစ်တာကြောင့် သူငယ်ချင်းတွေ ဒါမှမဟုတ် သူစိမ်းတွေနဲ့ အတူတွဲဖက်ပြီး ကစားလို့ ရပါတယ်။ ဒီဂိမ်းက Action အသားပေး Shooter ဂိမ်းမဟုတ်ပေမယ့် နည်းဗျူဟာကျကျ ကစားလို့ရတာကြောင့် ပျော်ဖို့တော်တော်‌လေး ကောင်းစေပါတယ်။ Vainglory က ဖန်တီးထားတဲ့ ဂိမ်းဖြစ်တာကြောင့် ထွေထွေထူးထူးပြောစရာမလိုပဲ စိတ်ကျေနပ်မှုအပြည့်အဝ ရစေမှာပါ။ ဒီဂိမ်းလေးကို Free To Play ကစားလို့ရပြီး စိတ်ကြိုက် ပေါက်ကွဲပစ် လို့ရတဲ့ ဂိမ်းအမိုက်စားလေးတစ်ခု ဖြစ်ပါတယ်။

(၂) Critical Ops

Soure : Critical Ops

Critical Ops က လက်တလော ရေပန်းစားနေတဲ့ Shooting ဂိမ်းတစ်ခုပါ။ Online Multiplayer ကစားနိုင်သလို Graphics ပိုင်းလည်း မဆိုးလှတဲ့အထဲမှာ ပါပါတယ်။ ရွေးချယ်စရာ Weapons တွေလည်း အများကြီးရှိပြီး Weapon Skins တွေကိုလည်း စိတ်ကြိုက်ပြင်ဆင်နိုင်မှာ ဖြစ်ပါတယ်။ Control Mechanics ကတော့ First-Person Shooter ပုံစံ ဖြစ်ပါတယ်။ ရန်သူတွေနဲ့ နှစ်ဖက်အပြိုင်အဆိုင် ပစ်ခတ်တိုက်ခိုက်ရမှာဖြစ်ပြီး ကွီးတို့ရဲ့ အပြင်က မကျေနပ်သ‌မျှကို ဒီဂိမ်းထဲမှာ စိတ်ကြိုက် ပေါက်ကွဲပစ် လိုက်လို့ရပါတယ်။ ဒီဂိမ်းလေးက Updates တွေလည်း တောက်လျှောက်ပေးနေပြီး Free To Play ဆော့ကစားနိုင်မယ့် အမိုက်စား ဂိမ်းလေးတစ်ခု ဖြစ်ပါတယ်။

(၃) Garena Free Fire Max

Soure : Garena Free Fire Max

Garena Free Fire Max ကတော့ Battle Royale Shooters ဂိမ်းစီးရီးတွေထဲက နောက်ဆုံးထွက် ဂိမ်းတစ်ခု ဖြစ်ပါတယ်။ ဒီဂိမ်းလေးက Battle Royale Shooters ဂိမ်းတွေလိုပဲ ကစားရတာ တော်တော်လေးမိုက်တယ် ပြောရမှာပါ။ Players စုစုပေါင်း ၄၉ ယောက်ပါဝင်ပြီး သဲကန္တာရကျွန်းပေါ်မှာဆင်းကာ တစ်ယောက်တည်း အသက်ရှင်ကျန်ရစ်အောင် တိုက်ခိုက်သွားရမှာပါ။ Battlefield ကလည်း တဖြည်းဖြည်းနဲ့ကျဉ်းလာမှာ ဖြစ်ပါတယ်။ Graphics တွေမိုက်သလို ၄ ယောက် Squads လိုက်လည်း ကစားနိုင်ပါတယ်။ လက်ရှိလူငယ်တွေကြားမှာလည်း အရမ်းကိုရေပန်းစားနေပြီး Free To Play ကစားလို့ရတဲ့ Battle Royale Shooter ဂိမ်းတစ်ခုဖြစ်တာကြောင့် Garena Free Fire Max ဂိမ်းလေးကို Try ကြည့်ဖို့ ညွှန်းပေးလိုက်ပါတယ်။

Featured Photo : Pocket Tactics