အချစ်ဟာသကားများ၊ ရိုမန့်တစ်ဆန်တဲ့ ရုပ်ရှင်ကားများ၊ သည်းထိတ်ရင်ဖို ဇာတ်ကားများဆိုပြီး ဇာတ်ကားအမျိုးအစား အများအပြားရှိကြတဲ့အနက် အမျိုးအစားတစ်ခုချင်းစီသည် မတူညီတဲ့ ခံစားချက်များကို ပေးစွမ်းပါတယ်။ ကွီးတို့အနေနဲ့ အသံနဲ့ပဲဖြစ်ဖြစ်၊ ရုပ်နဲ့ပဲ ခြောက်ခြောက် မကြောက် ဘူးဆိုတဲ့ သတ္တိခဲ ကွီး တစ်ယောက်ဖြစ်နေတယ်ဆိုရင်တော့ သည်းထိတ်ရင်ဖို ဇာတ်ကားတွေကို ကြည့်ရှုသင့်ပါတယ်။

သည်းထိတ်ရင်ဖို ဇာတ်လမ်းတွဲတွေကို ကြည့်တဲ့အခါ စိတ်လှုပ်ရှားမှုတစ်မျိုးကို ပေးစွမ်းပြီး ကွီးတို့ကို ဘာများ ဆက်ဖြစ်လာမလဲဆိုတဲ့ ခံစားချက်မျိုးကိုလည်း ရရှိခံစားစေပါသေးတယ်။ ဘယ်လောက်ခြောက်ခြောက် မကြောက် တဲ့ သတ္တိခဲ ကွီးတို့အတွက် လတ်တလောမှာ အကောင်းဆုံးနဲ့ ရေပန်းအစားဆုံးဖြစ်နေတဲ့ သည်းထိတ်ရင်ဖို ဇာတ်ကားများကို ဖော်ပြပေးချင်ပါတယ်။

(၁) The Bone Woman

Valeria သည် မိခင်တစ်ယောက်ဖြစ်တော့မှာမို့ ရင်ခုန်စိတ်လှုပ်ရှားမှုနဲ့ ပျော်ရွှင်မှုကို ရောပြွမ်းခံစားနေရပါတယ်။ သို့သော် သူ့ရဲ့ ပျော်ရွှင်မှုက ရေရှည်မခံပါဘူး။ မကောင်းတဲ့ အောက်လမ်းနည်းတွေနဲ့ ပြုစားခံလိုက်ရတဲ့အခါ သူ(မ)ရဲ့ ကလေးကိုတောင် မကောင်းဆိုးဝါးတစ်ယောက်အဖြစ် မြင်ယောင်ကာ ထိတ်လန့်ကြောက်ရွံ့နေပါတော့တယ်။ သူ့ရဲ့ ထင်ယောင်ထင်မှားဖြစ်နေတဲ့အရာတွေက အဆုံးသတ်မှာ ဘာဖြစ်သွားမလဲ။

Source: Rotten Tomatoes India

(၂) Attachment

Attachment ဆိုတဲ့ ဇာတ်ကားကတော့ Maja လို့ ခေါ်တဲ့ အမျိုးသမီးနဲ့ Leah လို့ခေါ်တဲ့ အမျိုးသမီးတို့အကြား ဖြစ်ပေါ်လာတဲ့ ရို့မန့်စ်ပေါ်မှာ အခြေခံထားတဲ့ သည်းထိတ်ရင်ဖို ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ မကြောက် ဘူးဆိုတဲ့ သတ္တခဲ ကွီးတို့လည်း ကြည့်နေတုန်းမှာ ရင်တထိတ်ထိတ်ဖြစ်နေမှာတော့ အသေအချာပါပဲ။

Maja ဆိုတဲ့ အမျိုးသမီးကတော့ တစ်ချိန်တစ်ခါတုန်းက ဒိန်းမတ်မှာ နာမည်ကြီးတဲ့ မင်းသမီးတစ်ယောက်ဖြစ်ပြီး Leah ကတော့ ငယ်ရွယ်တဲ့ ခေတ်ပညာတတ် အမျိုးသမီးတစ်ယောက် ဖြစ်ပါတယ်။ Leah က လန်ဒန်ကနေ ဒိန်းမတ်ကို အလည်လာတဲ့အချိန်မှာ သူတို့နှစ်ဦးသား သံယောဇဥ်ဖြစ်သွားကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ရက်မှာတော့ Leah သည် ရုတ်တရက်ကြီးဆိုသလို အကြောဆွဲသလိုဖြစ်ကာ တက် ပါတော့တယ်။ သူ့ရဲ့ ကျန်းမာရေးအခြေအနေကြောင့်ပဲ Leah သည် လန်ဒန်က အိမ်ဆီ ပြန်လာခဲ့ပါတယ်။ Maja က စိတ်ပူပြီး သူ့နောက်လိုက်လာတဲ့အခါမှာတော့ Leah ရဲ့အမေ Chana နဲ့ တွေ့ဆုံပါတော့တယ်။ Chana သည် ဘာသာရေး အစွန်းရောက်တဲ့ ပုံစံမျိုးဖြစ်ပြီး အင်မတန်မှလည်း လျှို့ဝှက်တဲ့အမျိုးသမီး ဖြစ်ပါတယ်။ Chana သည် သူ့သမီးနဲ့ Maja နဲ့ အဆင်ပြေသွားမှာကိုလည်း မလိုလားပါဘူး။ သူတို့နှစ်ယောက်ကို မကွဲ ကွဲအောင် ဘယ်လိုတွေ ခွဲမလဲဆိုတာကိုတော့ ဇာတ်ကားထဲမှာ ကြည့်ကြည့်လိုက်ပါ။

Source: Shudder

(၃) M3GAN

Katie ဆိုတဲ့ ကလေးမလေးသည် ကားအက်ဆီးဒင့်ကြောင့် သူ(မ)ရဲ့ မိဘနှစ်ပါးကို ဆုံးရှုံးလိုက်ရကာ သူ(မ)ရဲ့ အဒေါ်ဖြစ်သူနဲ့ အတူတူ နေဖို့ အကြောင်းဖန်လာပါတော့တယ်။ သူ(မ)ရဲ့ အဒေါ်က စက်ရုပ်ကုမ္ပဏီတစ်ခုတွင် အလုပ်လုပ်နေပြီး သူ့တူမလေး မပျင်းရလေအောင်ဆိုပြီး သူ့တူမနဲ့ အသက်အရွယ်ရော၊ ခန္ဓာကိုယ် အရွယ်အစားချင်းပါ ဆင်တူတဲ့ စက်ရုပ်မလေးကို ဖန်တီးပေးလိုက်ပါတယ်။ ထိုစက်ရုပ်မလေးရဲ့ နာမည်ကတော့ Megan ဖြစ်ပါတယ်။ ထိုစက်ရုပ်မလေးရဲ့ တာဝန်ကတော့ Katie ကို စိတ်ပိုင်းဆိုင်ရာအရရော ရုပ်ပိုင်းဆိုင်ရာအရပါ ကာကွယ်ပေးရမယ့်တာဝန်ပဲဖြစ်ပါတယ်။

အစပိုင်းမှာတော့ Katie တစ်ယောက် တော်တော်ပျော်မြူးနေခဲ့ပါတယ်။ သူ့အဒေါ်ကလည်း သူ့တူမလေးသည် အက်ဆီးဒင့် ပြီးတဲ့နောက်မှာ ဒါသည် သူ(မ) ပထမဦးဆုံးအကြိမ် ပြုံးရယ်လာတာပဲဆိုပြီး ဝမ်းသာနေခဲ့ပါတယ်။ သို့သော် စက်ရုပ်မလေးသည် Katie ကို လိုသည်ထက်ပိုပြီး ကာကွယ်တဲ့နောက်မှာတော့ ခြောက်ခြားဖွယ်ရာ စက်ရုပ်တစ်ရုပ်အသွင် ဖြစ်သွားပါတယ်။ နောက်ဆုံးမှာတော့ Katie နှင့် သူ့ရဲ့ အဒေါ်တို့ ထိုစက်ရုပ်လက်ထဲကနေ လွတ်မြောက်ပါ့မလား။

Source: Universal Pictures

(၄) Infinity Pool

သီးခြား ကျွန်းစုလေးတစ်ခုပေါ်က အပန်းဖြေစခန်တစ်ခုမှာ James နဲ့ Em တို့ စုံတွဲသည် အနားယူရင်း တန်ဖိုးရှိတဲ့အချိန်ကို အတူတူ ကုန်ဆုံးနေကြတာပါ။ မမျှော်လင့်ဘဲနဲ့ Gabi ဆိုတဲ့ လူတစ်ယောက်နဲ့ တွေ့ဆုံတဲ့နောက်မှာတော့ Gabi က ကျွန်းပေါ်ရှိ ဒေသခံတွေရဲ့ ယဥ်ကျေးမှုကို သူနဲ့အတူတူ လိုက်လေ့လာဖို့ စတင်မြှူဆွယ်ပါတော့တယ်။ သို့သော် Gabi က ကောင်းတဲ့ ရည်ရွယ်ချက်နဲ့ ခေါ်တာတော့မဟုတ်ပါဘူး။ သူ့မှာ ဘယ်လို ရည်ရွယ်ချက်မျိုး ရှိသလဲဆိုတော့…

Source: NEON

(၅) Sick

ကမ္ဘာ့ ကပ်ရောဂါကြောင့် ကမ္ဘာကြီးပေါ်ရှိ လူအများသည် နေ့စဥ် ပြုလုပ်နေကြ လုပ်ငန်းဆောင်တာများကို ရပ်တန့်ပစ်လိုက်ရပါတယ်။ Parker နဲ့ သူ(မ)ရဲ့ သူငယ်ချင်း Miri တို့သည် မိသားစုပိုင် ရေကန်နားရှိ အိမ်လေးတစ်လုံးမှာ သူတို့နှစ်ယောက်တည်း ကွာရန်တင်း ဝင်ဖို့ အကြောင်းဖန်လာပါတော့တယ်။ သူတို့နှစ်ယောက်တည်း ထိုအိမ်ကြီးထဲမှာ နေထိုင်ကြပြီး အိမ်နီးချင်းတွေကလည်း မိုင်ပေါင်း မြောက်မြားစွာအကွာမှာ တည်ရှိတာပါ။ ဒါပေမဲ့ တစ်နေ့မှာတော့ သူတို့နှစ်ယောက်ကို လိုက်လံနှောင့်ယှက်နေသူတစ်ယောက် ပေါ်လာပါတော့တယ်။ သူတို့ အသက်ကို အန္တရာယ်ပေးနေတဲ့သူက ဘယ်သူများလဲ။

Source: Peacock

မကြောက် တတ်တဲ့ သတ္တိခဲ ကွီး တို့ ရော အခုဖော်ပြသွားတဲ့ ဇာတ်ကားများထဲက ဘယ်နှကားလောက်ကို ကြည့်ပြီးသွားကြပြီလဲ။

Source: Editorial.rottentomatoes

Featured Image: