ကွီးတို့ရေ လူကြီးသူမတွေနဲ့ ပညာရှင်တွေက စောစောအိပ်ပြီး စောစောထခြင်းက “လူကို ကျန်းမာ၊ ချမ်းသာပြီး ပညာရှိဖြစ်စေတယ်” လို့ ပြောကြပါတယ်။ ဒါကြောင့် မနက်စောစော အိပ်ရာထခြင်း က ကွီးတို့ရဲ့ ကျန်းမာရေး အပေါ်ဘယ်လိုသက်ရောက်စေလဲဆိုတာ လေ့လာကြည့်ရအောင်။

(၁) စိတ်ကို ကြည်လင်စေပါတယ်

မနက်စောစော အိပ်ယာထခြင်း

Photo : Psychology Today

လေ့လာမှုတွေအရ စောစောအိပ်ယာထလေ့ရှိသူတွေဟာ စောစောအိပ်ရာဝင်လေ့ ရှိပါတယ်။ အိပ်ချိန် ၇နာရီ သို့မဟုတ် နာရီ အပြည့်ရရှိပါတယ်။ ဒီအတွက် ကျန်းမာသန်စွမ်းတဲ့ ခန္ဓာကိုယ်နဲ့ စိတ်ပိုင်းဆိုင်ရာ ကို ပေးနိုင်တာကြောင့် မနက်စောစော အိပ်ရာထခြင်း က သူတွေဟာ စိတ်ဖိစီးမှုနည်းပြီး သူတို့ရဲ့ဘဝတွေမှာ အကောင်းမြင် နိုင်စွမ်း ပိုရှိနိုင်တယ်ဆိုတာ သိလွယ်ပါတယ်။

(၂) အင်အားပြည့်စေပါတယ်

early morning

Photo : LCARSC.Com.Net

ကွီးတို့အနေနဲ့ များများအနားယူမယ်ဆိုရင် ကိုယ်ရောစိတ်ပါကျန်းမာပြီး အလုပ်ပိုလုပ် နိုင်ပါတယ်။ စောစောထပြီး စောစောအိပ်ရာဝင်ခြင်းကို ပုံမှန်လုပ်မယ်ဆိုရင် ပိုမိုကောင်းမွန်တဲ့ အိပ်စက်မှုပုံစံကို ရရှိနိုင်ခြေပိုများပါတယ်။ ပြီးရင် တစ်နေ့တာလုံး တက်ကြွလန်းဆန်း အားအင်ပြည့်စေပြီး အလုပ်တွေကို မြန်မြန်ဆန်ဆန်ပြီးမြောက်အောင် ကူညီပေးနိုင်ပါတယ်။

(၃) ခန္ဓာကိုယ်ကျန်းမာရေးကို မြှင့်တင်ပေးပါတယ်

မနက်စောစော အိပ်ယာထခြင်း

Photo : Drugwatch

ပုံမှန်အိပ်စက်ခြင်းက ကွီးရဲ့ကျန်းမာရေးအတွက် အရေးကြီးပါတယ်။ တစ်ညတာလုံး အိပ်ရေး ဝဝအိပ်တာက သွေးပေါင်ချိန်ကျဖို့ ကူညီပေးရုံသာမက ကြွက်သားတွေကို ပြေလျော့စေပါတယ်။ အသက်ရှုနှေးဖို့နဲ့ ခန္ဓာကိုယ်အပူချိန်ကို ကျဆင်းစေပါတယ်။ တစ်ညလုံး အိပ်ရေးဝသော အခါ ပိုးဝင်ခြင်း ကို တိုက်ဖျက်ပေးတဲ့ သွေးဖြူဥလေး ပမာဏ အပေါ်အကျိုး သက်ရောက်စေပါတယ်။ ဒါက အိပ်စက်အနားယူ နေချိန်တွင် ကိုယ်ခံအားစနစ်က ပြန်လည်စတင်ခြင်း ဖြစ်ပါတယ်။

(၄) လေ့ကျင့်ခန်းလုပ်ဖို့ အချိန်ပိုရပါတယ်

မနက်စောစော အိပ်ယာထခြင်း

Photo : On The Table

ကွီးအနေနဲ့ တနေကုန် အလုပ်လုပ်ရတဲ့နေ့တွေမှာ ကိုယ်ရော စိတ်ပါ ပင်ပန်းနွမ်းနယ် သွားတဲ့အတွက် ဂျင်ဆော့တာ သို့မဟုတ် အပြင်ထွက် အပန်းဖြေလမ်းလျောက်တာမျိုး လုပ်ချင်ကြ ပါတယ်။ မနက်စောစော ထလုပ်မယ်လို့ စိတ်ထဲမှာ တေးမှတ်လေ့ရှိပါတယ်။ မနက်စောစော အိပ်ရာထခြင်း က ကွီးအတွက် ကိုယ်လက်လှုပ်ရှားမှု တစ်ခုခုလို့ဖို့ အချိန် လုံလုံ လောက်လောက် ရရှိပါတယ်။ ဒီလိုလုပ်တာက ကွီးကို တစ်နေ့တာအတွက် ခွန်အားဖြစ်စေမည့် ခန္ဓာကိုယ်နှင့် စိတ်ကို စတင်ဖို့ ကူညီပေးပါတယ်။

(၅) ဦးနှောက် စွမ်းဆောင်ရည်ကို တိုးတတ်စေပါတယ်

မနက်စောစော အိပ်ယာထခြင်း

Photo : Inc.Magazine

ကွီးရဲ့ ဦးနှောက်က မနက်ခင်းမှာ အနိုးကြားဆုံး အတက်ကြွဆုံး ဖြစ်နေပါတယ်။ ဒါကြောင့် မနက်စောစောမှာ အာရုံစူးစိုက်လုပ်နိုင်တဲ့အတွက် ကွီးရဲ့ ရည်မှန်းချက် အလုပ်တွေကို ပြီးမြောက် အောင်မြင်စေပါတယ်။ ဆုံးဖြတ်ချက်တွေကို မှန်မှန်ကန်ကန် ချမှတ်နိုင်တဲ့အတွက် အလုပ်အကျိုး သက်ရောက်မှု ကောင်းစေပါတယ်။

(၆) ကျန်းမာရေးနှင့်ညီညွတ်သော မနက်စာစားဖို့ အချိန်ပိုရပါတယ်

early morining

Photo : The Balance Blog

အိပ်ရာထနောက်ကျရင် ကွီးအနေနဲ့ မနက်စာစားဖို့ အချိန်မရှိတာ ဖြစ်တတ်ပါတယ်။ ဒါကြောင့် အသင့်စား အစာတွေနဲ့ ပြီးလိုက်ရတဲ့အတွက် ကျန်းမာရေးကို အထောက်အကူ မပြုပါဘူး။။ သုတေသနပြုချက်များအရ နောက်ကျအိပ်ရာထသူတွေဟာ စောစောထသူများထက် ကယ်လိုရီ (၂၄၈) ပိုမိုစားသုံးကြောင်း တွေ့ရှိခဲ့ပါတယ်။ အသီးအရွက်စားသုံးမှုက ထက်ဝက်သာရှိပြီးတော့ အသင့်စား အစာတွေက (၂) ဆပိုစားတာ တွေ့ရပါတယ်။ ဒါကြောင့် မနက်စောစော အိပ်ရာထခြင်း ကို ပုံမှန် ပြုလုပ်သူတွေက ကျန်းမာရေးနဲ့ ညီတဲ့ အစာစားဖို့ ပိုအခွင့်အရေး ရနိုင်ပြီး ရေရှည်ကျန်းမာရေး အတွက်များစွာ အထောက်အကူ ပြုပါတယ်။

(၇) အသားအရေကို ကျန်းမာစေပါတယ်

early morning

Photo : Sunday Edit

ကွီးအနေနဲ့ တစ်ညလုံး အနားယူအိပ်စက်ပြီးနောက် ကွီးရဲ့အသားအရေက နံနက်ခင်းတွင် အကောင်းဆုံးပုံစံ ဖြစ်နေတတ်ပါတယ်။ မနက်စောစောထ တဲ့သူတွေဟာ ပုံမှန်အိပ်စက်တဲ့အလေ့အထ ရှိတတ်တာကြောင့် အသားအရေ ပြန်လည်နုပျိုဖို့ သင့်တော်တဲ့ အချိန်ကို ကောင်းကောင်ရရှိပါတယ်။

အပေါ်က ပြောခဲ့အချက်တွေအရ မနက်စောစော အိပ်ရာထခြင်း က ကွီးတို့ရဲ့ ကျန်းမာရေး အတွက် အကျိုးကျေးဇူး အများကြီး ရစေတာ ထင်ရှားပါတယ်။ အစပိုင်းမှာတော့ မနက်စောစောထဖို့ ကွီးအတွက် ခက်ခဲကောင်း ခက်ခဲပါလိမ့်မယ်။ အိပ်ရာစောစောထနိုင်ဖို့ ဖြည်းဖြည်းချင်း စတင်ပါ။ အစပိုင်းမှာ ပုံမှန်ထက် ၁၅ မိနစ် ဒါမှမဟုတ် ၃၀မိနစ် ခန့်စောစော ထကြည့်ပါ။ ဒါကို ရက်အနည်းငယ် ကြာအောင် လုပ်ပြီးရင် အကျင့်ဖြစ်လာပါလိမ့်မယ်။ ကွီးတို့ သတ်မှတ်ထားတဲ့ ထချင်တဲ့ အချိန်ရောက်တဲ့အထိ ဒါကို ဖြည်းဖြည်းချင်းလုပ်ပါ။ အနားမှာ နိုးစက် နာရီလည်း မထားပါနဲ့။ နိုးစက်နာရီကြောင့် ကွီးရဲ့ အစီအစဉ်ကို နှောင့်နှေးစေတဲ့ အပြုအမူတွေ လုပ်မိ နိုင်ပါတယ်။ အိပ်ရာဝင်ခါနီး ကော်ဖီသောက်တာ၊ အစာစားတာ မလုပ်ပါနဲ့၊ မနက်မှာလုပ်မဲ့ လုပ်စရာ တစ်ခုခု သတ်မှတ်ထားပါ။ ကွီးအနေနဲ့ မှန်မှန်နဲ့ မပျက်မကွက် အချိန်ပေးလုပ်သွားမယ်ဆိုရင် မကကြာခင် မနက်စောစော အိပ်ရာထခြင်း အလေ့အကျင့်ကို ရမှာ ဖြစ်ပါတယ် အလေ့အကျင့်ရလာတာနဲ့ ကွီးကိုယ်တိုင် ကျန်းမာရေး အကျိုးကျေးဇူးကို ခံစားနိုင်ပါလိမ့်မယ်။

Source : Neurotracker

Featured Photo : Masala