Gym ကစားတဲ့အခါ မနက်ပိုင်း ကစားတာ ကောင်းတယ် ၊ ညနေပိုင်း ကစားတာ ကောင်းတယ် စသည်ဖြင့် ငြင်းခုန်နေကြ စမြဲပါ။ တကယ်တော့ လေ့ကျင့်ခန်း လုပ်ပြီဆိုတာနဲ့ မနက်ပိုင်းပဲ ဖြစ်ဖြစ် ၊ ညနေပိုင်းပဲ ဖြစ်ဖြစ် ကျန်းမာကြံ့ခိုင်ခြင်း အပါအဝင် ကောင်းမွန်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေ များစွာကို ကွီးတို့ ရရှိမှာကတော့ အသေအချာပါပဲ။ ဒီဆောင်းပါးမှာတော့ မနက်ပိုင်း လေ့ကျင့်ခန်း လုပ်တဲ့အခါမှာ ရရှိနိုင်မယ့် ကောင်းကျိုးတွေကို ပြောပြပေးချင်ပါတယ်။
(၁) ကယ်လိုရီ လောင်ကျွမ်းမှု ပိုများတယ်
Photo : MaybeYesNo | Best Reviews on Treadmills
မနက်ခင်း Gym ကစားတာက ကယ်လိုရီ လောင်ကျွမ်းမှုနှုန်းကို ပိုမိုအားကောင်းစေပြီး အဆီများများ လောင်ကျွမ်းစေ နိုင်ပါတယ်။ ဝိတ်ကျချင်တဲ့ သူတွေအနေနဲ့ မနက်ခင်းမှာ လေ့ကျင့်ခန်း ပြုလုပ်ခြင်းဖြင့် အချိန်တိုအတွင်း ထိထိရောက်ရောက် ဝိတ်ကျလာစေမှာ ဖြစ်ပါတယ်။
(၂) တစ်နေ့တာလုံး လန်းဆန်းတက်ကြွစေတယ်
Photo : Verywell Mind
မနက်ခင်း လေ့ကျင့်ခန်းလုပ်ခြင်းဟာ စွမ်းအင် ပမာဏကို မြင့်တက်စေပြီး တစ်နေ့တာလုံး တက်ကြွရွှင်လန်း စေပါတယ်။ စိတ်ရောကိုယ်ပါ တက်ကြွလန်းဆန်းစွာနဲ့ တစ်နေ့တာ လုပ်ငန်းဆောင်တာတွေကို အင်ပြည့်အားပြည့်နဲ့ လုပ်ကိုင်နိုင်မယ့်အပြင် စိတ်ဖိစီးမှုတွေကိုပါ ကောင်းစွာထိန်းချုပ် ကိုင်တွယ်နိုင်စေမှာပဲ ဖြစ်ပါတယ်။
(၃) အာရုံစူးစိုက်မှု ပိုကောင်းစေတယ်
Photo : NBC News
မနက်ခင်း Gym ပုံမှန် ကစားတာက ဦးနှောက်ရဲ့ လုပ်ဆောင်ချက်တွေကို ကောင်းမွန်စေပြီး မှတ်ဉာဏ်စွမ်းအားနဲ့ စဉ်းစားတွေးခေါ်ဖန်တီးနိုင်စွမ်းတွေ တိုးတက်စေပါတယ်။ ဒါ့အပြင် အာရုံစူးစိုက်မှုကို မြင့်တင်ပေးတာကြောင့် တစ်နေ့တာအတွင်း လုပ်ဆောင်ရမယ့် အလုပ်တွေ ၊ တာဝန်တွေအပေါ် အာရုံစူးစိုက်မှု အပြည့်နဲ့ Productive ဖြစ်ဖြစ် လုပ်ကိုင်နိုင်စေမှာ ဖြစ်ပါတယ်။
(၄) စိတ်ကြည်လင် လန်းဆန်းစေတယ်
Photo : Fitness Avenue
စိတ်ကြည်လင် လန်းဆန်းပြီး စိတ်ခံစားမှုတွေ ကောင်းမွန်ချင်တယ် ဆိုရင်တော့ မနက်ခင်းမှာ လေ့ကျင့်ခန်း လုပ်ခြင်းဖြင့် တစ်နေ့တာကို စတင်ဖို့ အကြံပြုချင်ပါတယ်။ လေ့ကျင့်ခန်း လုပ်နေစဉ်မှာ ဦးနှောက်ကနေ Endorphins လို့ခေါ်တဲ့ ပျော်ရွှင်မှု ဟော်မုန်းတွေကို ထုတ်ပေးတာကြောင့် စိတ်ခံစားမှုတွေကို ပိုကောင်းအောင် ကူညီပေးနိုင်ပါတယ်။
ကွီးတို့ရော မနက်ခင်းမှာ Gym ကစားရတာကို ကြိုက်နှစ်သက်ပါသလား ???
Source : Piedmont Healthcare
Featured Photo : Men’s Health