ဒီနေ့ည (၈)နာရီခွဲအချိန်မှာတော့ လန်ဒန်မြို့က ဝင်ဘာလေကွင်းမှာ မန်ချက်စတာမြို့ခံ နှစ်သင်းရဲ့ FA Cup Final ပွဲစဉ် ရှိနေပါတယ်။ FA Cup ပြိုင်ပွဲ သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ထိပ်တိုက် တွေ့ဆုံကြမယ့် မန်ချက်စတာ အသင်းရဲ့ ဒါဘီပွဲစဉ်ဟာ FA Cup ဖိုင်နယ်ဆိုတာထက် ပိုမိုပြီး အဓိပ္ပါယ်များစွာ ပါဝင်လို့နေပါတယ်။
Photo Credit : Daily Mail
ဒီရာသီမှာ မန်ချက်စတာ စီးတီးအသင်းက ဖလား (၃)လုံး လမ်းကြောင်းမှာ ရပ်တည်နေပြီး ပရီးမီးယားလိဂ်ဖလားကိုတော့ ရယူထားနိုင်ခဲ့ပါပြီ။ အင်္ဂလန် ကလပ်အသင်းတွေ treble အောင်မြင်မှုမျိုးကို မန်ယူနိုက်တက် တစ်သင်းတည်းကပဲ စွမ်းဆောင်ထားနိုင်တာဖြစ်ပြီး အခု စီးတီးကလည်း ယူနိုက်တက်နဲ့ အလားတူ အောင်မြင်မှုမျိုးကို လုပ်ဆောင်နိုင်ဖွယ် ရှိနေပါတယ်။ ဒါကို ယူနိုက်တက်ဘက်က တားဆီးနိုင်မယ့် အခွင့်အရေးလည်း ရှိနေပါတယ်။
Photo Credit : Sportsnet
စီးတီးအနေနဲ့ကလည်း သူတို့အသင်း အဓိက အလိုချင်ဆုံးဖြစ်တဲ့ ချန်ပီယံလိဂ်ဖလားဘက်ကို ပိုမို အာရုံရောက်နေနိုင်တယ် ဆိုပေမယ့်လည်း ချန်ပီယံလိဂ် မတိုင်ခင် FA Cup ကစားရမှာဖြစ်လို့ FA Cup ကိုသာ ရယူထားနိုင်မယ်ဆိုရင် treble အတွက်လည်း ပိုပြီး chance တွေ ရှိလာနိုင်သလို ဖလား (၂)လုံး သိမ်းပိုက်ထားနိုင်ပြီဖြစ်လို့ စိတ်ဓါတ်လည်း အတော်လေး တတ်ကြွနေနိုင်ပါတယ်။ ပြီးတော့ စီးတီးအသင်းရဲ့ ကစားသမားအင်အားက တောင့်တင်းလွန်းလို့ ဘယ်လို လူစာရင်းနဲ့ပဲ ယူနိုက်တက်ကို ရင်ဆိုင်ရင်ဆိုင် အဆင်ပြေနိုင်လောက်မယ့် အနေအထားမှာ ရှိနေပါတယ်။
Photo Credit : Sports Illustrated
တစ်ချက်ကြည့်ရမှာက ယူနိုက်တက်ပါ။ ပက်ပ်ဂတုံးနဲ့ တတိယအကြိမ် ရင်ဆိုင်မယ့် ဟက်ဂ်ဂတုံး ဘယ်လို ဗျူဟာတွေနဲ့ စီးတီးကို ချဉ်းကပ်သွားမလဲဆိုတာကို စောင့်ကြည့်သွားချင်ပါတယ်။ နောက်ပြီး ဒီနှစ်သင်းက ဒီရာသီ ပရီးမီးယားလိဂ်မှာ တစ်သင်းကို တစ်ကြိမ်စီ အနိုင်ရထားဆိုတော့ အခု တတိယအကြိမ် တွေ့ဆုံမှုက ဘယ်အသင်းက အနိုင်ပိုင်းသွားနိုင်မလဲဆိုတာကလည်း စိတ်ဝင်စားစရာပါ။ နောက်ပြီး ဒါက FA Cup သမိုင်းတစ်လျှောက် first ever Manchester Derby ပွဲမို့ ဒီလို သမိုင်းဝင် ပွဲမျိုးမှာ ဘယ်အသင်း ဗိုလ်စွဲနိုင်မလဲဆိုတာ…
Featured Photo : The Telegraph