မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အကယ်ဒမီထွက် အရည်အသွေးမြင့် လူငယ် တိုက်စစ်ကစားသမားလေး မေဆန် ဂရင်းဝုဒ် ကတော့ အခုဆိုရင် မန်ချက်စတာကနေ အပြီးတိုင် ထွက်ခွာသွားခဲ့ရပြီဖြစ်ပြီး ပြင်သစ်လီဂူးဝမ်းကလပ် မာဆေးလ်အသင်းဆီကို အပြီးသတ် ပြောင်းရွှေ့သွားခဲ့ပြပဲ ဖြစ်ပါတယ်။

greenwood case

Photo Credit: Bloomberg

ရော်ဘင် ဗန်ပါစီ လက်သစ်လေးလို့ တင်စားခံထားရသလို လူငယ်အသင်းကနေ စီနီယာအသင်းကြီးအတွက် ကစားပေးခွင့် ရရှိချိန်မှာလည်း အကောင်းဆုံး တောက်ပပေးနိုင်ခဲ့သူ ဂရင်းဝုဒ်ဟာ အနာဂတ်ကောင်းတွေ ပိုင်ဆိုင်ထားသည့်တိုင် မလုပ်သင့်တဲ့ အမှားတစ်ခုကနေပဲ သူရဲ့ ကစားသမားဘဝက အတော်လေး ထိခိုက်ပျက်ဆီးသွားခဲ့ရပါတယ်။ အတူနေ ချစ်သူမိန်းကလေးအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့ ကာလရှည်ကြာ အမှုရင်ဆိုင်ခဲ့ရတဲ့ ဂရင်းဝုဒ်ဟာ အမှုကနေ ကွင်းလုံးကျွတ် လွတ်မြောက်သွားချိန်မှာတောင် ယူနိုက်တက်အတွက် ကစားပေးခွင့် မရတော့ပဲ ဂီတာဖေးအသင်းဆီ တစ်ရာသီ အငှားချခဲ့ပါတယ်။

greenwood

Photo Credit: Goal

တစ်ကြိမ်တစ်ခါမှ မကျင်လည်ဖူးသေးတဲ့ နယ်မြေစိမ်းတစ်ခုဆီ ရောက်ရှိသွားချိန်မှာ ဂရင်းဝုဒ် အတွက် အဆင်မပြေမှုတွေက ဆီးကြိုနေပေမယ့်လည်း တဖြည်းဖြည်းချင်းနဲ့တော့ အသားကျလာခဲ့ပြီး နောက်ဆုံးမှာတော့ ဂီတာဖေးအသင်းရဲ့ တစ်ရာသီအတွင်း အကောင်းဆုံး ကစားသမားဆုကိုပါ ပိုင်ဆိုင်ရအောင် စွမ်းဆောင်ပြနိုင်ခဲ့ပါတယ်။ ဂီတာဖေးမှာ သူရဲ့ ကစားသမားဘဝကို ပြန်လည် တည်ဆောက်နိုင်ခဲ့တဲ့ ဂရင်းဝုဒ်ကို ကလပ်အသင်းများစွာကနေ စတင် စိတ်ဝင်စားလာခဲ့ပြီး နောက်ဆုံးတော့ မာဆေးလ်အသင်းက အရ ခေါ်ယူလိုက်နိုင်ခဲ့ပါတယ်။

greenwood and de zerbi

Photo Credit: Goal

မာဆေးလ်က ဂရင်းဝုဒ် အတွက် ပြောင်းရွှေ့ကြေး ယူရို (၂၅)သန်း အပိုဆုကြေး ယူရို (၅)သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး လာမယ့် အနာဂတ်မှာ အခြားအသင်းဆီ ထပ်မံ ပြောင်းရွှေ့ဖြစ်ခဲ့ရင် အဲ့ဒီပြောင်းရွှေ့ကြေးရဲ့ (၅၀)%ကို ယူနိုက်တက်ဆီ ပေးချေသွားမယ်ဆိုတဲ့ သဘောတူညီချက်နဲ့ပါ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ မာဆေးလ် ပရိသတ်တွေကလည်း ဂရင်းဝုဒ်ကို သောင်းသောင်းဖျဖျ ကြိုဆိုခဲ့သလို မာဆေးလ်ဘက်ကပါ ဂရင်းဝုဒ်ကို ကျောနံပါတ် (၁၀) ပေးခဲ့ပါသေးတယ်။ မန်ချက်စတာကနေ စပိန် မန်ချက်စတာကနေ ပြင်သစ်အထိ အပြီးတိုင် လွှင့်ထွက်သွားရတဲ့ ဂရင်းဝုဒ်တစ်ယောက် စပိန်မြေမှာ ပြသနိုင်ခဲ့တဲ့ ခြေစွမ်းမျိုးကို ပြင်သစ်မြေမှာလည်း ထပ်မံ ပြသနိုင်ဦးမလားဆိုတာ…

Featured Photo: Utd District