မန်ချက်စတာ စီးတီးအသင်းက ချိတ်ဆက်မှုတွေ ရှိနေတဲ့ ဘိုင်ယန် မြူးနစ် ကွင်းလယ်လူ ယာမယ် မူစီယာလာ ကို လာမယ့် နွေရာသီ အပြောင်းအရွေ့ကာလမှာ ဂျာမန်ဘီလူကြီးတွေက ရောင်းထုတ်သွားမှာ မဟုတ်ဘူးလို့ သိရပါတယ်။

Jamal Musiala

Photo : Goal.com

မန်စီးတီးအသင်းဟာ လာမယ့်နွေမှာ အသက် ၂၁ အရွယ် ကစားသမားကို ကမ်းလှမ်းဖို့ ပြင်ဆင်နေတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် အသင်းရဲ့ အားကစား ဒါရိုက်တာ ကတော့ ကွင်းလယ်ကစားသမားအတွက် ကမ်းလှမ်းမှု မှန်သမျှကို ပယ်ချသွားမှာဖြစ်ပြီး လာမယ့် ၂၀၂၆ ခုနှစ်မှာ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် ဂျာမန်သားကို စာချုပ်သက်တမ်း ထပ်တိုးချင်နေတယ်လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဒီရာသီ ဘိုင်ယန်မြူးနစ် ကွင်းလယ်မှာ ခြေစွမ်းပြနေတဲ့ လူငယ်ကစားသမားလေးဟာ ထိပ်သီးအသင်းကြီးတွေရဲ့ ပစ်မှတ်ကစားသမား ဖြစ်လာခဲ့သလို မူစီယာလာ ကိုယ်တိုင်ကလည်း ရာသီကုန်မှာ နည်းပြ သောမတ်စ် တူချယ်လ်နဲ့ လမ်းခွဲပြီးချိန် အနာဂတ် နည်းပြသစ် ဘယ်သူဖြစ်မဆိုတာကို အသင်းမှာ ဆက်ရှိနေပြီး စောင့်ကြည့်ချင်နေတာပဲ ဖြစ်ပါတယ်။

Jamal Musiala

Photo : Goal.com

ဘိုင်ယန်မြူးနစ် အသင်းဟာ ယခုသီတင်းပတ်အတွင်း အာဆင်နယ်ကို ၃-၂ ဂိုးနဲ့ အနိုင်ရရှိပြီး ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ကို တက်လှမ်းသွားနိုင်ခဲ့ပြီဖြစ်ပြီး ဥရောပမှာ ပြန်လည်တောက်ပတဲ့ ကလပ်အသင်းလာဖို့ ဟယ်ရီကိန်းလို ထိပ်တန်းကြယ်ပွင့် ကစားသမား ခေါ်ယူမှုနဲ့ ဂျာမန်လက်ရွေးစင် ကစားသမား မူစီယာလာ လို ခြေစွမ်းပြနေတဲ့ ကစားသမားတွေကို အသင်းမှာ ဆက်ထိန်းထားဖို့ လိုအပ်နေတာပဲ ဖြစ်ပါတယ်။

ဘိုင်ယန် မြူးနစ်အသင်းကတော့ ယခုလနှောင်းပိုင်းမှာ စပိန်ဘီလူးကြီး ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး အဲ့ဒီမတိုင်ခင်ဘွန်ဒက်စ်လီဂါမှာ ယူနီယံဘာလင်နဲ့ အိုင်းထရက်ခ်ဖရန့်ဖတ်တို့နဲ့ ယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။

Featured Photo : Goal.com