မန်ချက်စတာစီးတီး ကွင်းလယ်ကစားသမား ဂမ်ဒိုဂန် ဟာ အခုနွေရာသီမှာ သူရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး အသင်းနဲ့ ဆွေးနွေးသွားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က နောက်ဆုံးကစားခဲ့တဲ့ အက်စ်တွန်ဗီလာနဲ့ပွဲစဉ်မှာ ခြောက်မိနစ်အတွင်း ၂ ဂိုးသွင်းယူပေးခဲ့တဲ့ ဂျာမနီလက်ရွေးစင် ကစား သမားဟာ လက်ရှိမှာ သူ့ရဲ့ စာချုပ်သက်တမ်း နောက်ဆုံး ၁၂ လထဲကို ရောက်လာပြီ ဖြစ်ပါတယ်။

Photo : Sports Illustrated

မန်စီးတီးအသင်း အနေနဲ့ ဂမ်ဒိုဂန်ကို အသင်းကနေ ထွက်ခွာခွင့်ပြုထားတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပေမယ့် နည်းပြ ပက်ဂွာဒီယိုလာကတော့ ဒေါ့မွန်ကစားသမားဟောင်းကို အသင်းမှာ ဆက်ရှိနေစေချင်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဒါပေမယ့် မန်စီးတီးအသင်းဟာ ဒီနွေရာသီမှာ ဗဟိုကွင်းလယ်လူ ကစားသမားအသစ်တစ်ဦးကို ရှာဖွေနေတာဖြစ်ပြီး လိဒ်ကွင်းလယ်ကစား ကယ်လ်ဗင်ဖီးလစ်ကို ၎င်းတို့ရဲ့ နွေရာသီပစ်မှတ်စာရင်းမှာ ထည့်သွင်းထားတယ်လို့ သိရပါတယ်။

ဂမ်ဒိုဂန် ကတော့ ရာသီနောက်ဆုံးရက်သတ္တပတ်တွေမှာ အရန်ခုံမှာသာ ထိုင်ခဲ့ရတာကြောင့် အကျပ်ရိုက်စေခဲ့တယ်လို့ ဝန်ခံထားပါတယ်။

” သတ်မှတ်ချိန်အတွင်း ကျွန်တော်တို့ စိတ်ကူးတွေ ၊ အစီအစဉ်တွေ ဆွေးနွေးတိုင်ပင်ကြမယ် ၊ ပြီးရင် အဲ့ဒါက ဘာဆက်ဖြစ်လာမလဲ ဆိုတာကိုတော့ ကျွန်တော်တို့ စောင့်ကြည့်ရမှာပါ ၊ မေးခွန်းကတော့ ကျွန်တော် အသစ်တစ်ခုခု လုပ်ချင်တာရှိလား ဆိုတာပါပဲ ၊ ကျွန်တော် ကိုယ်တိုင် ဒီမေးခွန်းအတွက် အဖြေမရသေးပါဘူး ”

” ဘောလုံးရှု့ထောင့်အရဆိုရင် နည်းပြ ပက်ဂွာဒီယိုလာ လက်အောက်မှာ မန်စီးတီးထက် ပိုကောင်းတဲ့နေရာဆိုတာ မရှိနိုင်သလို လာမယ့်နှစ် အနည်းငယ်အတွင်း ပြောင်းလဲလာမှာ မဟုတ်ပါဘူး ” ဂမ်ဒိုဂန်က ပြောခဲ့ပါတယ်။

အသက် ၃၁ နှစ်အရွယ် ဂမ်ဒိုဂန်ဟာ ယခုနှစ်ရာသီမှာ မန်စီးတီးအသင်းရဲ့ ပရီးမီးယားလိဂ် ပွဲပေါင်း ၂၀ မှာ ပါဝင်ကစားခွင့်ရရှိထားပေမယ့် အရေးပါတဲ့ပွဲစဉ်တွေမှာတော့ သူ့ကို အရန်ခုံမှာသာ မြင်တွေ့နေရတာ ဖြစ်ပါတယ်။

ဂန်ဒိုဂမ်ဟာ ဗီလာကိုအနိုင်ရတဲ့ နောက်ဆုံးပွဲစဉ်မှာလည်း အရန်ခုံကနေဝင်ရောက် ကစားခဲ့ပြီး သွင်းဂိုး ၂ ဂိုး စွမ်းဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။

Photo : The Sun

” ဟုတ်ပါတယ် ပြီးခဲ့တဲ့လ အနည်းငယ်အတွင်းက အရေးကြီးတဲ့ ပွဲစဉ် ၁ ပွဲ ဒါမှမဟုတ်၂ ပွဲအတွင်းမှာ ကျွန်တော် အချိန်ကြာကြာ ကစားချင်ခဲ့တာ သေချာပါတယ်။ အဲဒါက လျှို့ဝှက်နေစရာ မလိုပါဘူး”

” ကျွန်တော်က အမြဲတမ်း ကစားချင်နေတဲ့ ကစားသမားပါ ၊ ကျွန်တော့်အတွက် စည်းချက်မိနေဖို့လည်း လိုပါတယ်၊ မဟုတ်ရင် အခက်တွေ့နိုင်ပါတယ်”လို့ ဂန်ဒိုဂမ်က ပြောကြားခဲ့ပါတယ်။

Featured Photo : TEAMtalk