အာဆင်နယ်နည်းပြ အာတီတာဟာ အသင်းဟောင်း မန်ချက်စတာစီးတီး အသင်းက နောက်ခံတောင်ပံကစားသမား ဇင်ချန်ကို ကို ယခုနွေရာသီမှာ ခေါ်ယူမယ့် စာရင်းထဲမှာ ထည့်သွင်းထားတယ်လို့ သိရပါတယ်။

Former Man city coach Arteta and Zinchenko

Photo: Metro

စပိန်လူမျိုးနည်းပြဟာ ထိပ်တန်းအဆင့် တိုက်စစ်မှူးတစ်ဦးကို ခေါ်ယူဖို့ နံပါတ် ၁ ဦးစားပေးအဖြစ် သတ်မှတ်ထားပြီး ဂါဘရီယယ်လ် ဂျေဆူးကို မြောက်လန်ဒန်ကို ခေါ်ယူချင်နေတာဖြစ်ပါတယ်။ မန်ချက်စတာစီးတီးအသင်းဟာ ဒေါ့မွန်အသင်းကနေ ဟာလန်းကို ပေါင် ၅၁ သန်းနဲ့ ခေါ်ယူနိုင်ခဲ့ပြီးဖြစ်တာကြောင့် အသင်းနဲ့ စာချုပ်သက်တမ်း ၁ နှစ်သာ ကျန်ရှိတော့တဲ့ ဘရာဇီးလ်တိုက်စစ်မှူးကို ရောင်းထုတ်ပြီး ငွေကြေး ရှာဖွေသွားဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။

အာဆင်နယ်အသင်းရဲ့ လူစာရင်းထဲက တခြားနေရာတွေကလည်း ဖြေရှင်းဖို့ လိုအပ်နေတာကြောင့် အာတီတာဟာ တိုက်စစ်မှူးအပြင် ကွင်းလယ်ဗဟိုနဲ့ ဘယ်နောက်ခံနေရာအတွက် အရန်ထားထားနိုင်မယ့် ကစားသမား ၁ ဦးကို ရှာဖွေနေတာဖြစ်ပါတယ်။ Daily Mail ရဲ့ ဖော်ပြချက်အရ အာတီတာဟာ ဇင်ချန်ကို ကို ခေါ်ယူပြီး ခဲတစ်လုံးတည်းနဲ့ ငှက် ၂ ကောင်ပစ်နိုင်တာ ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ သိရပြီး ယူကရိန်းလက်ရွေးစင်ကြယ်ပွင့်ဟာ ကွင်းလယ်ရော နောက်တန်းမှာပါ ကစားနိုင်စွမ်းရှိသူဖြစ်ပါတယ်။

Zinchenko puts his country’s flag on the Premier League trophy

Photo: Marca

ဇင်ချန်ကိုဟာ အစတုန်းက ကွင်းလယ်ဗဟိုကစားသမားအဖြစ် ခေါ်ယူခြင်းခံခဲ့ရတာဖြစ်ပေမယ့်လည်း ဂွါဒီယိုလာရဲ့ နည်းစနစ်ကြောင့် ဘယ်နောက်ခံတောင်ပံနေရာကို ပြောင်းလဲ ကစားခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အာတီတာက ဇင်ချန်ကိုရဲ့အကောင်းဆုံးနေရာက ကွင်းလယ်မှာဖြစ်တယ်လို့ ယုံကြည်နေပြီး လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့ ကြိုးပမ်းမှုအနေနဲ့ ယူကရိန်းကြယ်ပွင့်ကို နှစ်သက်ရာနေရာမှာ ကစားခွင့်ပေးမယ်ဆိုတဲ့ ကတိကဝတ်ပေးနိုင်ရင် ခေါ်ယူနိုင်ဖို့ ဆွဲဆောင်နိုင်လောက်မယ်လို့ မျှော်လင့်နေတာဖြစ်ပါတယ်။

Featured Photo: Metro