ဒီနေ့ည (၉)နာရီခွဲအချိန်မှာ ဘောလုံး ပရိသတ်တွေအားလုံး စောင့်မျှော်နေရတဲ့ ရာသီကြို စိန်ခေါ်ပွဲဖြစ်သော ကွန့်မြူနတီဒိုင်း ပွဲ့စဉ် ရှိနေပါတယ်။ ဒီပွဲစဉ်ကို ပရီးမီးယားလိဂ် နဲ့ အက်ဖ်ချန်ပီယံ မန်စီးတီး အသင်း နဲ့ ပရီးမီးယားလိဂ် အဆင့်(၂) အာဆင်နယ်အသင်းတို့ ယှဉ်ပြိုင်သွားကြမှာပဲ ဖြစ်ပါတယ်။

rice timber havertz

Photo Credit : Twitter

ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက ပြီးပြည့်စုံတဲ့ အောင်မြင်မှုတွေအဖြစ် Treble Champions ဖြစ်ခဲ့ရတဲ့ မန်စီးတီးအသင်းမှာ ဂွန်ဒိုဂန် နဲ့ မာရက်ဇ်တို့ကတော့ မရှိတော့ပါဘူး။ ဒါပေမယ့် စီးတီးက ယခင်ကတည်းက ကစားသမားအင်အား တောင့်တင်းလွန်းတဲ့ အသင်းဖြစ်နေတာမို့ ဒီကစားသမားတွေ ထွက်ခွာမှုက စီးတီးအသင်းအပေါ် ဘာမှ ဖြစ်သွားနိုင်စရာ မရှိပါဘူး။ အခုလည်း ကိုဗာဆစ် နဲ့ ဂဗာဒီယော်လ် ခရိုအေးရှား နှစ်ဦးကို ပြန်လည် ဖြည့်တင်းထားသလို အသင်းအနေအထားကလည်း ဆက်လက် တောင့်တင်းနေဆဲသာ ရှိနေပါတယ်။

kovacic gvardiol

Photo Credit : Zing News

အာဆင်နယ်ကတော့ အာတီတာလက်ထက်မှာ အထိုင်ကျလာခဲ့ရင်း အခု ဒက်ကလန်ရိုက် တင်းဘား နဲ့ ဟာဗက်ဇ်တို့ပါ ရောက်လာခြင်းက အသင်းကို ပိုပြီး အားကောင်းလာနိုင်ပါတယ်။ အသင်းကလည်း ချာကာ တစ်ဦးတည်းလောက်သာ လက်လွတ်ထားရတာမို့ ဘာမှ အားနည်းသွားစရာ မရှိနိုင်ပါဘူး။ ဒီလို ပြင်ဆင်မှုတွေနဲ့ မန်စီးတီးလို အသင်းမျိုးကို ယှဉ်ကစားနိုင်ပြီလားဆိုတာ ဒီပွဲမှာ မြင်တွေ့လာရနိုင်ပါတယ်။ ပြီးခဲ့တဲ့ ရာသီက တစ်ရာသီလုံးရဲ့ အချိန် အများစု စီးတီးရဲ့အထက်မှာ ရပ်တည်နိုင်ခဲ့တုန်းကထက် အားကောင်းမောင်းသန်တဲ့ အစုအဖွဲ့ကို ပိုင်ဆိုင်ထားနေသော အာဆင်နယ် အခုအချိန် စီးတီးကို ဘာလုပ်ပြနိုင်မလဲဆိုတာ စောင့်ကြည့်ချင်စရာပါ။

arsenal vs city

Photo Credit : Super Sport

ဒီနှစ်သင်းက ကွန်မြူနတီဒိုင်းမှာ (၂)ကြိမ်သာ တွေ့ဆုံခဲ့ဖူးပြီး အဲ့ဒီ (၂)ကြိမ်လုံးကို အာဆင်နယ်ကပဲ အနိုင်ရထားခဲ့ပါတယ်။ ကွန်မြူနတီဒိုင်းပြိုင်ပွဲရဲ့ နောက်ပိုင်းနှစ်တွေအတွင်းမှာလည်း လက်ရှိ ပရီးမီးယားလိဂ် ချန်ပီယံတွေက ကွန်မြူနတီဒိုင်းကို ဆွတ်ခူးတာ အကြိမ်ရေ ပိုနည်းပါးလာခဲ့ပါတယ်။ ဒါပေမယ့် အာတီတာရဲ့ အာဆင်နယ်က မန်စီးတီးကို ပြိုင်ပွဲစုံတွေမှာ အနိုင်မရတာ (၈)ပွဲဆက်တိုက်အထိတောင် ရှိနေပါပြီ။ ဒါကြောင့် ဒီပွဲမှာ ဘယ်အသင်း အသာရနိုင်မလဲဆိုတာ ပြောရခက်နိုင်ပြီး ပင်နယ်တီ အဆုံးအဖြတ်ထိ ရောက်သွားမလား ပွဲအတွင်းမှာပဲ အနိိုင်အရှုံး အဖြေပေါ်မလားဆိုတာ ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ စောင့်ကြည့်သွားရပါတော့မယ်။

Featured Photo : The Sun