လီဗာပူးလ် အသင်းနည်းပြ ယာဂန် ကလော့ပ် ဟာ ရာသီပိတ်နောက်ဆုံးပွဲစဉ်အဖြစ် မန်စီးတီးနဲ့ ယှဉ်ပြိုင်ကစားရမယ့် ပွဲစဉ်မတိုင်ခင် အက်စတန် ဗီလာ အသင်းနဲ့ အခြေအနေကြောင့် မပျော်မရွှင်ဖြစ်နေပါတယ်။

Aston Villa Boss Steven Gerrard

Photo: Standard.co.uk

ယာဂန် ကလော့ပ်က ၎င်းရဲ့အသင်းဟာ ယခုအပတ်မှာ ပရီးမီးယားလိဂ် သရဖူကို ဆောင်းနိုင်ဖို့ မဖြစ်နိုင်တော့ဘူးလို့ ဝန်ခံပြောကြားခဲ့ပြီး ဆုဖလားပြိုင်ဘက် မန်ချက်စတာစီးတီးအသင်းနဲ့ ရာသီနောက်ဆုံးပိတ်ပွဲစဉ်အဖြစ် ၂ ရက်သာ နားရက်ရပြီး ယှဉ်ပြိုင်ကစားရမယ့် အက်စတန် ဗီလာကြောင့် စိတ်ပျက်နေတာဖြစ်ပါတယ်။

စတီဗင် ဂျရတ်ရဲ့အသင်းဟာ တနင်္ဂနွေနေ့ညနေ အစ်တီဟတ်မှာ မန်စီးတီးကို အနိုင်မရအောင် တားဆီးပြီး လီဗာပူးလ်အသင်းရဲ့ ဒုတိယမြောက် ပရီးမီးယားလိဂ်ဖလားကို ရရှိဖို့အတွက် ကြီးမားတဲ့ အခွင့်အရေးကို ပေးနိုင်တဲ့အခြေအနေရှိနေတာဖြစ်ပါတယ်။

Pep Guardiola

Photo: ESPN

ကလော့ပ် ရဲ့အသင်းဟာ တနင်္ဂနွေနေ့မှာ ရာသီပိတ်ပွဲစဉ်အဖြစ် ဝုလ်ဗ်စ်အသင်းနဲ့ ရင်ဆိုင်ရမယ့်ပွဲစဉ်မှာ မဖြစ်မနေ အနိုင်ကစားသွားရမှာဖြစ်ပြီး မာဆေးဆိုဒ်အသင်းဟာ အက်စတန် ဗီလာက ဂွါဒီယိုလာရဲ့အသင်းကို စိတ်ပျက်အောင် လုပ်နိုင်ဖို့အတွက် မျှော်လင့်နေရမှာ ဖြစ်ပါတယ်။

အက်စတန် ဗီလာဟာ ရာသီနောက်ဆုံးပိတ်ပွဲစဉ်ကို ကြာသပတေးနေ့ညနေ ဗီလာပါ့ခ်မှာ ဘန်လေနဲ့ ယှဉ်ပြိုင်ကစားပြီးနောက်ပိုင်း နားရက် ၂ ရက် အနားရပြီး သွားရောက် ယှဉ်ပြိုင်သွားရမှာ ဖြစ်တာကြောင့် ရလဒ်အနေနဲ့ ကလော့ပ်က ယခုရာသီ ပရီးမီးယားလိဂ်ဖလားကို ရရှိနိုင်ဖို့ အခွင့်အရေးဟာ မရှိသလောက် နည်းပါးသွားပြီလို့ ဝန်ခံခဲ့တာဖြစ်ပါတယ်။

Featured Photo: BBC