လေ့ကျင့်ခန်း မှန်မှန်လုပ်မှ ခန္ဓာကိုယ်မှာ အဆီပိုတွေ ကင်းဝေးပြီး ဆော်ကြည်ဘဲတစ်ဗွေအဖြစ် ပျိုတိုင်းက ဝိုင်းကြိုက်ကြမှာပါ။ အဆီတွေ စုပုံနေတဲ့ စည်ပိုင်းခန္ဓာကိုယ်ကြီး ဖြစ်နေရင်တော့ ကျန်းမာရေးအတွက်လည်း မကောင်းသလို ပျိုမေလေးတွေကလည်း နှစ်သက်ကြမှာမဟုတ်ပါဘူး။ ဒါ့ကြောင့် လေ့ကျင့်ခန်း မှန်မှန် ပြုလုပ်ဖို့ လိုအပ်လာတာပါ။ တကယ်လို့သာ ကွီးတို့က အခုဖော်ပြပေးမယ့် လေ့ကျင့်ခန်းတွေကို မလုပ် ဖြစ်ဘူးဆိုရင်တော့ ကွီးတို့ရဲ့ စကီလေး နဲ့ ဝေးသထွက် ဝေးသွားမှာ အမှန်ပါပဲ။

ကိုယ် ကြိတ်ခရက်ရှ်နေတဲ့ စကီလေးနဲ့ အမြန်ဆုံး နီးစပ်ချင်ပြီး သက်ဆုံးတိုင် အတူတူ ပျော်ပျော်ရွှင်ရွှင် ပေါင်းဖက်ချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် လေ့ကျင့်ခန်းများကို ပြုလုပ်ရမှာပဲ ဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၁)

ဒီလေ့ကျင့်ခန်းကတော့ Flutter Kicks လို့ အမည်ရပါတယ်။ ကွီးတို့ရဲ့ ခန္ဓာကိုယ်ရှိ အဆီပိုများကို ဖယ်ရှားပေးပြီး ကြည့်ကောင်းလာအောင် ကူညီပေးမယ့် လေ့ကျင့်ခန်းတစ်ခုပဲ ဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၂)

လေ့ကျင့်ခန်း (၂)

Source: Menshealth

ဒီလေ့ကျင့်ခန်းကိုတော့ Standard Plank လို့ ခေါ်ပါတယ်။ သူကတော့ တံတောင်နှစ်ဖက်ကို ပုခုံးအောက်မှာ ထောက်ထားရမယ့် လေ့ကျင့်ခန်းပဲဖြစ်ပါတယ်။

Beginner သမားများအနေနဲ့ကတော့ အကြာကြီး Plank ထောက်နိုင်မှာမဟုတ်ပါဘူး။ စစချင်းမှာ စက္ကန့် ၃၀ လောက် Plank ထောက်ပါ။ ထို့နောက် စက္ကန့်အနည်းငယ်ကြာ အနားယူပြီး နောက်ထပ် စက္ကန့် ၃၀၊ ၂ ကြိမ်လောက် Plank ထောက်ပေးရမှာဖြစ်ပါတယ်။ ဒီနည်းဖြင့် တဖြည်းဖြည်း ကျွမ်းကျင်လာပါက အချိန် တိုးကာ Plank ထောက်ပေးနိုင်ပါတယ်။

လေ့ကျင့်ခန်း (၃)

မလုပ် စကီလေး

နောက်ထပ် လေ့ကျင့်ခန်းကတော့ Dumbbell Lateral Raise လေ့ကျင့်ခန်းပဲ ဖြစ်ပါတယ်။ အရင်ဦးဆုံး ခြေထောက်နှစ်ဖက်ကို အနည်းငယ် ချဲထားပါ။ လက်နှစ်ဖက်က အလေးတုံး နှစ်တုံးကို ကိုင်ထားပါ။ ထို့နောက် လက်နှစ်ဖက်ကို ဘေးသို့ ဆန့်ထုတ်လိုက်ပါ။ စုစုပေါင်း ၁၅ ကြိမ်၊ ၄ ကျော့ ပြုလုပ်ပါ။

လေ့ကျင့်ခန်း (၄)

မလုပ် စကီလေး

Source: Flab Fix

အရင်ဦးဆုံး ခြေထောက်နှစ်ဖက်ကို ကားထားပါ။ ထို့နောက် တင်ပါးကို နောက်ပစ်ပြီး Squat ထိုင်လိုက်ပါ။ ထို့နောက် အပေါ်သို့ ခုန်လိုက်ရပါမယ်။

ထိုအဆင့်များအတိုင်း ၁၅ ကြိမ်၊ ၃ ကျော့ ပြုလုပ်ပေးလိုက်ပါ။

လေ့ကျင့်ခန်း (၅)

မလုပ် စကီလေး

နောက်ဆုံးလေ့ကျင့်ခန်းတစ်မျိုးကတော့ Dips လေ့ကျင့်ခန်းပဲ ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်း ပြုလုပ်တဲ့အခါ ရင်အုပ်ကြွက်သားတစ်ခုလုံးထက်စာရင် ရင်အုပ်ကြွက်သားအောက်ပိုင်းကို အားပြုကာ လေ့ကျင့်ခန်း ပြုလုပ်သင့်ပါတယ်။ ဒါမှသာ ကွီးတို့ ရင်အုပ်ကြွက်သားက တောင့်တောင့်တင်းတင်းနဲ့ ကြည့်ကောင်းနေမှာပါ။

ဒီလေ့ကျင့်ခန်း (၅) မျိုးကို မလုပ် ဘဲ အပျင်းတစ်နေမယ်ဆိုရင်တော့ စကီလေး က တားတာ ဘိုင်းဘိုင်လို့ လက်ပြ နှုတ်ဆက်သွားပါလိမ့်မယ်။

Source: Menshealth

Featured Image: Freepik