လူတိုင်းက အချစ်နဲ့ မကင်းကြပါဘူး။ အချစ်ကြောင့် ပျော်ရွှင်ဖူးကြမယ်၊ ဝမ်းနည်းဖူးကြမယ်၊ ကြည်နူးဖူးကြမယ်၊ ကြေကွဲဖူးကြမယ်။ ဒီလို စိတ်ခံစားမှုမျိုးစုံပေးနိုင်တာ အချစ်ပါပဲ။ အချစ်နဲ့ ပတ်သတ်ပြီး ခံစားမှု အမျိုးမျိုးအကြောင်း ဖွဲ့သီထားတဲ့ သီချင်း တွေလည်း အများအပြားရှိနေပါတယ်။ ဒီနေ့မှာတော့ အချိန်တွေ အလီလီပြောင်းလဲ ဘယ်တော့မှ မဟောင်းတဲ့ ချစ်ခြင်းတေးသွားများ ကို ကွီးတို့ ပြန်လည်နားဆင်ခံစားနိုင်ဖို့  ဝေမျှပေးချင်ပါတယ်။

“Goodbye My lover” by James Blunt (2004)

Source : Daviss Martinez

ကွီးတို့ကို ပထမဆုံး ဖော်ပြပေးချင်တဲ့ “Goodbye My lover” သီချင်းလေးကတော့ James Blunt ရေးစပ်ထားသည့် သီချင်းဖြစ်ပြီး Back to Bedlam အယ်လ်ဘမ်မှာ ပါဝင်ခဲ့ပါတယ်။ ဒီသီချင်းက ၎င်းရဲ့ အကြီးမားဆုံး အောင်မြင်မှုထဲက တစ်ခုဆိုလည်း မမှားပါဘူး။ ဒီအချစ်သီချင်းလေးက တော်တော်ကို လှပပြီး James Blunt ရဲ့ အသံနဲ့ စန္ဒယားသံကို ပေါင်းစပ်လိုက်တဲ့အခါမှာ နှလုံးသားတွေကို ဖမ်းစားနိုင်တဲ့ သီချင်းလေးတစ်ပုဒ် ဖြစ်လာပါတော့တယ်။

“When You Say Nothing at All” by Alison Krauss (1995)

Source : Alison Krauss

ဒီသီချင်းလေးက ကမ္ဘာကျော် အဆိုတော်ကြီး Alison Krauss သီဆိုထားတဲ့ When You Say Nothing at All ဆိုတဲ့ ရိုးရှင်းတဲ့ အချစ်ကို ပုံဖော်ထားတဲ့ သီချင်းလေးပါပဲ။ ဒီသီချင်းရဲ့ သံစဉ်လေးကိုတော့ ကွီးတို့ စိမ်းမယ်မထင်ပါဘူး။ ၁၉၉၅ ခုနှစ်ကတည်းက ထွက်ရှိခဲ့ပေမယ့် အခုအချိန်ထိ နားထိုင်လို့ကောင်းတဲ့ သီချင်းလေးပါပဲ။

“Crazy Little Thing Called Love” by Queen (1980)

Source : Queen Official

လူတိုင်းက အချစ်ကြောင့် တစ်နည်းမဟုတ် တစ်နည်းတော့ ရူးသွပ်တတ်ကြပါတယ်။ ချစ်တတ်တဲ့ လူသားတွေပဲ မဟုတ်ပါလား။ ကွီးတို့ရော အချစ်ကြောင့် မိုက်ရူးရဲ့ဆန်တဲ့ အရာလေးတွေ၊ ရူးကြောင်ကြောင်နိုင်တဲ့ အရာလေးတွေ လုပ်ဖူးပါသလား။ ဒါဆိုရင် Queen ရဲ့ ဒီသီချင်းလေးနဲ့ တိုက်ဆိုင်နေမလားဆိုတာ နားဆင်ကြည့်လိုက် ရအောင်ဗျာ။

“I Want to Know What Love Is” by Foreigner (1984)

Source : RHINO

ဒီသီချင်းက  Foreigner ရဲ့ အကျော်ကြားဆုံး အချစ်သီချင်း တစ်ပုဒ်ဖြစ်ပြီး အချစ်နဲ့ ပတ်သတ်တဲ့ ခံစားချက်ရှိတဲ့ ကွီးတို့တော့ လုံးဝကို အကြိုက်တွေ့စေမယ့် သီချင်းတစ်ပုဒ်ပါပဲ။

“Come What May” by Ewan McGregor and Nicole Kidman (2001)

Source : Moviesclip

ဒီသီချင်းလေးကတော့ ၂၀၀၁ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ “Moulin Rouge!” ဇာတ်ကားမှာ ပါဝင်တဲ့ အချစ်သီချင်း သရုပ်ဖော်မှုပဲ ဖြစ်ပါတယ်။ ထင်ရှားတဲ့ အချစ်ကို သရုပ်ဖော်ထားတဲ့ သီချင်းလေးဖြစ်လို့ နားဆင်ခံစားကြည့်ပါဦး။

“It’s the Falling in Love” by Michael Jackson (1979)

Source : Michael Jackson

Michael Jackson သီချင်းတွေက အမြဲတမ်းကျွန်တော်တို့ ရင်ထဲကို ရောက်ခဲ့ရတယ် မဟုတ်ပါလား။ ဒီ အချစ်သီချင်းကောင်းလေးကို ရော ကွီးတို့နားထောင်ဖူးပါသလား။ မြူးကြွတဲ့ သံစဉ်နဲ့ စာသားတွေက အခုထက်ထိတောင် နားထောင်ကောင်းနေဆဲ သီချင်းတစ်ပုဒ်ပါပဲ။

အချိန်တွေ ပြောင်းပေမယ့် ဘယ်တော့မှ မဟောင်းတဲ့ ချစ်ခြင်းတေးသွားများ ကို ကွီးတို့အတွက် ဝေမျှပေးလိုက်ပါတယ်။ ခံစားချက်ခြင်း တိုက်ဆိုင်တဲ့ သီချင်းရှိရင်လည်း ဝေမျှပေးခဲ့ပါဦး။

Source : Insider

Featured Photo : Showbiz