ဘိုင်ယန်မြူးနစ် အသင်းရဲ့ နွေရာသီပစ်မှတ်အဖြစ် တိုက်စစ်မှူး ဆာဒီယို မာနေး ထွက်ပေါ်လာခြင်းအပေါ် လီဗာပူး ပရိသတ်တွေ ဒေါသထွက် ပေါက်ကွဲနေကြပါတယ်။

Photo : Sports Mole

ဘိုင်ယန်ရဲ့ အားကစား ဒါရိုက်တာ ဟာဆန် ဆာလီဟာမစ်ဇစ်ဟာ ပြီးတဲ့တဲ့ သောကြာနေ့က မာနေးရဲ့ ကိုယ်စားလှယ်တွေနဲ့ မေဂျာကာမှာ တွေ့ဆုံခဲ့ပြီး ဆီနီဂေါ လက်ရွေးစင် ကစားသမားရဲ့ အပြောင်းအရွေ့အတွက် အလားအလာရှိတဲ့ ဆွေးနွေးမှုတစ်ရပ် လုပ်ဆောင်ခဲ့တယ်လို့ ဂျာမနီ သတင်းအရင်းအမြစ်တွေမှာ ဖော်ပြထားပါတယ်။

မာနေး ဟာ ၂၀၁၆ ခုနှစ်က ဆောက်သမ်တန်အသင်းကနေ ရောက်လာခဲ့ပြီးနောက် နည်းပြ ယာဂင်ကလော့ပ်ရဲ့ လက်အောက်မှာ အသင်းအတွက်အရေးပါတဲ့ အဓိကနေရာကနေ ပါဝင်ခဲ့ပြီး လီဗာပူး အသင်းသားတွေနဲ့ ပရိသတ်တွေကိုပါ အံ့အားသင့်စေခဲ့တာ ဖြစ်ပါတယ်။

” မာနေးသာ ဘိုင်ယန်မြူးနစ်ကို ထွက်သွားရင် ကျွန်တော်တော့ အတော်လေးကို စိတ်ထိခိုက်နာကျင်ရမှာပါ ” လို့ ပရိသတ်တစ်ဦးက တနင်္လာနေ့မှာ သူရဲ့ တွစ်တာ လူမှုကွန်ယက်ပေါ်မှာ ရေးသားခဲ့ပါတယ်။ ပရိသတ်နောက်တစ်ဦးကလည်း ” မာနေးသာ ဘိုင်ယန်ကို ထွက်သွားရင် ကျွန်တော် ငိုမိမှာပါ ” လို့ ထပ်မံရေးသားခဲ့ပါတယ်။

တတိယမြောက် ပရိသတ်တစ်ယောက်ကလည်း ” ဒီလိုတော့ မလုပ်ပါနဲ့ကွာ ၊ မာနေးသာ ဘိုင်ယန်မြူးနစ်ကို သွားဖို့ ကြိုးစားမယ်ဆိုရင် သူရဲ့ ပြေးလမ်းပေါ်မှာ ကျွန်တော်ကိုယ်တိုင် ပိတ်ထားမှာပါ ၊ ဒီလိုမျိုးတော့ အဖြစ်ခံမှာ မဟုတ်ပါဘူး ” လို့ ရေးခဲ့ပါတယ်။

မာနေးဟာ လာမယ့်နွေရာသီ အပြောင်းအရွေ့ မှာ လီဗာပူးအသင်းနဲ့ စာချုပ်သက်တမ်း နောက်ဆုံးနှစ်ထဲ ရောက်ရှိလာတော့မှာဖြစ်ပြီး စာချုပ်သက်တမ်းတိုးဖို့နဲ့ ပတ်သတ်ပြီးလည်း ထူးထူးခြားခြား ဆွေးနွေးမှုတွေ မရှိသေးပါဘူး။ ဆာလက်ကလည်း အလားတူ အနေအထားမှာ ရှိနေပေမဲ့ လီဗာပူးကတော့ အီဂျစ်သားကို စာချုပ်သစ် ကမ်းလှမ်းဖို့ကို ပိုမို ကြိုးပမ်းဖွယ် ရှိနေပါတယ်။

Photo : Sports Illustrated

ဒါဟာ မာနေးအတွက် စိန်ခေါ်မှုအသစ်တစ်ခုခု ရှာဖွေဖို့ တွန်းအားဖြစ်လာနိုင်တယ်လို့ လီဗာပူးပရိသတ်တွေက အသင်းကို ပြစ်တင်ဝေဖန်နေကြပါတယ်။

မာနေး နဲ့ ဆာလက် တို့ဟာ လက်ရှိ လီဗာပူး အသင်းရဲ့ အဓိကအရေးပါတဲ့ ကစားသမားတွေ ဖြစ်ကြပြီး သူတို့နှစ်ဦးစလုံးက လာမယ့် ရာသီအစမှာ အသင်းနဲ့ စာချုပ် သက်တမ်း ၁၂ အောက်သာကျန်တော့တဲ့ ကစားသမားတွေပဲ ဖြစ်ပါတယ်။

” မာနေး နဲ့ ဆာလက် တို့နဲ့ စာချုပ်ညှိနှိုင်းမှုတွေ အမြန်ဆုံးပြေလည်အောင် လုပ်ဖို့ လိုပါတယ် ၊ သူတို့ထဲက တစ်ယောက်ယောက် ထွက်သွားတယ်ဆိုတဲ့ သတင်းကိုကြားရဖို့ ကျွန်တော် အဆင်သင့် မဖြစ်သေးပါဘူး” လို့ ပရိသတ်တစ်ဦးက တွစ်တာမှာ ရေးခဲ့ပါတယ်။

Featured Photo : Daily Mail