လူငယ်သဘာဝ ပျော်ပါးမှုကို ခုန်မင်ကြတာတော့ သဘာဝပါပဲ။ သို့သော် အပျော်ထဲမှာပဲ​ နစ်မြောပြီး ဘာမှမလုပ်ဘူးဆိုရင်တော့ ကွီးတို့ရဲ့ ကျန်းမာရေးကို ထိခိုက်မှာပဲဖြစ်ပါတယ်။ စားချင်တာတွေ တဝကြီး စား၊ လေ့ကျင့်ခန်း မလုပ်။ ဒါဆိုရင်တော့ ကွီးတို့ရဲ့ ကျန်းမာရေးသည် တဖြည်းဖြည်း ယိုယွင်းလာမှာပဲဖြစ်ပါတယ်။ ဒီလိုနဲ့ပဲ ရောဂါတွေ တစ်ခုပြီး တစ်ခုဝင်လာပြီး နောက်ဆုံးမှာတော့ လူ့လောကကြီးကို ကျောခိုင်းသွားရပါလိမ့်မယ်။ ဒီလိုမျိုး ငယ်ငယ်ရွယ်ရွယ်နဲ့ မာလကီး မယားချင်ဘူးဆိုရင်တော့ လေ့ကျင့်ခန်း များကို ပုံမှန် ပြုလုပ်သင့်ပါတယ်။

တစ်ရက်လျှင် ၂၄ နာရီရှိတဲ့အတွက် မိနစ် ၂၀၊ ၃၀ လောက်ကို လေ့ကျင့်ခန်း ပြုလုပ်ဖို့အတွက် အချိန်ပေးသင့်တယ် မဟုတ်လား။

အခုဖော်ပြသွားမယ့် လေ့ကျင့်ခန်းများကတော့ ကွီးတို့ကို ငယ်ငယ်လေးနဲ့ မာလကီး မယားဘဲ ကျန်းမာဖျတ်လတ်တဲ့ လူသားတစ်ယောက်ဖြစ်အောင် ကူညီပေးမယ့် အခြေခံ လေ့ကျင့်ခန်း များပဲဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၁)

exercise

ပထမဦးဆုံး လေ့ကျင့်ခန်းလေးကတော့ ကွီးတို့ရဲ့ ခြေထောက်ကြွက်သားများ၊ ဝမ်းဗိုက်ကြွက်သားနှင့် နောက်ကျော ကြွက်သားများအတွက် အထူးကောင်းမွန်စေပါတယ်။ အခုမှ လေ့ကျင့်ခန်း စလုပ်မယ့်သူတွေအနေနဲ့ကတော့ အကြိမ်ရေ နည်းနည်းနဲ့ အရင်စပါမယ်။ ပြီးမှ တဖြည်းဖြည်းချင်းစီ အကြိမ်ရေ တိုးလိုက်ပါ။

လေ့ကျင့်ခန်း (၂)

exercise

Lunges လေ့ကျင့်ခန်းများကတော့ ကွီးတို့ရဲ့ ပေါင်ကြွက်သားနှင့် ခြေသလုံး ကြွက်သားများအတွက် အထူးကောင်းမွန်စေပါတယ်။ လေ့ကျင့်ခန်း စလုပ်မယ့် Beginner သမားများကတော့ အလေးတုံး အလွတ်ဖြင့် လေ့ကျင့်ခန်း ပြုလုပ်ရမှာ ဖြစ်ပါတယ်။ အလေးတုံး တန်းကိုင်ကာ လေ့ကျင့်ခန်း ပြုလုပ်မယ်ဆို ခန္ဓာကိုယ်အနေအထားက လွဲသွားနိုင်ပါတယ်။

လေ့ကျင့်ခန်း (၃)

မာလကီး လေ့ကျင့်ခန်း

Plank လေ့ကျင့်ခန်းကတော့ ကွီးတို့ရဲ့ ခန္ဓာကိုယ် အလယ်ပိုင်းရှိ ကြွက်သားများ၊ နောက်ကျောကြွက်သားများနှင့် ပုခုံးကြွက်သားများအတွက် အထူးကောင်းမွန်စေပါတယ်။ အခုမှ လေ့ကျင့်ခန်း စလုပ်မယ့် Beginner သမားများကတော့ စက္ကန့် ၃၀ နဲ့ အရင်စလုပ်ကြည့်ပါ။ တဖြည်းဖြည်း ကျွမ်းကျင်လာပါက အချိန် တိုးမြှင့်ကာ ပြုလုပ်နိုင်ပါတယ်။

လေ့ကျင့်ခန်း (၄)

မာလကီး လေ့ကျင့်ခန်း

အမျိုးသားတိုင်း ပြုလုပ်သင့်တဲ့ လေ့ကျင့်ခန်းများထဲတွင် Push-Ups လေ့ကျင့်ခန်းသည်လည်း တစ်ခုအပါအဝင်ပါပဲ။ ဒီလေ့ကျင့်ခန်းကို ပြုလုပ်ခြင်းအားဖြင့် ကွီးတို့သည် အမောခံနိုင်ကာ သက်လုံကောင်းမယ့်အပြင် ရင်အုပ်ကြွက်သား၊ လက်မောင်းကြွက်သားနှင့် ပုခုံးကြွက်သားများ ကျစ်လျစ်သန်မာလာအောင်လည်း ကူညီပေးနိုင်ပါတယ်။

လေ့ကျင့်ခန်း (၅)

မာလကီး လေ့ကျင့်ခန်း

နေ့စဥ် ပြုလုပ်သင့်တဲ့ နောက်ထပ်လေ့ကျင့်ခန်းလေးကတော့ Pull-Ups လေ့ကျင့်ခန်းပဲဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းကတော့ ကွီးတို့ရဲ့ လက်မောင်းကြွက်သား၊ ပုခုံးကြွက်သား၊ လက်ကောက်ဝတ်နှင့် အခြားခန္ဓာကိုယ် အစိတ်အပိုင်းများကို ပိုမိုသန်မာလာအောင် ကူညီပေးမှာပဲဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၆)

မာလကီး လေ့ကျင့်ခန်း

Shoulder Presses လေ့ကျင့်ခန်းကို ပြုလုပ်တဲ့အခါမှာလည်း Beginner သမားများအနေနဲ့ သတိထားသင့်ပါတယ်။ အလေးတုံး အသေးဆုံးကနေ စရမှာဖြစ်ပါတယ်။ ငါ မ, နိုင်ပါတယ်ဆိုပြီး အလေးတုံးအကြီးကို ကောက်မပြီး လေ့ကျင့်ခန်း ပြုလုပ်တဲ့အခါ ခန္ဓာကိုယ် အနေအထား မှားသွားပြီး ခန္ဓာကိုယ်က နာကျင်ကိုက်ခဲတာမျိုးကို ခံစားရမှာပဲ ဖြစ်ပါတယ်။

ကွီးတို့ရော အသက်ရှည်ရှည် ကျန်းကျန်းမာမာနဲ့ အနာရောဂါကင်းဝေးစွာ နေထိုင်ဖို့အတွက် လေ့ကျင့်ခန်းတွေ စလုပ်နေပြီလား။

Source: Healthy

Featured Image: Freepik