မိသားစု ဆိုတာ စကားလုံး ၃ လုံးတည်းနဲ့ ဖွဲ့စည်းထားပေမယ့် အနှစ်သာရအင်မတန် ပြည့်ဝပါတယ်။ ကျွန်တော်တို့ အားလုံး မိသားစုဆိုတဲ့ အမိုးအကာလေးအောက်မှာ ကလေးဘဝကစပြီး အသက်တွေ ကြီးပြင်းလာတဲ့အထိ အမှတ်တရတွေ ၊ ပျော်ရွှင်ကြည်နူးစရာတွေ ၊ လွမ်းမောစရာတွေ အများကြီး ရှိကြမှာပါ။ ကျွန်တော်တို့ ဘယ်လိုအချိန်ဖြစ်ဖြစ် ၊ ဘယ်လို အခြေအနေမျိုးမှာပဲဖြစ်ဖြစ် အတူတူ ရပ်တည်ပေးနိုင်တာကလည်း မိသားစုကလွဲပြီး မရှိနိုင်ဘူး မဟုတ်ပါလား။ ဒါကြောင့်ပဲ ကျွန်တော်တို့အားလုံးအတွက် အဖိုးတန်လှတဲ့ မိသားစုအပေါ် တန်ဖိုးထားဖို့ ၊ ချစ်မြတ်နိုးဖို့ ၊ အချိန်ပေးဖို့ အကြံပေးချင်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ မိသားစု ရဲ့ အနှစ်သာရ ကို ပေါ်လွင်စေတဲ့ ဟက်အထိရဆုံး သီချင်းလေးတွေ ကို တင်ဆက်ပေးချင်ပါတယ်။

(၁) Dance With My Father – Luther Vandross

Source : Luther Vandross

ဒီသီချင်းလေးကတော့ Luther Vandross ရဲ့အကောင်းဆုံး ဖန်တီးမှုလက်ရာတွေထဲက တစ်ခုပါ။ ဒီသီချင်းလေးမှာ အဖေက သူ့အတွက် ဒိုင်းကာ ၊ အမေက သူ့အတွက် နားထောင်ပေးသူ အဖြစ် ပုံဖော်ဖွဲ့ဆိုထားတာပါ။ စည်းလုံးညီညွတ်တဲ့ မိသားစု ချစ်ခြင်းမေတ္တာ အကြောင်းကို ကြည်နူးဖွယ် ရေးစပ်ထားတဲ့ သီချင်းကောင်းလေးတစ်ပုဒ် ဖြစ်ပါတယ်။

(၂) Father and Daughter – Paul Simon

Source : Paul Simon

ဒီသီချင်းလေးကတော့ Paul Simon ရဲ့ Folk-Rock သီချင်းကောင်းလေးပါ။ အဖေနဲ့ သမီးကြားက ချစ်ခြင်းမေတ္တာအကြောင်းကို ဖော်ညွှန်းဖွဲ့ဆိုထားပါတယ်။ တကယ်ကိုပဲ လှပတဲ့ သီချင်းကောင်းလေး တစ်ပုဒ်ဖြစ်ပါတယ်။

(၃) Wouldn’t Mama Be Proud – Elliott Smith

Source : Elliott Smith

Wouldn’t Mama Be Proud သီချင်းလေးကတော့ မိခင်ဖြစ်သူကို ရည်ညွှန်းဖွဲ့ဆိုထားတဲ့ သီချင်းလေး ဖြစ်ပါတယ်။ သီးခြားဂြိုလ်နှစ်ခုပေါ်မှာ ရှိနေတဲ့ လူနှစ်ယောက်ရဲ့ စကားပြောဆိုနေပုံလေးတွေကို ပေါ်လွင်အောင် ဖွဲ့ဆိုထားပါတယ်။ ဒီသီချင်းလေးက မိသားစုဟာ ကျွန်တော်တို့ဘဝအတွက် ဘယ်လောက်အရေးကြီးတယ်ဆိုတာ ပြောပြနေတဲ့ သီချင်းကောင်းလေး ဖြစ်ပါတယ်။

(၄) Wild Horses – The Rolling Stones

Source : The Rolling Stones

ဒီသီချင်းကတော့ Keith Richards က သားဖြစ်သူအတွက် ရေးစပ်ပေးထားတဲ့ သီချင်းတစ်ပုဒ် ဖြစ်ပါတယ်။ အဖေနဲ့သားဖြစ်သူကြားက လှပတဲ့ ဆက်ဆံရေးကို စကားလုံးလှလှလေးတွေ သုံးပြီး ရေးဖွဲ့သီဆိုထားတဲ့ သီချင်းကောင်းလေး တစ်ပုဒ်ပါ။

(၅) My Father’s Eye – Eric Clapton

Source : Eric Clapton

Eric Clapton က ငယ်ငယ်ကတည်းက မိဘတွေနဲ့အတူမနေခဲ့ရပဲ အဘိုးအဘွားတွေနဲ့သာ ကြီးပြင်းလာခဲ့ရသူပါ။ အဘိုးအဘွားတွေကိုပင် သူ့ရဲ့အဖေနဲ့အမေလို့ ထင်ခဲ့ဖူးတယ်လို့ ပြောပါတယ်။ ဒါပေမယ့် အသက်ကြီးလာတာနဲ့အမျှ မိသားစု အဖေအမေအရင်းတွေ ရှိတယ်ဆိုတာကို သိလာခဲ့ပြီး တွေ့ချင်နေခဲ့သူပါ။ ဒီသီချင်းလေးက တခါမှ မဆုံဖူးတဲ့ သူ့ရဲ့အဖေအကြောင်းကို ရေးဖွဲ့ထားတာ ဖြစ်ပါတယ်။

(၆) Cleanin Out My Closet – Eminem

Source : Eminem

ဒီသီချင်းကတော့ Eminem က သူ့အမေအတွက် တောင်းပန်တဲ့အနေနဲ့ ရေးစပ်ဖွဲ့ဆိုခဲ့တဲ့ သီချင်းလေးပါ။ သူရဲ့ငယ်စဉ် ကလေးဘဝအကြောင်းကိုလည်း ပြောပြထားပြီး အဖေဖြစ်သူရဲ့ ဆိုးသွမ်းမှုတွေကိုလည်း နာနာကျင်ကျင် ထည့်ဆိုထားပါတယ်။ ငယ်ဘဝရဲ့ အိပ်မက်ဆိုးတွေ ၊ နာကျင်စရာတွေကို Rap စာသားကြမ်းကြမ်းတွေနဲ့ သီဆိုထားတဲ့ မိသားစု အကြောင်း အကောင်းဆုံး သီချင်းတစ်ပုဒ် ဖြစ်ပါတယ်။

(၇) Dear Mama – Tupac Shakur

Source : 2Pac

ဒီသီချင်းကတော့ 2Pac က သူ့ရဲ့ မိခင်အတွက် ဖွဲ့ဆိုထားတဲ့ သီချင်းလေးတစ်ပုဒ် ဖြစ်ပါတယ်။ Single Mother ဘဝနဲ့ မိသားစု ကို အခက်အခဲတွေကြားက ရုန်းကန်ကျော်ဖြတ်ပြီး ပြုစုပျိုးထောင်ပေးခဲ့တဲ့ အမေဖြစ်သူကို ဂုဏ်ပြုတဲ့အနေနဲ့ သီဆိုထားတာ ဖြစ်ပါတယ်။

Featured Photo : MP3jam