အရွယ်ရောက်ပြီးတဲ့ သူတော်တော်များများအတွက် လိင်မှုကိစ္စ က သဘာဝပါပဲ။ သာယာကြည်နူးဖွယ် အတွေ့အကြုံနဲ့ စိတ်လှုပ်ရှားပျော်ရွှင်မှုကို ပေးစွမ်းနိုင်တဲ့ လိင်မှုကိစ္စကို စူးစမ်းချင်ကြတာ မဆန်းပါဘူး။ သို့သော်လည်း လိင်မှုကိစ္စကို မဆင်ခြင် လိုက်စားပျော်ပါးလို့တော့ မရပါဘူး။ လိင်မှုကိစ္စကို မဆင်မခြင်လိုက်စားမိရင် မလိုလားအပ်တဲ့ ပြဿနာတွေနဲ့ ပြင်ဆင်လို့မရတဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေ အများကြီး ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒီပြဿနာတွေကို အထိုက်အလျောက် ကာကွယ်ပြီးသားဖြစ်အောင် အကာအကွယ် (ကွန်ဒုံး) အသုံးပြုရပါမယ်။ ဒီဆောင်းပါးလေးမှာတော့ ကွီးတို့အတွက် မိုင်ကုန်ကဲပြီး ကွိုင် မတက်စေဖို့နဲ့ ကွန်ဒုံး အသုံးပြုခြင်းကြောင့် ဘယ်လို အကျိုးတွေပါ ရစေနိုင်လဲဆိုတာ ဝေမျှပေးချင်ပါတယ်။

လိင်မှတဆင့် ကူးစက်တတ်သော ရောဂါများကို ကာကွယ်ပေးပါတယ်

မိုင်ကုန်ကဲပြီး ကွိုင်

Photo : ReachOut Australia

လိင်ဆက်ဆံရာမှာ အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်းက လိင်မှတဆင့် ကူးစက်တတ်သော (STDs) ရောဂါများ ကူးစက်ဖို့ အလွန်ဖြစ်နိုင်ခြေ များပါတယ်။ လိင်မှတစ်ဆင့် ကူးစက်တတ်သော (STDs) ရောဂါများက ကွန်ဒုံးမပါဘဲ လိင်အင်္ဂါနဲ့ လိင်ဆက်ဆံခြင်း၊ ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်း၊ စအိုနဲ့ လိင်ဆက်ဆံခြင်းတို့ကြောင့် အလွယ်တကူ ကူးစက်နိုင်ပါတယ်။ ကွန်ဒုံး အသုံးပြုပြီး လိင်ဆက်ဆံခြင်းက ဒီရောဂါများကို အထိုက်အလျောက် ကာကွယ်ပြီးသား ဖြစ်စေပါတယ်။

ကိုယ်ဝန်ရရှိခြင်းမှ ကာကွယ်နိုင်ပါတယ်

မိုင်ကုန်ကဲပြီး ကွိုင်

Photo : Unplanned Pregnancy

ကွန်ဒုံးအသုံးပြုခြင်းက မလိုလားအပ်တဲ့ ကိုယ်ဝန်ရရှိခြင်းကို ကာကွယ်နိုင်တယ်ဆိုတာ တော်တော်များများ သိပြီးသား ဖြစ်မှာပါ။ သို့သော်လည်း တစ်ခါတစ်ရံမှာ ငယ်ရွယ်သူတော်တော်များများက လိင်ဆက်ဆံမှုမှာ အကာအကွယ် (ကွန်ဒုံး) ကို အသုံးမပြုချင်ကြပါဘူး။ ဒါဟာ တကယ်ကို ကြီးမားတဲ့ အန္တရာယ်ပါပဲ။ အပေါ်မှာ ဖော်ပြခဲ့တဲ့ မလိုလားအပ်တဲ့ ကျန်းမာရေး ပြဿနာများအပြင် ကိုယ်ဝန်ပါ ရရှိနိုင်ပါတယ်။ ဒါကြောင့် လိင်ဆက်ဆံသည့်အခါတိုင်း ကွန်ဒုံးအသုံးပြုဖို့ အလေးထားပါ။

ဘေးထွက်ဆိုးကျိုးမရှိပါ

မိုင်ကုန်ကဲပြီး ကွိုင်

Photo : Tel-Jeunes

ကွန်ဒုံး အသုံးပြုခြင်းက ဘေးထွက်ဆိုးကျိုး မရှိပါဘူးလို့ ပညာရှင်များက ဆိုပါတယ်။ သို့သော်လည်း ကွန်ဒုံး အသုံးပြုရာမှာ သက်တမ်းကုန်ဆုံးနေခြင်း၊ ကွန်ဒုံးများ ပေါက်ပြဲနေခြင်း ရှိမရှိ သေချာ စစ်ဆေးပါ။ အကယ်၍ စေးကပ်နေသော သို့မဟုတ် အရောင်ပြယ်နေသော အထုပ်ထဲမှ ကွန်ဒုံးကို လုံးဝအသုံးမပြုပါနဲ့။ အရည်အသွေးပြည့်မှီသော ကွန်ဒုံးများကို အသုံးပြုပါ။ ကွန်ဒုံး အသုံးပြုနည်း မှန်ကန်ဖို့လည်း လိုအပ်ပါတယ်။

လိင်ပိုင်းဆိုင်ရာ သာယာမှုကို တိုးစေပါတယ်

Photo : The Sun

လူတော်တော်များများက ကွန်ဒုံးနဲ့ လိင်ဆက်ဆံခြင်းက အလွှာခြားနေပြီး နှစ်ဦးနှစ်ဖက်လုံးအတွက် သာယာမှု အပြည့်အဝ မရနိုင်ဘူးလို့ ထင်မှတ်ကြပါတယ်။ ဒါကတကယ်တော့ မမှန်ပါဘူး။ ကွန်ဒုံးအသုံးပြုခြင်းက လိင်ပိုင်းဆိုင်ရာ သာယာမှုကို ပိုတိုးစေတယ်လို့ ဆိုပါတယ်။ ကွန်ဒုံးအမျိုးအစားများနဲ့ ရနိုင်သောရွေးချယ်မှုများက ပျော်ရွှင်မှုနဲ့ ခံစားချက်ကို အမှန်တကယ် မြှင့်တင်ပေးနိုင်စွမ်း ရှိတယ်လို့ ဆိုပါတယ်။

ကြာကြာချစ်နိုင်ပါတယ်

Photo : Mindvally Blog

ကွန်ဒုံးသုံးရခြင်းရဲ့ အကောင်းဆုံး အကြောင်းရင်းတစ်ခုမှာ လိင်ဆက်ဆံခြင်း တာရှည်ခံမှုပဲ ဖြစ်ပါတယ်။ သုတ်လွှတ်မြန်သော အမျိုးသားများနဲ့ ၎င်းတို့ရဲ့ ဆက်ဆံဖော်အတွက် ကွန်ဒုံးအသုံးပြုခြင်းက လိင်ဆက်ဆံမှုကို ပိုမိုကြာရှည်စေပြီး သာယာကျေနပ်မှုကို ပိုမိုရရှိစေတယ်လို့ ဆိုပါတယ်။

ကဲ ကွီးတို့ရေ မိုင်ကုန်ကဲပြီး ကွိုင် မတက်စေဖို့ ဦးထုတ်ဆောင်းဖို့တော့ မမေ့နဲ့ဗျာ။

Source : Healthline

Featured Photo : Health