လီယွန်နယ် မက်ဆီ ကတော့ သူရဲ့ အလန်းစား အမိုက်စား ဖရီးကစ် ကန်သွင်းချက်နဲ့ အင်တာ မိုင်ယာမီ အသင်းကို ထပ်မံ ကယ်တင်ပေးလိုက်ပြန်ပါတယ်။ မက်ဆီရဲ့ ကယ်တင်မှုနဲ့ပဲ မိုင်ယာမီအသင်းက အခုဆိုရင် လိဂ်ဖလား ရှုံးထွက်ပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်အဆင့်ထိ တက်လှမ်းခဲ့ရပြီး ရေပန်းစားနေသလို ဗိုလ်စွဲဖို့ကလည်း တဖြည်းဖြည်း နီးစပ်လာခဲ့ရပါတယ်။

messi 10

Photo Credit : Twitter

မက်ဆီက မိုင်ယာမီ အသင်းအတွက် စတင် ပါဝင် ကစားရချိန်မှာကတည်းက အသင်းရဲ့ တစ်ဂိုးစီ သရေကျနေချိန်မှာ ဖရီးကစ် သွင်းဂိုးနဲ့ အသင်းကို ကယ်တင်ရင်း နိုင်ပွဲဖော်ဆောင်ပေးခဲ့တာ အားလုံးလည်း သိကြမယ် ထင်ပါတယ်။ နောက်ပိုင်းပွဲတွေမှာလည်း မက်ဆီက တစ်ပွဲ (၂)ဂိုးနှုန်း ဆက်တိုက် သွင်းယူပြီး မိုင်ယာမီကို နိုင်ပွဲတွေ တောက်လျှောက် ရရှိအောင် စွမ်းဆောင်ပေးခဲ့ပါတယ်။ အခုလည်း ဒါးလက်စ်နဲ့ပွဲမှာ ပြိုင်ဘက်အသင်းရဲ့ ဦးဆောင်မှု ခံရချိန်ကနေ မက်ဆီ ရဲ့ ကယ်တင်မှုနဲ့ ပြန်လာနိုင်ခဲ့ပြီး နောက်တစ်ဆင့်ပါ တက်လှမ်းခဲ့ရပါတယ်။

messi alba

Photo Credit : Dallas Morning News

မက်ဆီက သူရဲ့အသင်းဖော်ဟောင်း ယော်ဒီ အယ်လ်ဘာရဲ့ ပေးပို့မှုကနေ မိုင်ယာမီ အတွက် ဦးဆောင်ပေးခဲ့ပေမယ့် ဒါးလက်စ်က (၃)ဂိုးထိ ပြန်လည် ဦးဆောင်ခဲ့ရာ မက်ဆီ-အယ်လ်ဘာရဲ့အချိတ်အဆက်ကနေ ခရီးမက်စ်ကီးက ချေပဂိုး သွင်းခဲ့ပေမယ့် တိုင်လာက ကိုယ့်ကိုကိုယ် ပြန်သွင်းယူမိရာကနေ (4-3) ထိ ဖြစ်သွားရပြန်ပါတယ်။ ဒီအချိန်မှာ မက်ဆီ က ဖရီးကစ် ကန်သွင်းခွင့် ရရှိလာခဲ့ပြီး ဖရီးကစ်ကနေ အဖိုးတန် ချေပဂိုးကို လှလှပပ သွင်းယူခဲ့ပြန်ပါတယ်။

messi inter miami

Photo Credit : Twitter

တစ်ဖက်ကို (၄)ဂိုးစီ သရေကျနေချိန်မှာတော့ အနိုင်အရှုံး အဖြေထွက်ဖို့အတွက် ပင်နယ်တီ အဆုံးအဖြတ် ခံယူဖို့ လိုအပ်လာခဲ့တာကြောင့် ပင်နယ်တီ ကန်သွင်းခဲ့ရာ ပင်နယ်တီမှာ (3-5) နဲ့ မက်ဆီတို့ရဲ့ မိုင်ယာမီ က အနိုင်ရသွားခဲ့ပြီး ကွာတားဖိုင်နယ်ဆီ တက်လှမ်းနိုင်ခဲ့ရပါတယ်။ မက်ဆီ ကတော့ အခုဆိုရင် မိုင်ယာမီအသင်းအတွက် (၄)ပွဲ ကစားထားရာ (၄)ပွဲဆက်တိုက်လုံး ဂိုးတွေ သွင်းယူနိုင်ခဲ့ပြီး (၄)ပွဲမှာ (၇)ဂိုးတောင် သွင်းထားနိုင်ခဲ့ပါတယ်။ ဒါ့အပြင် နောက်ဆုံး (၃)ပွဲဆက်တိုက်အထိ (၂)ဂိုးတွေ သွင်းယူထားပါသေးတယ်။ အခုလို နိုင်ပွဲရခဲ့တဲ့ မိုင်ယာမီက ချားလက်တ် နဲ့ ဟူစတန် ဒိုင်နမိုတို့ပွဲက အနိုင်ရလာမယ့် အသင်းနဲ့ ကွာတားမှာ ဆုံတွေ့သွားပါမယ်။

Featued Photo : Twitter