ဒီပိတ်ရက်လေးမှာ ဖုန်းနဲ့ ဂိမ်းဆော့ရင်း အပန်းဖြေချင်တဲ့ ကွီးတို့ရှိလား။ ကွီးတစ်ယောက်တည်းပဲ အေးအေးဆေးဆေး ကစားချင်လို့ဖြစ်စေ၊ ဘော်ဒါတွေနဲ့ဆုံတဲ့အခါ ဂိမ်းကစားချင်လို့ဖြစ်စေ၊ ကွီးတို့အတွက် ဖုန်းနဲ့ ကစားလို့ရတဲ့ မိုဘိုင်းလ်ဂိမ်း အလန်းစားများ ကိုဝေမျှပေးချင်ပါတယ်။
(၁) Dead Cells

Photo : Epic Games
ကွီးတို့အတွက် ပထမဆုံးဖော်ပြချင်တဲ့ မိုဘိုင်းလ်ဂိမ်း အလန်းစားများ ထဲကတစ်ခုကတော့ Dead Cells ဆိုတဲ့ ဂိမ်းလေးပဲဖြစ်ပါတယ်။ ဒီ မိုဘိုင်းဂိမ်းလေး က ဖုန်းနဲ့တစ်ယောက်တည်း အေးအေးဆေးဆေး ဂိမ်းကစားချင်တဲ့ ကွီးတို့ အတွက် အကြိုက်တွေ့စေမှာပါ။ ဒီ ဂိမ်းကို Linux, macOS, PlayStation 4, Nintendo Switch, Windows, Xbox One တို့အတွက် ၂၀၁၈ မှာ စတင်ထွက်ရှိခဲ့ပြီး iOS အတွက်ကတော့ ၂၀၁၉ မှာ ထွက်ရှိခဲ့ ပါတယ်။ Android အတွက်ကတော့ ၂၀၂၀ ဂျွန်လ ၃ရက်နေ့မှာ ထွက်ရှိခဲ့တာ ဖြစ်ပါတယ်။
(၂) Apex Legends Mobile

Photo : LD Player
နောက်ထပ် ဖော်ပြချင်တဲ့ ဂိမ်းတစ်ခုကတော့ Apex Legends Mobile ပဲဖြစ်ပါတယ်။ ဂိမ်း ဝါသနာရှင် ကွီးတို့ အတွက် Apex Legend ကို စိမ်းမယ် မထင်ပါဘူး။ Apex Legend ကို ၂၀၁၉ ဖေဖော်ဝါရီ ၄ ရက်နေ့က Windows ၊ PS4 နဲ့ Xbox One တို့အတွက် ထွက်ရှိခဲ့ပြီး၊ Nintendo Switch အတွက်ကတော့ မတ်လ ၉ ရက် ၂၀၂၁ မှာထွက်ရှိခဲ့ပါတယ်။ တစ်ဆက်တည်းမှာပဲ PS5၊ Xbox Series X/S အတွက် မတ်လ ၂၉ မှာ ၂၀၂၁ မှာထွက်ရှိခဲ့ပါတယ်။ ကဲ ကွီးတို့ရေ Android နဲ့ iOS တွေအတွက် Apex Legend Mobile ဆိုပြီး Graphic အမိုက်စားတွေနဲ့ ဒီ ၂၀၂၂ မေလ ၁၇ ရက်နေ့မှပဲထွက်ရှိထားပြီး ပထမဆုံးလမှာတင် Downloads ဆွဲသူပေါင်း ၁၀ သန်းကျော် ရှိခဲ့ပါတယ်။ ဒါ့ကြောင့် မဆော့ကြည့်ရသေးတဲ့ ကွီးတွေလည်း အမြန်ဆုံး ဆော့ကြည့်လိုက်ပါ။
(၃) Crash Bandicoot On The Run

Photo : NME
နောက်ထပ်ဖော်ပြချက်တဲ့ မိုဘိုင်းလ်ဂိမ်း အလန်းစားများ ထဲက တစ်ခုကတော့ ကွီးရဲ့ သူငယ်ချင်းတွေနဲ့ပါ ကစားလို့ရတဲ့ Bandicoot On The Run ပဲ ဖြစ်ပါတယ်။ ဒီဂိမ်းဟာ အဆုံးမရှိ အပြေးဂိမ်းတစ်ခုဖြစ်ပြီး ပိုမိုဆန်းသစ်သော အတားအစီးတွေ၊ အခက်အခဲတွေနဲ့ စိတ်ဝင်စားစရာ ဇာတ်ကောင်တွေနဲ့ ဖန်တီးထားတာပဲဖြစ်ပါတယ်။ ဒီ ဂိမ်းကို iOS ရော Android မှာပါ ကစားလို့ရတော့ ကွီးတို့ အတွက်ပိုအဆင်ပြေစေတာပေါ့။
(၄) Pocket City

Photo : Microsoft
Pocket City မိုဘိုင်းလ်ဂိမ်းဟာ မြို့များအတွက် ဖွံ့ဖြိုးတိုးတတ်မှုနဲ့ စီမံခန့်ခွဲမှု ပြုလုပ်ပေးရတဲ့ ဂိမ်းဖြစ်ပါတယ်။ ဒီဂိမ်းကိုကစားမယ်ဆိုရင် ကစားပွဲအစကတည်းက ဦးနှောက်ကိုသေချာ အသုံးချကာ စဉ်းစားတွေးခေါ်ကာကစားရပါမယ်။ Pocket Game ကို အကောင်းဆုံးနည်းဗျူဟာ ဂိမ်းတစ်ခုဖြစ်တယ် လို့ဆိုပါတယ်။
Featured Photo : Apex legends
