လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေတုန်းကတော့ စမတ်ဖုန်းတွေရဲ့ နည်းပညာတွေသည် ယခုလောက် အဆင့် သိပ်မမြင့်သေးပေမယ့် မိုဘိုင်းလ်ဂိမ်းတွေကိုတော့ အေးအေးဆေးဆေး ဆော့ကစားနိုင်ပါတယ်။ ယခုလို စမတ်ဖုန်းတွေရဲ့ စွမ်းဆောင်ရည် မြင့်မားလာတဲ့အခါမှာတော့ Gamer တွေအတွက် မိုဘိုင်းလ်ဂိမ်း တွေကို စိတ်အေးချမ်းသာစွာနဲ့ ဆော့ကစားနိုင်လာပြီပဲ ဖြစ်ပါတယ်။

Gamer တွေအတွက်လည်း မိုဘိုင်းလ်ဂိမ်း တွေသည် ဗားရှင်းတစ်ခုပြီး တစ်ခု မြင့်ပေးနေတဲ့အတွက်ကြောင့် ဆော့ရတဲ့ အတွေ့အကြုံကလည်း အမြဲတမ်းသစ်လွင်နေတာပါ။

ဂိမ်းဆော့ရတာ နှစ်သက်တဲ့ Gamer တွေအကြား ရေပန်းစားနေတဲ့ မိုဘိုင်းလ်ဂိမ်း တွေကတော့ …

PUBG Mobile

mobile game

ဒီဂိမ်းလေး စစပေါ်ချင်းကတော့ ကွန်ပျူတာနဲ့ပဲ ဆော့ကစားနိုင်သေးတာပါ။ ၂၀၁၇ လောက်က ပေါ်ပေါက်ခဲ့တဲ့ ဂိမ်းလေးပေါ့။ တဖြည်းဖြည်းနဲ့ ကမ္ဘာနဲ့တစ်လွှား ဆော့ကစားကြသူတွေ များပြားလာတဲ့အတွက်ကြောင့် Gamer တွေအတွက် မိုဘိုင်းလ်ဂိမ်း ပုံစံ ဆော့ကစားနိုင်အောင် တီ ထွင်ပေးခဲ့ကြပါတယ်။ ဒီလိုနဲ့ပဲ ကမ္ဘာနဲ့တစ်လွှားမှာ PUBG ဆော့ကစားသူတွေ တဖြည်းဖြည်း များပြားလို့လာပါတော့တယ်။

ယခုနှစ်အတွင်းမှာလည်း လူကြိုက်အများဆုံးနဲ့ ပေါ်ပြူလာအဖြစ်ဆုံး မိုဘိုင်းလ်ဂိမ်းအဖြစ် နံပါတ် (၁) နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။ PUBG သည် တစ်ယောက်တည်း ဆော့ကစားနိုင်ပေမယ့် သူငယ်ချင်းတွေနဲ့ အတူတူစုဖွဲ့ကာ ဆော့ကစားမယ်ဆိုရင်တော့ ပိုပြီး ပျော်စရာကောင်းပါတယ်။

Genshin Impact

mobile game

ဒီဂိမ်းလေးကတော့ စက်တင်ဘာလ ၁၈ ရက်နေ့ ၂၀၂၀ ခုနှစ်က စတင်ထွက်ရှိခဲ့တာဖြစ်ပါတယ်။ အသက်အရွယ် ကန့်သတ်ချက်အနေနဲ့ကတော့ 12+ Rating သတ်မှတ်ထားပါတယ်။ Gamer များအကြား ဒုတိယလူကြိုက်အများဆုံး မိုဘိုင်းလ်ဂိမ်း တစ်ခုဖြစ်ပြီး ဒေါင်းလုဒ်ချတဲ့အကြိမ်အရေအတွက်အားဖြင့် ၅၀ မီလီယံကျော်ပါတယ်။

ဒီဂိမ်းလေးက ဆော့လို့ကောင်းတဲ့အပြင် သူ့ရဲ့ Graphics ဒီဇိုင်းကလည်း လှပပြီး အရောင်အတွဲအစပ်တွေကလည်း ကိုက်ညီအောင် ပြင်ဆင်ပေးထားတဲ့အတွက်ကြောင့် ဆော့ကစားရသူအဖို့ မျက်စိပသာဒ ဖြစ်စေပါတယ်။

Mobile Legends Bang Bang

Gamer မိုဘိုင်းလ်ဂိမ်း

ကွီးတို့အားလုံး Mobile Legend နဲ့ ရင်းနှီးပြီးသား ဖြစ်ကြပါလိမ့်မယ်။ ဒီ Mobile Legends Bang Bang ဆိုတာကတော့ တစ်ဖွဲ့ကို ၅ ယောက်စီနဲ့ ဟိုဘက် ၅ ယောက်၊ ဒီဘက် ၅ ယောက် ဆော့ကစားရတဲ့ ဂိမ်းလေးပဲ ဖြစ်ပါတယ်။

ဂိမ်းရဲ့ဆော့ပုံဆော့နည်းကလည်း DOTA နဲ့ဆင်တူပါတယ်။ ဒီဂိမ်းလေးကတော့ အထူးသဖြင့် အာရှနိုင်ငံတွေမှာ ပေါ်ပြူလာအဖြစ်ဆုံးပါ။

Free Fire

Gamer မိုဘိုင်းလ်ဂိမ်း

အပစ်အခတ်ဝါသနာပါတဲ့ ဂိမ်းဝါသနာအိုးတွေအတွက်လည်း Free Fire လည်းရှိပါသေးတယ်။ ဒီဂိမ်းလေးကတော့ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်နေ့ကတည်းက ထွက်ရှိခဲ့တဲ့ ဂိမ်းလေးပဲဖြစ်ပါတယ်။ ဒေါင်းလုဒ်ချသူ အကြိမ်အရေအတွက် ဘီလီယံနဲ့ချီတဲ့ လူကြိုက်များတဲ့ မိုဘိုင်းဂိမ်းလ်တစ်ခုပဲဖြစ်ပါတယ်

8 Ball Pool

Gamer မိုဘိုင်းလ်ဂိမ်း

ဘိလိယက်ထိုးရတာ ကြိုက်နှစ်သက်တဲ့ ကွီးတွေရှိပါသလား။ ဒါဆိုရင်တော့ 8 Ball Pool ဆိုတဲ့ ဂိမ်းလေးကို ကွီးတို့အားလုံး ကြိုက်နှစ်သက်ကြမှာ အမှန်ပါပဲ။ ၂၀၁၃ ခုနှစ်ကတည်းက ထွက်ရှိခဲ့တဲ့ ဂိမ်းတစ်ခုဆိုပေမယ့် ယနေ့ထိတိုင် လူကြိုက်များနေဆဲဖြစ်ပါတယ်။ စိတ်အေးလက်အေးနဲ့ စိတ်လက်ပြေပျောက်စွာနဲ့ ပေါ့ပေါ့ပါးပါး ဆော့ကစားနိုင်တဲ့ ဂိမ်းတစ်ခုပဲဖြစ်ပါတယ်။ ဒါ့အပြင် ကွီးတို့ရဲ့ Facebook ပေါ်က သူငယ်ချင်းတွေကို Challenge ခေါ်ကာ အတူတူ ဆော့ကစားနိုင်တဲ့အတွက်ကြောင့်လည်း ပိုပျော်ဖို့ ကောင်းပါတယ်။

Source: Mirageportal

Featured Image: Tapscape