မိုးကလေးများ တစ်ပြိုက် နှစ်ပြိုက် ရွာနေရာကနေ သည်းသည်းမဲမဲ ရွာတတ်တဲ့ မိုးတွင်းကာလသို့ ရောက်ရှိလာပြီပဲဖြစ်ပါတယ်။ မိုးတွင်း လို့ ပြောလိုက်တာနဲ့ မိုးမိနေတဲ့ ကြွက်ကလေးတစ်ကောင်လို့ ရှိုးမပျက်ချင်ဘူးဆိုရင် ကိုယ့်ရဲ့ ဖက်ရှင် အသုံးအဆောင်ပစ္စည်းတွေကို ပညာသားပါပါ ရွေးချယ်တတ်ဖို့ လိုအပ်ပါတယ်။ နို့မဟုတ်ရင်တော့ အပြင်ထွက်ပြီး မိုးစိုသွားတာနဲ့ ရှိုးပျက်သွားမှာ အမှန်ပါပဲ။

ထီးတစ်လက်

မိုးတွင်း ဖက်ရှင်

မိုးတွင်းမှာ အရေးအကြီးဆုံး အသုံးအဆောင်ပစ္စည်းတစ်မျိုးပဲ ဖြစ်ပါတယ်။ မကြာခဏ ထီးမေ့တတ်တဲ့ ကွီးတို့ကတော့ ကိုယ့်ကိုယ်ကိုယ် မကြာခဏ သတိပေးဖို့ လိုအပ်ပါမယ်။ ဒါမှသာ မိုးမမိဘဲ ဖျားနာမှု ကင်းဝေးပြီး ဖက်ရှင်ကျကျ လန်းနိုင်မှာဖြစ်ပါတယ်။

ရေစိုခံနာရီ

မိုးတွင်း ဖက်ရှင်

မိုးတွင်း မှာ ကွီးတို့ရဲ့ ဖက်ရှင် စတိုင်လ်ကို ပိုလန်းလာအောင် ကူညီပေးမှာကတော့ အရည်အသွေးကောင်းတဲ့ ရေစိုခံ နာရီတစ်လက်ပဲ ဖြစ်ပါတယ်။ ရေစိုခံနာရီတစ်လက် ရွေးဝယ်တဲ့အခါမှာလည်း ကွီးတို့သည် ဘယ်ဝတ်စုံနဲ့မဆို လိုက်ဖက်ပြီး ဝတ်စုံမရွေးတဲ့ နာရီမျိုးကို ရွေးချယ်ရမှာပဲဖြစ်ပါတယ်။

မိုးတွင်းစီး ဖိနပ်

မိုးတွင်း ဖက်ရှင်

မိုးရွာနေတာကို ကတ္တီပါဖိနပ်ကြီးစီးပြီး မိုးရွာထဲမှာ လမ်းလျှောက်ဖို့ဆိုတာ အင်မတန်မှကို ကသိကအောက် နိုင်လှပါတယ်။ ကွီးတို့ဖက်ရှင်ကလည်း ဂွမ်းတကာ့ အဂွမ်းဆုံး ဖက်ရှင်ဖြစ်သွားမှာပါ။ ကွီးတို့ရဲ့ ဖိနပ်သည် ရာသီဥတုပေါ် လိုက်ပြီး ပြောင်းလဲဝတ်ဆင်ဖို့ လိုအပ်ပါတယ်။ ဒါမှသာလျှင် ဖက်ရှင်ကျပြီး သက်သောင့်သက်သာနဲ့ နေလို့ကောင်းမှာပဲ ဖြစ်ပါတယ်။

မိုးကာဂျက်ကတ်

မိုးတွင်း ဖက်ရှင်

မိုးက သည်းကြီးမည်းကြီး ရွာချနေပြီဆိုရင် ထီးတစ်ချောင်းတည်းနဲ့ လုံလောက်မှာ မဟုတ်ပါဘူး။ ဒါ့အပြင် မကြာခဏ ထီးမေ့ကျန်တတ်တဲ့ ဘော်ဒါကို သူငယ်ချင်းတော်ထားရမယ်ဆိုရင်တော့ သူ့ကို ထီးဆောင်းပေးရတာနဲ့ ကွီးတို့လည်း မိုးစိုနေတဲ့ ကြွက်တစ်ကောင်လို ဖြစ်သွားမှာ အမှန်ပါပဲ။ ဒီလိုအခြေအနေမျိုးကို အဘက်ဘက်က စဥ်းစားပြီးတဲ့နောက်မှာတော့ ကိုယ့်ရဲ့ ဖက်ရှင် မပျက်ဖို့အရေး ထီးတစ်ချောင်းအပြင် မိုးကာဂျက်ကတ်တစ်ထည်လည်း ဆောင်ထားဖို့ လိုအပ်ပါတယ်။

ရေစိုခံ ကျောပိုးအိတ် (သို့) လက်ဆွဲအိတ်

မိုးတွင်း ဖက်ရှင်

ကွီးတို့က ရုံးတက်ရုံးဆင်းမှာ ကျောပိုးအိတ် လွယ်တယ်။ ဒါမှမဟုတ် လက်ပတော့ လက်ဆွဲအိတ် ကိုင်တယ်ဆိုရင် ထိုကျောပိုးအိတ်နဲ့ လက်ပတော့အိတ်တို့ကို ရိုးရိုးအိတ် အသုံးပြုမယ့်အစား ရေစိုခံ ကျောပိုးအိတ်များ၊ လက်ဆွဲအိတ်များနဲ့ အစားထိုးသင့်ပါတယ်။ အိတ်ထဲမှာ အရေးကြီးတဲ့ စာရွက်စာတမ်းများ၊ အချက်အလက်များကို ရေစိုမခံချင်ဘူးဆိုရင်တော့ ဒီနည်းလမ်းကို မမေ့မလျော့ အသုံးပြုသင့်ပါတယ်။

ရေမွှေး (သို့) Roll-On

ရေမွှေး

မိုးတွင်းပဲ၊ နွေလို ပူပြင်းခြောက်သွေ့တာမှ မဟုတ်တာ။ ချွေးလည်း မထွက်ဘူးဆိုရင်တော့ ဘာရေမွှေး၊ ဘာ Roll-On မှ သုံးစရာ မလိုဘူးလို့ မထင်လိုက်ပါနဲ့။ ထိုအရာတွေသည်လည်း လိုအပ်ပါတယ်။​ မိုးစိုတဲ့အခါမှာ အသားအရေက စိုစိစိုစိ ဖြစ်သွားပြီး စေးကပ်ကပ် ဖြစ်သွားပါလိမ့်မယ်။ ဒါဆိုရင်တော့ ကွီးတို့ရဲ့ အနံ့အသက်က ဘယ်လိုမှ ကောင်းနိုင်မှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် စေးကပ်ကပ် အနံ့အသက်မျိုးကို ဖျောက်ဖျက်ဖို့ရန်အတွက် ရေမွှေး (သို့) Roll-On များ အသုံးပြုဖို့ မမေ့ပါနဲ့။

ကွီးတို့ရော မိုးရာသီမှာ ဘယ်လိုဖက်ရှင် အသုံးအဆောင်ပစ္စည်းမျိုးကို ဝယ်သုံး ဖြစ်နေပါသလဲ။

Source: In.askmen

Featured Image: Freepik