နိုင်ငံတကာ ရက်သတ္တပတ် ပြီးဆုံးသွားချိန် အားလုံး စောင့်မျှော်နေကြတဲ့ ကလပ်အသင်း ပွဲစဉ်တွေ ပြန်စချိန်မှာတော့ တကယ့်ကို ပွဲကြီးပွဲကောင်းတွေက စောင့်ကြိုနေပါတယ်။ ဒီထဲကမှ ပိုပြီး စိတ်ဝင်စားစရာကောင်းမယ့် မီလန်ဒါဘီ ပွဲစဉ်အကြောင်းကို သုံးသပ် တင်ဆက်ပေးသွားချင်ပါတယ်။

inter vs ac

Photo Credit : Goal

ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက ချန်ပီယံလိဂ်ပြိုင်ပွဲကြီးရဲ့ ဆီမီးဖိုင်နယ်အဆင့်ထိ ရောက်ရှိခဲ့ကြတဲ့ မီလန်နှစ်သင်းဟာ ဒီရာသီမှာဆိုရင်လည်း နှစ်သင်းလုံးက စီးရီးအေမှာ ရာနှုန်းပြည့် နိုင်ပွဲကိုယ်စီ ရရှိထားပါတယ်။ အခုမှ ရာသိအစ (၃)ပွဲသာ ကစားထားရသေးတဲ့ ဆိုပေမယ့်လည်း စီးရီးအေမှာက အဲ့ဒီ (၃)ပွဲလုံး အနိုင်ရထားတာဆိုလို့ မီလန်နှစ်သင်းတည်းသာ ရှိနေရပါတယ်။ ဒါပေမယ့် အခု ဒီနှစ်သင်းက ပွဲစဉ် (၄)မှာပဲ တိုက်တိုက်ဆိုင်ဆိုင် ဆုံတွေ့ကြပြီဖြစ်လို့ အနည်းဆုံး တစ်သင်းကတော့ ရာနှုန်းပြည့်နိုင်ပွဲ ပျက်သွားရပါတော့မယ်။

two milan teams

Photo Credit : Goal

အခုပွဲမှာ အိမ်ရှင်အဖြစ် လက်ခံကစားသွားရမယ့် အင်တာမီလန်က လက်ရှိ စီးရိးအေ (၃)ပွဲ ကစားထားပြီးချိန်မှာ (၃)ပွဲနိုင် (၈)ဂိုးသွင်း ပေးဂိုးမရှိထိ စွမ်းဆောင်ထားပြီး အေစီမီလန်ကလည်း (၃)ပွဲနိုင် (၈)ဂိုးသွင်း (၂)ဂိုးပေးထားရပါတယ်။ လက်ရှိမှာတော့ အင်တာရဲ့ အာဂျင်တီးနား တိုက်စစ်မှူး လော်သာရို မာတီနက်ဇ်က စီးရီးအေ (၅)ဂိုး သွင်းယူထားပြီး သူရဲ့အောက် ဒုတိယနေရာမှာ မီလန်ရဲ့ ပြင်သစ် ဝါရင့် တိုက်စစ်မှူး အိုလီဗီယေ ဂျရူးက (၄)ဂိုးနဲ့ ရပ်တည်နေပါတယ်။ ကစားသမားသစ်တွေ ဖြစ်ကြတဲ့ မားကပ် သူရမ်စ် ပူလီဆစ်တို့ကလည်း မီလန်အသင်းတွေအတွက် အထူး ခြေစွမ်းပြသလို့နေပါတယ်။

inter milan vs ac milan

Photo Credit : Al Jazeera

ဒီလို အခြေအနေမျိုးမှာ ဘယ်မီလန်အသင်းက စတင် အမှတ်လျော့သွားမလဲဆိုတာ ခန့်မှန်းရခက်နိုင်ပေမယ့် ဒီရာသီမှာ အေစီမီလန်ရဲ့ စွမ်းဆောင်ရည်တွေက ပိုပြီးတော့ကို ကောင်းမွန်နေသလို ခေါ်ယူထားတဲ့ ကစားသမားသစ်တွေကလည်း အသင်းမှာ အထိုင်ကျနေပါတယ်။ ပြီးတော့ ချန်ပီယံလိဂ် ရှုံးကြွေးကို ပြန်ဆပ်နိုင်မယ့် အကောင်းဆုံး အခွင့်အရေးလည်း ဖြစ်နေတာကြောင့် မီလန်ဒါဘီမှာတော့ အေစီမီလန်အသင်းရဲ့ စွမ်းဆောင်မှုကို ပိုမို စောင့်ကြည့်သွားချင်နေပြီး အပြန်အလှန် သွင်းဂိုးတွေလည်း မြင်တွေ့လာရနိုင်ပါတယ်။

Featured Photo : The Analyst