ကွီးတို့ မီလီလျံနာ တစ်ယောက်ရဲ့ စဉ်းစားတွေးခေါ်ပုံကို လေ့လာဖူးပါသလား။ တကယ်တော့ မီလီလျံနာတွေရဲ့ အတွေးအမြင်က ပိုက်ဆံရှာဖို့ သက်သက်ပဲ မဟုတ်ပါဘူး။ သူတို့က သူတို့အမြဲမက်ခဲ့တဲ့ အိမ်မက်ပန်းတိုင်တွေကို ရောက်အောင်လုပ်မယ်ဆိုတဲ့ စိတ်ကူးစိတ်သန်းနဲ့ ဘဝကို ပြောင်းလဲခဲ့ကြတာပါ။ ဒါပေမယ့် တစ်ကြိမ်တစ်ခါတည်းအတွက် မဟုတ်ဘဲ ရည်ရွယ်ချက်ရှိရှိနဲ့ ကိုယ့်ရဲ့ပန်းတိုင်ကိုရောက်ဖို့ နေ့စဉ်လိုက်နာကြတာပါ။ အခုပြောပြပေးမှာက ဒီလို မီလျံနာတွေ ဘယ်လို စဉ်းစားတွေးခေါ်ကြသလဲဆိုတဲ့ အချက်တွေကို ပြောပြပေးမှာဖြစ်ပါတယ်။

(၁) ပန်းတိုင်တွေကို အာရုံစိုက်တယ်

Photo : iStock

မီလျံနာအများစုက သူတိုရဲ့ ပန်းတိုင်တွေကို အာရုံစိုက်ကြလေ့ရှိပါတယ်။ သူတို့က သူတိုရဲ့ ရည်မှန်းချက်တွေဖြစ်တဲ့ ငွေကြေးတိုးတက်မှု ၊ ကျန်းမာရေး၊ အလုပ်အကိုင် ဒါမှမဟုတ် အခြားတစ်ခုခု စသဖြင့် ကိုယ်အောင်မြင်ချင်တဲ့အရာကို အမြဲတွေးတောတတ်တဲ့ အလေ့အကျင့်ရှိကြပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ ရည်မှန်းချက်တွေကို ချရေးပြီး မကြာခဏ မြင်ရမယ့် နေရာမှာ ထားသင့်ပါတယ်။

(၂) အနာဂတ်အတွက် ရင်းနှီးမြှပ်နှံတယ်

Photo : iStock

ငွေကြေးရင်းနှီးမြုပ်နှံတာက ချမ်းသာသူတွေကြားမှာ အခြေခံကျတဲ့ နည်းဗျူဟာတစ်ခုဖြစ်ပြီးတော့ ရင်းနှီးမြှုပ်နှံနည်းကို လေ့လာဖို့အတွက် တခြားသူတွေရဲ့ အကူအညီလည်း ယူသင့်ပါတယ်။ ငွေကို ငွေစုအကောင့်ထဲမှာပဲ စုထားမယ်ဆိုရင် နောက်နှစ်တွေကြာတဲ့အခါ ငွေကြေးတန်ဖိုးက အလိုလို လျော့သွားမှာပါ။ ဒါ့ကြောင့် ရင်းနှီးမြှုပ်နှံဖို့ လေ့လာတာက နှစ်ကြာလာတာနဲ့အမျှ ပိုင်ဆိုင်မှုတွေ တိုးလာစေသလို မီလျံနာတစ်ယောက်လို ငွေကြေးလွတ်မြောက်စေတဲ့ နည်းလမ်းလည်း ဖြစ်ပါတယ်။

(၃) အကောင်းမြင်အတွေးတွေကို မွေးမြူပါ

Photo : iStock

Law of Attraction ကို ကြားဖူးတယ်ဆိုရင် အတွေးတွေနဲ့ လုပ်ဆောင်ချက်တွေက အလားတူ လုပ်ဆောင်ချက် တွေနဲ့ ရလဒ်တွေကို ဆွဲဆောင်တာကို သိမှာပါ။ အကောင်းမြင်စိတ်တွေ တွေးရင် အကောင်းမြင်စိတ်တွေ ဖြစ်လာသလို စည်းစိမ်ဥစ္စာကို ဖန်တီးဖို့ စဉ်းစားရင်လည်း ကိုယ့်ဘဝထဲကို ရောက်လာဖို့ ပိုဆွဲဆောင်နိုင်ပါလိမ့်မယ်။ ဒါ့ကြောင့် မီလျံနာ တစ်ယောက်လို ကြွယ်ဝချမ်းသာဖို့ဆိုရင် စည်းစိမ်ဥစ္စာနဲ့ ကြွယ်ဝမှုဆိုင်ရာ အပြုသဘောဆောင်တဲ့ အတွေးအမြင်များကို မွေးမြူရပါမယ်။

(၄) စိတ်ရှည်သည်းခံမှုရှိတယ်

Photo : iStock

ရလဒ်မရဘဲ ဆက်တိုက်ကြိုးစားနေရတာက စိတ်ညစ်စရာကောင်းနိုင်ပေမယ့် ဒါက ကိုယ့်ဘဝမှာ လိုချင်တာတွေအတွက် စိတ်ရှည်ရှည်စောင့်ဆိုင်းနေရတာပါ။ တစ်ပတ်အတွင်း ဘဝကို ပြောင်းလဲလို့ မရသလို ကိုယ်မျှော်လင့်ထားတဲ့အချိန်မှာ ကိုယ့်ရဲ့ ကိုယ်ပိုင်ပန်းတိုင်တွေဖြစ်မလာဘူးဆိုရင်လည်း အဆင်ပြေပါတယ်။ ဘာလိုလဲဆိုတော့ ကောင်းတဲ့အရာတွေက အချိန်ယူရပြီး ကိုယ်အလိုရှိတိုင်းမှာ အမြဲမရနိုင်တာကြောင့်ပါ။ ဒါကြောင့် ကိုယ်လိုချင်တာတွေအတွက် ကြိုးစားနေချိန်မှာ ဘယ်တော့မှလက်မလျှော့လိုက်ဖို့ အရေးကြီးပါတယ်။

Featured Photo : Twitter