ဒီကမ္ဘာပေါ်မှာ လူတိုင်းက ချမ်းသာချင်ကြတာချည်းပါပဲ။ သို့သော်လည်း အကြောင်းအမျိုးမျိုးကြောင့်  ချမ်းသာ ကြွယ်ဝခြင်းကို လူတိုင်းမပိုင်ဆိုင်နိုင်ကြပါဘူး။ ဒါပေမဲ့ အနာဂတ်မှာ ချမ်းသာ ကြွယ်ဖို့ဆိုတာ မဖြစ်နိုင်တဲ့ အိပ်မက်တစ်ခုတော့ မဟုတ်ပါဘူး။ မီလျံနာ တစ်ယောက်ဖြစ်ဖို့ ကြိုးစားအားထုတ်မှုနဲ့ နည်းစနစ်တကျနဲ့ အချိန်တစ်ခု ရင်းနှီးမြှပ်နှံကာ အခုဖော်ပြပေးမယ့် အချက်များကို ကျင့်ကြံ မယ်ဆိုရင် ကွီးတို့လည်း အနာဂတ် သူဌေးလောင်း တွေ ဖြစ်လာနိုင်ပါတယ်။

အကြွေးမယူပါနဲ့

debt

မလိုအပ်တဲ့ အရာများမှာ ငွေကြေးများ သုံးစွဲခြင်းနဲ့ ခေတ်ရေစီးကြောင်း အနောက်ကို လိုက်ခြင်းက ကွီးတို့အတွက် ငွေကြေးကြပ်တည်းမှုတွေ ကြုံတွေ့ရနိုင်ပါတယ်။ ဒါ့အပြင် ကိုယ်ပိုင်ဝင်ငွေနဲ့ ထွက်‌ငွေ မမျှတဲ့အခါ အကြွေးတင်လာနိုင်ပါတယ်။ ပြုပြင်ပြောင်းလဲပြီး အကြွေးထဲ နစ်နေပါက ငွေကြွေးကြွယ်ဝနိုင်ဖို့ မလွယ်ကူပါဘူး။ ဒါကြောင့် ငွေကြေးပိုင်းဆိုင်ရာ ဝန်ထုတ်ဝန်ပိုး ဖြစ်လာနိုင်တဲ့ အကြွေးယူခြင်းကို ရှောင်ကြဉ်ပါ။ ကိုယ်ပိုင်ဝင်ငွေကို စနစ်တကျ စီမံခန့်ခွဲပြီး အသုံးပြုပါ။

ရင်းနှီးမြှုပ်နှံတတ်ဖို့ လိုအပ်ပါတယ်

investment

သန်းကြွယ်သူဌေးတွေသည် ရင်းနှီးမြှုပ်နှံတတ်ကြပါတယ်။ ရင်းနှီးမြှုပ်နှံတဲ့အခါမှာလည်း အချိန်ကိုက်ဖြစ်ဖို့၊ ဘယ်အချိန်မှာ ဘယ်လို နောက်ဆုတ်ရမလဲဆိုတာ သိနားလည်ဖို့လည်း လိုအပ်ပါတယ်။ မရင်းနှီးမြှုပ်နှံ တတ်ဘူးဆိုရင်တော့ ကွီးတို့ရဲ့ စီးပွားရေးသည် ထင်သလောက် ဖြစ်ထွန်းလာမှာ မဟုတ်ပါဘူး။

ကွီးတို့ရဲ့ ဝင်ငွေရဲ့ ဘယ်လောက်ရာခိုင်နှုန်းကို စုဆောင်းရမလဲဆိုတာ သိပါသလား

မီလျံနာ ကျင့်ကြံ

ဘယ်လောက် စုဆောင်းရမှန်းမသိ ဖြစ်နေပါသလား။ ကွီးတို့ ဝင်ငွေရဲ့ ၁၅ ရာခိုင်နှုန်းကို စုဆောင်းပါ။ ထို့ထက်ပိုစုနိုင်ရင်တော့ အကောင်းဆုံးပါပဲ။ ဒါပေမဲ့ အနည်းဆုံး ၁၅ ရာခိုင်နှုန်းကနေတော့ စစုဖို့လိုအပ်ပါလိမ့်မယ်။ တဖြည်းဖြည်းနဲ့ လစဉ် လတိုင်း စုသွားတဲ့အခါမှာတော့ နှစ်အတန်ကြာတဲ့အခါ ငွေပမာဏ အမြောက်အမြား စုဆောင်းမိနေပြီဆိုတာကို မြင်တွေ့ရပါလိမ့်မယ်။

ကျားကြီး ခြေရာကြီး မလုပ်ပါနဲ့

မီလျံနာ ကျင့်ကြံ

ကွီးတို့ မပျင်းမရိနဲ့ အလုပ်တွေ အများကြီး လုပ်တာတော့ ဟုတ်ပါပြီ။ ဝင်ငွေကလည်း တိုးလာပါရဲ့။ ဒါပေမဲ့ တိုးလာတဲ့အတိုင်း တိုးပြီး မစုဘဲ တိုးပြီး အသုံးပြုမယ်ဆိုရင်တော့ မဟန်သေးပါဘူး။ သင် အလုပ်ပိုလုပ်ရပြီး ပိုပင်ပန်းတာပဲ အဖတ်တင်ပါလိမ့်မယ်။ ကျားကြီး ခြေရာကြီး လုပ်လို့မရပါဘူး။

ဥပမာ သင်သည် ယခင်က လစာ ၅ သိန်း ဝင်ရာကနေ နောက်ထပ် အလုပ်တွေ တိုးလုပ်လိုက်တာ တစ်လ ဝင်ငွေ ၁၀ သိန်းအထိ တိုးသွားတယ်ဆိုပါစို့။ ယခင် ငှားနေတဲ့တိုက်ခန်းက တစ်လကို ၁ သိန်းခွဲ၊ ၂ သိန်း ဝန်းကျင်ပေးရာကနေ လစာ တိုးလာလို့ဆိုပြီး ၅ သိန်းတန် တိုက်ခန်းမှာ သွားငှားနေဖို့ လိုပါမလား။

ဒါ့ကြောင့် ကျားကြီး ခြေရာကြီး ဆိုတဲ့ စကားအတိုင်းမဖြစ်ဖို့ လိုအပ်ပါတယ်။ သင့် စိတ်ကို သင် မနိုင်ဘူးဆိုရင်တော့ နောက်ထပ် အလုပ်က ရတဲ့ လစာကို (လုံးဝ) မထိဘဲ စုဆောင်းထားပါ။ အသုံးစရိတ်တွေအတွက်ကိုတော့ ပထမအလုပ်ကရတဲ့ လစာကနေသာ ဆက်လက်သုံးစွဲကာ မိမိစိတ်ကို ထိန်းသင့်ပါတယ်။

မီလျံနာ သူဌေးကြီး Warren Buffett လို ကျင့်ကြံ ပါ

မီလျံနာ ကျင့်ကြံ

Warren Buffett သည် ဒီဇိုင်နာဝတ်စုံများ၊ နောက်ဆုံးပေါ် အိုင်ဖုန်းများ၊ စမတ်ဖုန်းများကိုလည်း စိတ်မဝင်စားပါဘူး။ မလိုအပ်တဲ့ အရာတွေမှာ ပိုက်ဆံအကုန်မခံတဲ့ သူဌေးကြီးတစ်ယောက်ပါ။ သူတစ်ခါ ပြောဖူးတာကတော့ … “သုံးပြီးမှ ကျန်တဲ့ပိုက်ဆံကို မစုရဘဲ၊ အရင်စုပြီးမှ ကျန်တဲ့ပိုက်ဆံကို သုံးရမှာ”ဆိုတာပါပဲ။

အခုဖော်ပြသွားတဲ့ အချက်တွေကို ကွီးတို့ရော လိုက်လုပ်နိုင်ရဲ့လား။

Source: Forbes

Featured Image: Medium