လစာထုတ် ပြီးပြီးချင်း ရက်မှာပဲ ပိုက်ဆံတွေ အကုန်ပြောင်ကုန်လို့ စိတ်ညစ်နေရတာ ကွီးတို့လား။ လစာထုတ်တာနဲ့ တစ်ပြိုင်နက် အကြွေး တွေ နွံ ထဲ နစ်ကာ အကြွေးပိနေလို့ သုံးစရာ တစ်ပြားမှ မကျန်အောင် ဖြစ်နေပါသလား။ အကြွေး နွံ ထဲ မနစ်ဖို့ ဘာတွေ လုပ်ဆောင်ဖို့ လိုအပ်မလဲ။

(၁) ကိုယ့်ရဲ့ စိတ်ကို ထိန်းချုပ်ပါ

ကိုယ့်ရဲ့ စိတ်ကို ထိန်းချုပ်ပါ

“ငါ ဒီနေ့ လစာထုတ်တာပဲ၊ စိတ်ကြိုက် သုံးပစ်လိုက်မယ်” ဆိုတဲ့ အတွေးကို ဖျောက်ပစ်လိုက်ပါ။ ကွီးတို့ တစ်လလုံး အလုပ်လုပ်ပြီးမှ ရလာတဲ့ လစာကို တစ်ရက်တည်း အကုန် သုံးပစ်မယ်ဆိုရင်တော့ နောက်ရက်တွေကျရင် ကွီးတို့သည် ထမင်းနဲ့ ရေနဲ့ပဲ နှစ်ပါးသွားရမှာပါ။ တော်ကြာနေ ဘဝကြီးက “ထမင်းနဲ့ ရေပဲ” ဆိုပြီး ဖြစ်သွားပါလိမ့်မယ်။နောက်ပြီးတော့ မကောင်းတဲ့ အတွေးများကို ဖယ်ရှားဖို့ လိုအပ်ပါတယ်။ “တစ်ရက် တစ်ရက်နဲ့ ပိုက်ဆံ မရှိဘဲ နေရတဲ့ ဘဝကို စိတ်ကုန်လာပြီ”၊ “ငါ့မှာ ပိုက်ဆံလည်း တစ်ပြားမှ မရှိဘူးကွာ” လို့ တွေးမယ့်အစား “ငါ့မှာ သုံးစွဲဖို့ ပိုက်ဆံ လုံလုံလောက်လောက်ရှိတယ်” ဆိုတဲ့ ကောင်းတဲ့အတွေး တွေးဖို့ လိုအပ်ပါတယ်။ စကားနောက် တရားပါဆိုတဲ့ စကားလေးကိုလည်း ကြားဖူးကြတယ်မဟုတ်လား။

(၂) အပျင်းတစ်မနေပါနဲ့

အကြွေး နွံ

အလုပ်လုပ်ဖို့အတွက်တော့ စိတ်မကူးဘဲ အပျင်းတစ်ပြီး အချိန်ဆွဲနေမယ်ဆိုရင်တော့ ကွီးတို့ဆီ ပိုက်ဆံတွေက စလိုးမိုးရှင်းနဲ့ပဲ ဝင်လာမှာပါ။ အလုပ်လုပ်မှာ ပိုက်ဆံ ရှိမှာပါ။ အလုပ်မလုပ်ဘဲ ထိုင်နေရုံနဲ့တော့ ပိုက်ဆံတွေက သူ့အလိုလို ခြေထောက်ပေါက်ပြီး ရောက်မလာပါဘူး။ ဒါ့ကြောင့် အချိန်ရှိခိုက်မှာ လုံ့လစိုက်ကာ အလုပ်လုပ်ပါ။ ဒါမှသာ အသက်ကြီးလာလို့ အလုပ် မလုပ်နိုင်တဲ့အခါ ငယ်စဥ်က ရှာဖွေ စုဆောင်းထားတာတွေနဲ့ ရပ်တည်နိုင်မှာပဲ ဖြစ်ပါတယ်။

(၃) ကိုယ် အမှန်တကယ် လိုအပ်တာ မဟုတ်ဘဲနဲ့ လိုချင်တာ တစ်ခုတည်းအတွက်နဲ့ အကြွေး မယူပါနဲ့

အကြွေး နွံ

အကြွေးယူလိုက်၊ ပြန်ဆပ်လိုက်၊ အကြွေး ထပ်ယူလိုက်၊ ထပ်ပြန်ဆပ်လိုက်နဲ့ မုန့်လုံး စက္ကူကပ်နေသလို ဖြစ်နေပါသလား။ အကြွေးယူတတ်တဲ့ အကျင့်ရှိလို့ကတော့ ဘယ်လိုမှ စုမိ ဆောင်းမိမှာမဟုတ်ပါဘူး။ အကြွေးဝယ်ကတ်နဲ့ ပိုက်ဆံဝယ်ခြင်း၊ ချေးယူရယူပြီး တစ်စုံတစ်ခု ဝယ်ယူခြင်းသည်လည်း ကွီးတို့ရဲ့ ငွေကုန်ပေါက်ကို တစ်မြည့်မြည့်နဲ့ ကြီးထွားလာစေမှာပဲဖြစ်ပါတယ်။ ပြန်ဆပ်ရမယ့် ငွေနဲ့ အတိုးငွေတွေသည် ကွီးတို့ရဲ့ အနာဂတ်အတွက် အသုံးတည့်တဲ့ ငွေတွေပဲဖြစ်ပါတယ်။ တကယ်လို့ ကိုယ်က လုံးလုံးကြီး ပြန်မဆပ်နိုင်တော့ဘူးဆိုရင်တော့ အာမခံထားတဲ့အရာတွေ အားလုံး ဆုံးရှုံးသွားမှာပဲဖြစ်ပါတယ်။အမြော်အမြင်ကြီးတဲ့ သူဌေးကြီးတွေကတော့ ဒီလိုအဖြစ်မျိုးကို ကြိုမြင်လို့ သူတို့ရဲ့ တန်ဖိုးကြီးမားတဲ့အရာများ ဆုံးရှုံးသွားမှာစိုးတဲ့အတွက် ဘယ်တော့မှ ချေးငွေ ယူလေ့မရှိပါဘူး။ ဒါ့အပြင် လေ့လာချက်များအရ မီလီယံနာ သူဌေး ၁၀ ယောက်မှာ ၉ ယောက်သည် ဘယ်တော့မှ ဘဏ်က ချေးငွေများကို မယူကြခြင်းပဲဖြစ်ပါတယ်။ ဒါ့အပြင် ၇၃ ရာခိုင်နှုန်းသော မီလီယံနာများသည် အကြွေးဝယ်ကတ်များနှင့် သုံးဖြုန်းခြင်းတို့ကို သူတို့ဘဝမှာ လုံးဝ ရှောင်ကြဥ်ကြပါတယ်။ တကယ်လို့ ကွီးတို့မှာသာ အကြွေးရှိတယ်ဆိုရင် နောက်ဆုံး ယူထားတဲ့ အကြွေးကို ပြန်ဆပ်ပြီး အကြွေးအားလုံး ကြေသွားရင်တော့ နောက်ထပ် အကြွေး မယူပါနဲ့တော့။

ဒီအချက်တွေကတော့ ကွီးတို့ကို အကြွေး နွံ ထဲကနေ လွတ်မြောက်အောင် ကူညီပေးမှာပဲ ဖြစ်ပါတယ်။

ကွီးတို့ရော အကြွေးမယူဘဲနဲ့ နေနိုင်ရဲ့လား။

Source: Forbes

Featured Image: Lifehacker