ကွီးတို့ မုတ်ဆိတ်မွေး အရှည်ထားဖို့ စဉ်းစားနေလား။ မုတ်ဆိတ်မွေး ထားမယ်ဆိုရင် စိတ်ရှည်ဖို့လိုသလို နည်းစနစ်တကျ ဂရုစိုက်ဖို့လည်း အရေးကြီးပါတယ်။ ကွီးတို့က မုတ်ဆိတ်မွေးနဲ့ ယောကျာ်းပီသတဲ့ သူတစ်ယောက် ဖြစ်ချင်တယ်ဆိုရင်တော့ အခုပြောပြမယ့် မုတ်ဆိတ်မွေး သန်စွမ်း ဖို့လိုက်နာရမယ့် အချက်လေးတွေကို သိထားသင့်ပါတယ်။

(၁) ပုံမှန် သန့်ရှင်းရေးလုပ်ပေးပါ

Photo : Chattanooga Beard Co

အညစ်အကြေး ၊ ဖုန်မှုန့် နဲ့ အဆီတွေဟာ မုတ်ဆိတ်ရဲ့ ကျန်းမာရေးနဲ့ကြီးထွားမှုကို ဖျက်ဆီးနိုင်ပါတယ်။ တစ်ပတ်ကို Shampoo ကောင်းတစ်မျိုးမျိုးနဲ့ အနည်းဆုံး နှစ်ကြိမ်လောက် ညင်ညင်သာသာလေး လျှော်တာမျိုး လုပ်သင့်သလို Beard Oil တစ်မျိုးမျိုးနဲ့ နူးညံ့အောင် လိမ်းပေးသင့်ပါတယ်။

(၂) မုတ်ဆိတ်မွေးကို ပုံသွင်းပါ

Photo : Men’s Gear

မုတ်ဆိတ်ထားလို့ ရက်အတော်လေး ကြာတာနဲ့ ပုံသွင်းမှူ လုပ်ပေးရမှာပါ။ မုတ်ဆိတ်ထားတော့မယ်ဆိုကတည်းက ကိုယ်လိုချင်တဲ့ စတိုင်ကို ရွေးထားပြီး ဒီပုံစံရအောင် သ ပေးဖို့လိုပါတယ်။ မုတ်ဆိတ်မွေး အဖျားလေးတွေကို တိပေးတာက မုတ်ဆိတ်ကို ပိုပြီး အရှည်မြန်စေကာ သန်စွမ်းစေမှာ ဖြစ်ပါတယ်။ ကွီးတို့ လုပ်နေကျ အလေ့အကျင့် မရှိသေးရင်တော့ ဆိုင်သွားပြီး ပုံသွင်းတာမျိုး လုပ်နိုင်ပါတယ်။

(၃) မုတ်ဆိတ်သန်ဆေးသုံးပါ

Photo : The Manual

မုတ်ဆိတ်သန်စွမ်းစေဖို့အတွက် လိုအပ်ရင် ဖြည့်စွက်အစာတွေ စားပေးဖို့လိုသလို ဆေးဘက်ဆိုင်ရာထောက်ခံချက် ရထားတဲ့ မုတ်ဆိတ်သန်ဆေးသို့မဟုတ် Beard Oil  အသုံးပြုပြီး ညင်သာစွာ နှိပ်နယ်ပေးလို့ ရပါတယ်။ တကယ်လို့ မုတ်ဆိတ်မွေး သန်စွမ်းတဲ့သူတွေကတော့ ပုံမှန် ထိန်းသိမ်းမှု လုပ်ရင်ပဲ လုံလောက်ပါပြီ။

Featured Photo : Men’s Journal