ကျွန်တော်တို့ ယောကျာ်းလေးတိုင်း ကျားကျန်းမာရေးနဲ့ ပတ်သတ်ပြီး စိတ်ဝင်တစားသိချင်တဲ့ မေးခွန်းတစ်ခု ရှိပါတယ်။ ဒါကတော့ ကျွန်တော်တို့ ယောကျာ်းလေးတွေရဲ့ မွေးရာပါပစ္စည်း ဖြစ်တဲ့ ငယ်ပါခေါ် ဖွားဘက်တော် ရဲ့ အရွယ်အစား ကြီးထွားမှုနှုန်းဟာ ဘယ်အသက်အရွယ်မှာ ရပ်တန့်သွားလဲ ဆိုတာပါ။ ဒီမေးခွန်းကို မဖြေခင်မှာ ဖွားဘက်တော်ရဲ့ ကြီးထွားပြောင်းလဲလာပုံ အဆင့်ဆင့်ကို အရင်ပြောပြပေးချင်ပါတယ်။

baby

Photo : MomsWhoThink.com

ကျွန်တော်တို့ရဲ့ မွေးရာပါပစ္စည်း လေးဟာ မွေးကင်းစအရွယ်ကစပြီး တဖြည်းဖြည်းချင်း ကြီးထွားလာတယ်လို့ ပြောရပါမယ်။ ကလေးဘဝမှာ ဖွားဘက်တော်ရဲ့ အရွယ်အစား ကြီးထွားမှုနှုန်းဟာ နှေးကွေးပြီး တဖြည်းဖြည်းချင်းသာ ဖွံ့ထွားလာတာပါ။ လူပျိုဖော်ဝင်စအရွယ်ကို ရောက်ချိန်မှာတော့ ဖွားဘက်တော်က ပိုရှည်ပြီး ပိုထူလာပါတယ်။ အသက် ၁၂ နှစ်နဲ့ ၁၆ နှစ်အရွယ် အသက်အရွယ် အပိုင်းအခြားမှာ မွေးရာပါပစ္စည်း လေးရဲ့ ဖွံ့ထွားလာမှုကို သိသိသာသာ မြင်တွေ့ရနိုင်ပါတယ်။ လိင်တံကြီးထွားလာမှုဟာ တက်စတိုစတီရုန်းအဆင့် တိုးလာခြင်းနဲ့လည်း ဆက်စပ်နေပါတယ်။

ဖွားဘက်တော် ကြီးထွားနှုန်းက လူတစ်ဦးနဲ့တစ်ဦးတော့ မတူကွဲပြားနိုင်ပါတယ်။ တချို့ဆိုရင် ဆယ်ကျော်သက်အရွယ် နောက်ပိုင်းမှ ဖွားဘက်တော်ရဲ့ အရွယ်အစားကြီးထွားလာတာမျိုး ရှိပါတယ်။ ကိုယ်နဲ့သက်တူရွယ်တူတွေလို လိင်တံကြီးထွားမှုကို မခံစားရလို့လည်း စိတ်ပူတာမျိုး ဖြစ်ဖို့မလိုပါဘူး။ သုတေသီတွေကတော့ ဒါကို နောက်ကျပွင့်တဲ့ ပန်းလေးတွေလို့ ပြောကြပါတယ်။

man hands

Photo : Health

အကျဉ်းချုံးပြီး ပြောရမယ်ဆိုရင် ကျွန်တော်တို့ အမျိုးသားတွေမှာ မွေးရာပါပစ္စည်း ရဲ့အရွယ်အစားဟာ မွေးကင်းစအရွယ်ကစပြီး ကြီးထွားလာတာပါ။ လိင်တံနဲ့အတူ ဝှေးစေ့အရွယ်အစားကလည်း လိုက်ပါကြီးထွား လာပါတယ်။ အသက် ၈ နှစ်ကနေ ၉ နှစ်ကြားအရွယ်မှာ လိင်တံအရွယ်အစားက စတင်ပြီး သိသိသာသာ ကြီးထွားလာပြီး အသက် ၁၁ နှစ်ကနေ ၁၅ နှစ်အရွယ် လောက်မှာတော့ လိင်တံကြီးထွားမှုနှုန်းဟာ အမြင့်ဆုံး ဖြစ်လာပါတယ်။ လူပျိုဖော်ဝင်စ အရွယ်ကစပြီး နောက် ၄/၅ နှစ် ဆယ်ကျော်သက်အရွယ်အနှောင်းပိုင်းအထိ ကျွန်တော်တို့ရဲ့ ဖွားဘက်တော်ဟာ ဆက်လက်ကြီးထွားနိုင်ပါတယ်။ အသက် ၁၉ နဲ့ ၂၀ အစောပိုင်းကာလတွေမှာတော့ ယေဘုယျအားဖြင့် လိင်တံကြီးထွားမှုနှုန်းဟာ နှေးကွေး/ရပ်တန့်သွားတယ်လို့ ဆေးဘက်ဆိုင်ရာပညာရှင်တွေက ပြောထားပါတယ်။

အချို့ ယောကျာ်းလေးတွေမှာတော့ အသက် ၁၇ ကနေ ၁၉ နှစ် အတွင်း လိင်တံကြီးထွားမှုနှုန်း ရပ်တန့်သွားတာမျိုးလည်း ဖြစ်တက်ပါတယ်။ ဒါက မျိုးရိုးဗီဇ ၊ ခန္ဓာကိုယ်ဖွဲ့စည်းပုံတွေ ပေါ်မူတည်ပြီး လူတစ်ယောက်နဲ့တစ်ယောက် မတူကွဲပြားနိုင်ပါတယ်။ အရွယ်ရောက်ပြီးသား အမျိုးသားတစ်ယောက်ရဲ့ ဖွားဘက်တော် ဟာ ထောင်မတ်,မနေချိန်မှာ ပျှမ်းမျှအားဖြင့် ၃.၅ လက်မကနေ ၃.၇ လက်မကြားရှိပြီး ထောင်မတ်နေချိန်မှာတော့ ၅.၁ လက်မကနေ ၅.၇ လက်မကြား ရှိပါတယ်။ လိင်တံရဲ့ လုံးပတ်အရွယ်အစားကတော့ ထောင်မတ်နေမှာ ၃.၅ လက်ကနေ ၃.၉ လက်မကြား ရှိပါတယ်။

Banana

Photo : SteadyHealth.com

ဒါဆိုရင်တော့ ကျွန်တော်တို့ အမျိုးသားတွေရဲ့ မွေးရာပါပစ္စည်း ဖွားဘက်တော် အရွယ်အစား ကြီးထွားလာပုံအဆင့်ဆင့်နဲ့ ဘယ်အရွယ်မှာ ကြီးထွားမှုနှုန်း ရပ်တန့်သွားလဲဆိုတာကို အခြေခံအားဖြင့် သဘောပေါက်သွားမယ်လို့ ထင်ပါတယ်။ နောက်ထပ်လည်း အမျိုးသားကျန်းမာရေးနဲ့ ပတ်သတ်ပြီး သိသင့်သိထိုက်တဲ့ စိတ်ဝင်စားစရာ ဆောင်းပါးတွေကို ဆက်လက်မျှဝေပေးသွားပါဦးမယ်။

Photo : Young Men’s Health