လိင်ဆက်ဆံရင် ကယ်လိုရီဘယ်လောက် လောင်ကျွမ်းသလဲဆိုတာ သိချင်ကြတယ်ဟုတ်။ လူတွေက အမြဲတမ်း သိချင်နေကြတာပဲလေ။ လိင်ဆက်ဆံချိန်မှာ ကယ်လိုရီ ဘယ်လောက် လောင်ကျွမ်းလဲဆိုတာကို သုတေသီတွေ တွက်ချက်ထားတာလည်း အံ့သြစရာတော့ မဟုတ်ဘူး။ ၁၉၅၀ ခုနှစ်တွေကတည်းက လိင်ဆက်ဆံခြင်းရဲ့ ရုပ်ပိုင်းဆိုင်ရာအပေါ် သက်ရောက်မှုတွေကို လေ့လာနေကြတာ။ ဒါပေမယ့် Masters နဲ့ Johnson တို့ ဓာတ်ခွဲခန်းမှာ စမ်းသပ်မှုတွေ မစတင်မချင်း အရည်အသွေးကောင်းတဲ့ ရလဒ်တွေ မရခဲ့ဘူး။

Photo : Pilot

ကဲ အဓိကအကြောင်းအရာကို ပြောရအောင်။ လွန်ခဲ့တဲ့ နှစ်(၆၀)က လေ့လာမှုတွေကို ပြန်ကြည့်တော့ လိင်ဆက်ဆံခြင်းက ကယ်လိုရီ (၁၆၀) အထိ လောင်ကျွမ်းစေနိုင်တယ်လို့ ဆိုပါတယ်။ ပျမ်းမျှအားဖြင့် ယောက်ျားလေးတွေက တစ်ခါချစ်တင်းနှောရင် ကယ်လိုရီ (၁၀၀) လောင်ကျွမ်းပြီး မိန်းကလေးတွေကတော့ (၆၉)ပဲ လောင်ကျွမ်းတယ်တဲ့။  တခြားလေ့ကျင့်ခန်းတွေနဲ့ နှိုင်းယှဉ်ရင် ဒါက ဖွဖွလေးပြေးတာ၊ အပန်းဖြေရေကူးတာ (အပြေးအလွှားမဟုတ်) (သို့) စက်ဘီးလှေလှော်တာနဲ့ တူတူပဲ။

လိင်ဆက်ဆံချိန်မှာ ကယ်လိုရီပိုလောင်ချင်လား?

Photo : City Magazine

ကွီးက ကြံ့ခိုင်ရေးကို စိတ်ဝင်စားသူပဲဖြစ်ဖြစ်၊ သိပ္ပံပညာကို စိတ်ဝင်စားသူပဲဖြစ်ဖြစ် လိင်ဆက်ဆံချိန်မှာ ကယ်လိုရီပိုလောင်ကျွမ်းစေမယ့် နည်းလမ်း (၂) ခုကို ပြောပြပေးမယ်။

ပုံစံပြောင်းကြည့်ပါ

Photo : Mens’ Health

ဘယ်လိုပုံစံနဲ့ လိင်ဆက်ဆံလဲဆိုတာက ကယ်လိုရီလောင်ကျွမ်းမှုအပေါ်မှာ အများကြီး သက်ရောက်မှုရှိပါတယ်။ ယောက်ျားလေးက အပေါ်မှာရှိတဲ့ ပုံစံ (ဥပမာ- missionary) ကယ်လိုရီကို ပိုလောင်ကျွမ်းစေပါတယ်။ ဘာလို့လဲဆိုတော့ အဲဒီပုံစံမှာ သင်က ပိုပြီး တက်ကြွနေရလို့ပါ။

လေ့လာမှုအများစုက လိင်တူဆက်ဆံသူတွေအကြောင်းကိုပဲ အဓိကထားလေ့လာကြတာဆိုတော့ ဒါကလည်း သုတေသနရဲ့ အားနည်းချက်တစ်ခုပဲ။ နောက်ပိုင်းမှာ တခြားလိင်ဆက်ဆံမှုတွေအတွက်လည်း သေချာတဲ့ အထောက်အထားတွေ ရလာမယ်လို့ မျှော်လင့်ပါတယ်။

အချိန်ပိုကြာရင် ကယ်လိုရီလည်း ပိုလောင်ကျွမ်း

Photo : Sofia Gray

လိင်ဆက်ဆံချိန်မှာ ကယ်လိုရီပိုလောင်ချင်ရင် အချိန်ကို ပိုကြာအောင် ဆွဲဆန့်ပါ။ လေ့လာမှုတစ်ခုမှာ လိင်ဆက်ဆံခြင်းက တစ်မိနစ်မှာ ၃-၄ ကယ်လိုရီ လောင်ကျွမ်းစေနိုင်တယ်လို့ ဆိုထားပါတယ်။ ဒါကြောင့် ပိုကြာကြာနေရင် ကယ်လိုရီလည်း ပိုလောင်ကျွမ်းမှာပါ။

သုတေသနအရ ပျမ်းမျှကြာချိန်က ၁၈-၃၂ မိနစ်လို့ ပြောပါတယ်။ ဒါပေမယ့် တချို့ယောက်ျားလေးတွေအတွက် ဒီလောက်ကြာကြာ မခံနိုင်ပါဘူး။

Featured Photo : Shararat