တေးသီချင်းများ နားဆင်ခံစားခြင်းသည် စိတ်ခံစားချက်များကို ကောင်းမွန်စေပြီး စိတ်ဖိစီးမှုများကို လျော့ကျစေပါတယ်။ တေးသီချင်းအသစ်များ အများအပြား ထွက်ရှိထားတဲ့အနက် မေလ အတွင်း ထွက်ရှိထားတဲ့ လူကြိုက်များတဲ့ သီချင်း ကောင်းများရှိပါတယ်။

မေလထွက် တေး သီချင်း ကောင်းများ နားထောင်ရင်း တစ်နေ့တာလုံး ပင်ပန်းခဲ့ရသမျှ ဘဝအမောတွေကို ဖြေဖျောက်ကာ စိတ်ပြေလက်ပျောက် အနားယူလိုက်ကြရအောင်။

As It Was – Harry Styles

Source: Harry Styles

ဒီသီချင်းလေးကတော့ ကိုယ့်ရဲ့ အရင်က ဖြစ်တည်ခဲ့တဲ့အရာနဲ့ လက်ရှိပြောင်းလဲသွားတဲ့အခြေအနေအပေါ် လက်ခံရမှာဖြစ်ကြောင်း စပ်ဆိုထားတာဖြစ်ပါတယ်။

Bam Bam – Camila Cabello

Source: Camila Cabello

ဒီသီချင်းလေးထဲမှာတော့ Camila တစ်ယောက် သူ့ရဲ့အရင် Relationship ကနေ ရုန်းထွက်နိုင်ဖို့အတွက် ကြိုးစားနေရကြောင်း စပ်ဆိုထားတာဖြစ်ပါတယ်။

Peru – Fireboy DML & Ed Sheeran

Source: Fireboy DML

ဒီသီချင်းကတော့ မနှစ်ကတည်းက ထွက်ရှိခဲ့တဲ့ သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။

Sweetest Pie _ Megan Thee Stallion & Dua Lipa

Source: Megan Thee Stallion

ပေါ့ပ်သီချင်းတွေကို နှစ်သက်သူများအတွက်တော့ ဒီသီချင်းလေးက နားထောင်လို့ကောင်းပါတယ်။

MAMIII – Becky G, KAROL G

Source: Becky G

Mamiii ဆိုတာကတော့ စပိန်ဘန်းစကားတစ်မျိုးဖြစ်တဲ့ Mami ဆိုတဲ့စကားလုံးကို ရည်ညွှန်းတာဖြစ်ပြီး ဆွဲဆောင်မှုရှိသော မိန်းမပျိုလို့ အဓိပ္ပာယ်ရပါတယ်။ သီချင်းလေးက မြူးမြူးကြွကြွလေးနဲ့ နားထောင်လို့ ကောင်းပါတယ်။

Big Energy – Latto

Source: Latto

ဒီသီချင်းလေးကလည်း Latto ရဲ့ လူကြိုက်များနေတဲ့ သီချင်းကောင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ တကယ်တော့ သူ့ရဲ့ ခေါင်းစဉ်အပြည့်အစုံက Big D*ck Energy ဖြစ်ပါတယ်။ Chorus အပိုဒ်မှာ ထိုခေါင်းစဉ်အပြည့်အစုံကို သီဆိုထားတာကို မြင်တွေ့ရပါလိမ့်မယ်။

Boyfriend – Dove Cameron

Source: Dove Cameron

ဒီသီချင်းလေးထဲမှာတော့ ဖောက်ပြန်ခြင်းသည် မကောင်းတဲ့အရာတစ်ခုဖြစ်ကြောင်း စပ်ဆိုထားပါတယ်။ တကယ်လို့ ကိုယ့်ရဲ့ချစ်သူကို မချစ်တော့ဘူးဆိုရင် မဖောက်ပြန်ဘဲနဲ့ ယတိပြတ်လမ်းခွဲပစ်ဖို့ အကြံပေးထားတာပါ။

Love Me More – Sam Smith

Source: SAM SMITH

ဒီသီချင်းလေးထဲမှာတော့ သူ့ရဲ့ ကြီးပြင်းခဲ့ပုံနှင့် သူ့ရဲ့ အနုပညာအလုပ်ကို လုပ်ကိုင်ဖြစ်ခဲ့ပုံကို တွေ့မြင်ရမှာဖြစ်ပါတယ်။ ဧပြီ ၂၈ ရက်နေ့က ထွက်ရှိခဲ့တဲ့ သီချင်းဖြစ်ပြီး မေလ အတွင်းမှာလည်း လူကြိုက်အများဆုံး တေး သီချင်း တစ်ပုဒ်ဖြစ်ခဲ့ပါတယ်။

Fingers Crossed – Lauren Spencer-Smith

Source: Lauren Spencer-Smith

တေးသီချင်းလေးက ငြိမ့်ငြိမ့်ညောင်းညောင်းလေးနဲ့ နားထောင်လို့ကောင်းပါတယ်။ သီချင်းစာသားထဲမှာကတော့ သမီးရည်းစားစုံတွဲတွေမှာ ဖြစ်လေ့ဖြစ်ထရှိတတ်တဲ့အကြောင်းအရာများကို စပ်ဆိုထားတာကို နားဆင်ခံစားရပါလိမ့်မယ်။

Dancing Feet – Kygo (Feat. DNCE)

Source: KygoMusic

DNCE သည် အနုပညာလောကထဲမှ ၄ နှစ်ကြာအောင် အနားယူပြီးတဲ့နောက်မှာတော့ Kygo နဲ့ အတူတူတွဲကာ Dancing Feet ဆိုတဲ့ သီချင်းလေးကို အတူတူ သီဆိုခဲ့ကြပါတယ်။ ဒီသီချင်းလေးသည် ဖေဖော်ဝါရီလ ၂၅ ရက်နေ့ကတည်းက ထွက်ရှိခဲ့တာဆိုပေမယ့် ယနေ့ထိတိုင် လူကြိုက်များနေဆဲပဲဖြစ်ပါတယ်။

အခုဖော်ပြသွားတဲ့ မေလ ထွက် တေး သီချင်း ကောင်းများကို ကွီးတို့အားလုံး ကြိုက်နှစ်သက်ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

Source : Open.Spotify