မေလထဲမှာ Post Malone ၊ Quavo ၊ NLE Choppa တို့လို နာမည်ကြီး ရက်ပ်ပါတွေရဲ့ သီချင်း အသစ်တွေ ဆက်တိုက် ထွက်ထားပါတယ်။ သီချင်းအသစ်တွေ စောင့်မျှော်နေတဲ့ ဂီတချစ်သူ ကွီးပရိသတ်တွေ အတွက်တော့ ဒီလထဲမှာ နားထောင်ရမယ့် Rap သီချင်းကောင်းတွေက တကယ်ကို အများကြီးပါပဲ။ ဒီထဲကမှ လက်တလော ပရိသတ်တွေကြားမှာ ရေပန်းစား ဟော့ဖြစ်တဲ့ နာမည်ကြီး ရက်ပ်ပါတွေရဲ့ သီချင်းကောင်း တချို့ကို ရွေးချယ် တင်ဆက်ပေးချင်ပါတယ်။ မေလ ထဲမှာ ဘယ်အဆိုတော်တွေရဲ့ အမိုက်စား Rap သီချင်း တွေက ရေပန်စား အစားဆုံးဖြစ်နေလဲဆိုတာ အတူတူ ခံစားနားဆင် ကြည့်ရအောင်ပါ။

(၁) Cooped Up – Post Malone , Roddy Ricch

Source : Post Malone

ဒီသီချင်းက ဇွန်လထဲမှာ အသစ်ထွက်ရှိလာမယ့် Post Malone ရဲ့ စတုတ္ထမြောက် စတူဒီယိုအယ်လ်ဘမ် Twelve Carat Toothache မှာ ပါဝင်လာမယ့် သီချင်းကောင်းတစ်ပုဒ် ဖြစ်ပါတယ်။ အမေရိကန်ရက်ပ်ပါ Roddy Ricch နဲ့ အတူတွဲဖက် သီဆိုထားပါတယ်။

(၂) Hotel Lobby – Quavo FT. Takeoff

Source : QuavoVEVO

ဒီသီချင်းကတော့ မေလ ၂၀ ရက်နေ့ကမှ အသစ်ထွက်ရှိလာတဲ့ အမေရိကန် ရက်ပ်ပါ Quavo နဲ့ Takeoff တို့ရဲ့ သီချင်းကောင်း တစ်ပုဒ်ဖြစ်ပါတယ်။ ၁၉၉၈ ခုနှစ်က ထွက်ရှိခဲ့တဲ့ Fear and Loathing in Las Vegas ရုပ်ရှင်ကို Inspired ယူပြီး Music Video ကို ရိုက်ကူးပုံဖော်ထားတာ ဖြစ်ပါတယ်။

(၃) N95 – Kendrick Lamar

Source : Kendrick Lamar

ဒီသီချင်းက အမေရိကန် ရက်ပ်ပါနဲ့ တေးရေးဆရာ Kendrick Lamar ရဲ့ အမိုက်စား သီချင်း တစ်ပုဒ်ပါ။ Kendrick Lamar ရဲ့ ဒီနှစ်ထဲမှာ နောက်ဆုံးထွက်ရှိလာတဲ့ “Mr. Morale & The Big Steppers.” စတူဒီယိုအယ်လ်ဘမ်ထဲက သီချင်းကောင်းတစ်ပုဒ် ဖြစ်ပါတယ်။

(၄) Rocky Road – Moneybagg Yo Feat. Kodak Black

Source : Moneybagg Yo

ဒီသီချင်းက ၂၀၁၉ ခုနှစ်က ထွက်ခဲ့တဲ့ Moneybagg Yo နဲ့ Kodak Black တို့ရဲ့ Lower Level သီချင်းထွက်ပြီး ၃ နှစ်အကြာမှ ၂ ယောက်ပြန်ပေါင်းပြီး ဖန်တီးလိုက်တဲ့ သီချင်းကောင်းတစ်ပုဒ် ဖြစ်ပါတယ်။

(၅) Set Up Story Pt.1 – NLE Choppa

Source : NLE CHOPPA

Set Up Story Pt.1 သီချင်းကတော့ မေလ ၂၁ ရက်နေ့ကမှ အသစ်ထွက်ရှိလာတဲ့ NLE Choppa ရဲ့ အမိုက်စား သီချင်း ကောင်းတစ်ပုဒ် ဖြစ်ပါတယ်။

(၆) SOON – 42 Dugg Feat. Arabian

Source : 42 dugg Music

ဒီသီချင်းကတော့ အမေရိကန် ရက်ပ်ပါ 42 Dugg ရဲ့ သီချင်းကောင်းတစ်ပုဒ်ဖြစ်ပြီး Arabian က Featuring အနေနဲ့ ပါဝင်သီဆိုပေးထားပါတယ်။ ငြိမ့်ညောင်းတဲ့ Piano တေးသွားနဲ့ စိတ်ခံစားမှုကို ဦးစားပေးထားတဲ့ သီချင်းကောင်းတစ်ပုဒ် ဖြစ်ပါတယ်။

(၇) JIGGA DAME – Maxo Kream

Source : Maxo Kream

ဒီသီချင်းက Maxo Kream ရဲ့ ၂၀၂၁ ခုနှစ်ကထွက်ခဲ့တဲ့ WEIGHT OF THE WORLD စတူဒီယိုအယ်လ်ဘမ်ပြီးနောက် ဒီနှစ်ထဲမှာမှ အသစ်ထပ်မံထွက်ရှိလာခဲ့တဲ့ အမိုက်စား သီချင်းတစ်ပုဒ် ဖြစ်ပါတယ်။

(၈) Meat This – Blueface , DDG

Source : blueface bleedem

ဒီသီချင်းက အမေရိကန် ရက်ပ်ပါ Blueface နဲ့ DDG တို့ တွဲဖက်သီချင်းထားပြီး အလန်းစား Music Video နဲ့ ထွက်ရှိလာတဲ့ သီချင်းကောင်းတစ်ပုဒ် ဖြစ်ပါတယ်။

(၉) Alcatraz – French Montana

Source : French Montana

ဒီသီချင်းကတော့ French Montana ရဲ့ They Got Amnesia လို့အမည်ရတဲ့ စတူဒီယိုအယ်လ်ဘမ်ပြီးနောက် နောက်ဆုံးထွက်ရှိလာတဲ့ Singles သီချင်းတစ်ပုဒ် ဖြစ်ပါတယ်။

(၁၀) Secrets – Toosii

Source : Toosii 2x

ဒီသီချင်းကတော့ Toosii ရဲ့နောက်ဆုံး ထွက်ရှိထားတဲ့ သီချင်း ဖြစ်ပြီး လက်ရှိလူငယ်ပရိသတ်တွေကြားမှာ ရေပန်းစားနေတဲ့ သီချင်းကောင်းတစ်ပုဒ် ဖြစ်ပါတယ်။ Toosii ကတော့ သူ့ရဲ့ ပရိသတ်တွေအတွက် မကြာခင်မှာ အယ်လ်ဘမ်အသစ်ထွက်နိုင်ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။

Featured Photo : Pitchfork