လာမယ့် စနေနေ့ နော်တင်ဟမ် ဖောရက်စ်အသင်းနဲ့ ရင်ဆိုင်သွားရမယ့် ပရီးမီးယားလိဂ် ပွဲစဉ်မှာ မန်ချက်စတာ ယူနိုက်တက်အသင်းက ကွင်းလယ်လူ မေဆန်မောင့်ကို အနားပေးသွားရဖို့ ရှိနေရပေမယ့်လည်း တိုက်စစ်ပိုင်းမှာတော့ ကစားသမားသစ်လေး ရက်စမတ် ဟွိုင်လန်း ကို ပွဲဦးထွက်အဖြစ် စတင် အသုံးပြုရဖို့ ရှိနေတယ်လို့ ယူနိုက်တက် ပရိသတ်တွေအတွက် သတင်းကောင်းပါး လိုက်ပါတယ်။

mount

Photo Credit : Eurosport

ဒီနွေမှာ ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့ရောက်ရှိလာခဲ့တဲ့ ကွင်းလယ်လူ မေဆန်မောင့် နဲ့ တိုက်စစ်မှုး ဟွိုင်လန်း တို့ဟာ အခုချိန်ထိ တစ်ကြိမ်တစ်ခါမှ တွဲကစားရခြင်း မရှိသေးပဲ ဟွိုင်လန်းက အသင်းဟောင်း အတ္တလန်တာမှာ ရရှိထားတဲ့ ကျောဒဏ်ရာကြောင့် ယူနိုက်တက်အတွက် မကစားရသေးပဲ အနားယူနေရပါတယ်။ အခုတော့ ဟွိုင်လန်းက အသင်းနဲ့ လေ့ကျင့်ခန်း ပြန်ဆင်းနေချိန်မှာ မေဆန်မောင့်က စပါးနဲ့ပွဲမှာ ဒဏ်ရာရသွားခဲ့လို နော်တင်ဟမ်နဲ့ပွဲကို လွဲမှာဖြစ်ပြီး ဟွိုင်လန်းကတော့ နော်တင်ဟမ်နဲ့ပွဲမှာပဲ ယူနိုက်တက်အတွက် စတင် ပွဲထွက်ဖို့ ရှိနေပါတယ်။

hojlund

Photo Credit : talkSPORT

လက်ရှိ ယူနိုက်တက်အသင်းဟာ ကွင်းလယ်ပိုင်း လိုအပ်ချက်တွေ ရှိနေချိန် မေဆန်မောင့်ပါ ဒဏ်ရာရသွားတာဟာ အသင်းအတွက် စိုးရိမ်စရာ ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ ရာသီက ယူနိုက်တက် ကွင်းလယ်မှာ အလုပ်ဖြစ်ခဲ့တဲ့ ဖာနန်ဒက်စ် ကက်စီမဲရိုး အဲရစ်ဆင် အတွဲအဖက်ကို ပြန်လည် မြင်တွေ့ရတော့မှာဖြစ်ပြီး ဒီ (၃)ယောက်တန်း ကွင်းလယ်က မနှစ်ကလိုမျိုး စွမ်းဆောင်ရည်မျိုး လုပ်ပြနိုင်မလားဆိုတာ စောင့်ကြည့်ရပါမယ်။ ဒါပေမယ့် ယူနိုက်တက်တို့ ဒီဈေးကွက် မပိတ်ခင် ကွင်းလယ်လူ တစ်ဦးကိုတော့ မဖြစ်မနေ ခေါ်ယူထားသင့်ပါတယ်။

ramsu hojlund

Photo Credit : Goal

မောင့် မပါနိုင်ချိန် တိုက်စစ်မှူး ဟွိုင်လန်း စတင် ပါဝင်လာဖို့ အခြေအနေများနေတာက ကောင်းတဲ့ လက္ခဏာ ဖြစ်လာနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အခု ပရီးမီးယားလိဂ် ပွဲစဉ် (၂)ပွဲအပြီးမှာ ဘရိုက်တန်အသင်း ပြီးနောက် အခွင့်အရေး ဖန်တီးမှု အများဆုံး ဒုတိယနေရာမှာ ယူနိုက်တက်က ရပ်တည်နေတာကြောင့် ဟွိုင်လန်းသာ တိုက်စစ် စွမ်းရည်ကောင်း ပြသနိုင်မယ်ဆိုရင် သွင်းဂိုးတွေ မျှော်လင့်လာရနိုင်ပါတယ်။ လက်ရှိမှာ ယူနိုက်တက်က ပရီးမီးယားလိဂ် ပွဲစဉ်(၂)ပွဲအပြီး နောက်ခံလူ ဗာရန်းရဲ့သွင်းဂိုးတစ်ဂိုးတည်းသာ ရရှိထားတာမို့ ဟွိုင်လန်းသာ ပါလာခဲ့ရင် ယူနိုက်တက်ရဲ့ သွင်းဂိုးတွေကို ပြန်မြင်လာရဖို့ မျှော်လင့်နိုင်ပါကြောင်း ဖော်ပြ တင်ဆက်လိုက်ပါတယ်။