နည်းပြ ဆြာမော် နဲ့ ကွင်းလယ်လူ နီမန်ဂျာ မာတစ်တို့က ချယ်လ်ဆီး မန်ယူနိုက်တက် နဲ့ ရိုးမားအသင်းတို့ (၃)ကြိမ်အထိ လက်တွဲခဲ့ဖူးတဲ့ ဆရာတပည့်တွေ ဖြစ်ခဲ့ပေမယ့်လည်း လက်ရှိမှာတော့ မာတစ်က ဆြာမော်နဲ့ အဆင်မပြေ ဖြစ်ရာကနေ ရန်းစ်အသင်းဆီ ပြောင်းသွားခဲ့ပါပြီ။ ဒီအခြေအနေမှာ မမျှော်လင့်ပဲ မာတစ်လို ဆြာမော်နဲ့ တတိယအကြိမ်မြောက်အဖြစ် လက်တွဲသွားရမယ့် ကစားသမားတစ်ယောက် ရိုးမားကို ရောက်လာပါတော့တယ်။ သူကတော့ မင်းတို့အတွက် လူကာကူပါ။

lukaku

Photo Credit : The Independent

လူကာကူ နဲ့ ဆြာမော် ခေါ် မော်ရင်ဟိုတို့က ချယ်လ်ဆီးမှာရော မန်ယူနိုက်တက်အသင်းမှာပါ တွဲဖက် အလုပ်လုပ်ကိုင်ဖူးခဲ့တဲ့ ဆရာတပည့်ဟောင်းတွေ ဖြစ်ကြပြီး အခုလည်း ရိုးမားမှာ တတိယအကြိမ်အဖြစ် ပြန်ဆုံကြဦးမှာပဲ ဖြစ်ပါတယ်။ တကယ်တော့ လူကာကူက မနှစ်က ရာသီမှာ စီးရီးအေက အင်တာမီလန်မှာ ကျင်လည်ခဲ့တယ်။ အခုနွေမှာ ဂျုဗင်တပ်စ်နဲ့ တောက်လျှောက် သတင်းထွက်တယ်။ နောက်ဆုံး ရောက်သွားတဲ့ကလပ်က ရိုးမား ဖြစ်သွားရတယ်။

luka

Photo Credit : Clutch Points

တကယ်တော့ အင်တာက လူကာကူကို ချယ်လ်ဆီးကနေ အပြီးသတ် ခေါ်မလို့ပါပဲ။ ဒါပေမယ့် အသင်းဖော်တွေနဲ့ အသင်းနည်းပြတွေရဲ့ ဆက်သွယ်မှုကို လစ်လျူရှုပြီး ဂျုဗင်တပ်စ်ဆီ ပြောင်းရွှေ့ဖို့ပါ ဆွေးနွေးနေလို့ အင်တာက လူကာကူကို ဆက်လက် မကြိုးတော့သလို ဂျုဗင်ဟာလည်း အသင်းပရိသတ်တွေ ဖိအားပေးမှုကြောင့်ပါ လူကာကူကို ခေါ်ယူဖို့ အဆုံးသတ်ခဲ့ရပါတယ်။ ဒီလို အခြေအနေမှာ ချယ်လ်ဆီးအသင်းထဲက သောင်တင်နေရတဲ့ လူကာကူကို ဆြာမော်ရဲ့ ရိုးမားအသင်းက ခေါ်ယူလိုက်ပါတော့တယ်။

lukaku jose

Photo Credit : The Sun

ရိုးမားအသင်းက လူကာကူကို တစ်ရာသီ အငှားခေါ်ယူကြေးအဖြစ် ချယ်လ်ဆီးအသင်းဆီ ယူရို (၅)သန်းကျော် ပေးချေခဲ့သလို လူကာကူရဲ့ လစာအတွက်ကိုလည်း ယူရို (၇.၅)သန်းအထိ ပေးသွားမှာ ဖြစ်ပါတယ်။ စီးရီးအေမှာ ကျင်လည်ပြီးသားဖြစ်တဲ့ လူကာကူက ရိုးမားအသင်းရဲ့ တိုက်စစ်ကို ဘယ်လောက်ထိ ဦးဆောင်သွားနိုင်မလဲဆိုတာ စောင့်ကြည့်ချင်စရာ ဖြစ်နေရပြီး ဆြာမော်လက်အောက်မှာ ဘယ်လောက်အထိ အလုပ်ဖြစ်လာနိုင်ဦးမလဲဆိုတာ…

Featued Photo : B/R Twitter