အသက်အရွယ်ကြောင့်သော်လည်း၊ အိပ်ရေးပျက်ခြင်းကြောင့်သော်လည်းကောင်း၊ နေလောင်ဒဏ်ကြောင့်သော်လည်း မျက်ကွင်းညိုခြင်းကို ကြုံတွေ့ခံစားရနိုင်ပါတယ်။ ဒီလိုမျိုး မျက်ကွင်းညို တဲ့အတွက်ကြောင့် စိတ်ညစ်နေရတဲ့သူတွေအတွက် အမြန်ဆုံး သက်သာပျောက်ကင်းသွားစေမယ့် သဘာဝ နည်းလမ်းကောင်း များကို ဝေမျှပေးချင်ပါတယ်။

သခွားသီး အသုံးပြုပါ

မျက်ကွင်းညို သဘာဝ နည်းလမ်းကောင်း

သခွားသီးကတော့ မျက်ကွင်းညို ခြင်းကို အလျင်မြန်ဆုံး သက်သာပျောက်ကင်းသွားစေနိုင်တဲ့ သဘာဝ နည်းလမ်းကောင်း တစ်ခုပဲဖြစ်ပါတယ်။

သခွားသီးထဲမှာ အသားအရေကို ကြည်လင်ဖြူဝင်းလာအောင် ကူညီပေးတဲ့ အစွမ်းသတ္တိများ ပါဝင်ပါတယ်။

အသုံးပြုရမယ့် နည်းလမ်းလေးကလည်း လွယ်လွယ်လေးပါပဲ။ သခွားသီးကို အကွင်းလိုက် ပါးပါးလှီးထားပြီးနောက် ရေခဲသေတ္တာထဲတွင် မိနစ် ၃၀ ခန့် ထည့်ထားလိုက်ပါ။ သတ်မှတ်ချိန်ပြည့်ပါက ၁၀ မိနစ်ခန့် မျက်လုံးပေးမှာ ကပ်ထားလိုက်ပါ။ ၁၀ မိနစ်ပြည့်တဲ့အခါ မျက်လုံးနားတစ်ဝိုက်ကို ကြက်သီးနွေး ရေနွေးလေးဖြင့် မျက်နှာသစ်ပေးလိုက်ရုံပါပဲ။ ဒါဆိုရင်တော့ ပန်ဒါမျက်လုံးနဲ့ တူနေတဲ့ သင့်မျက်နှာလေးသည် မျက်ကွင်းညိုခြင်းများ ပျောက်ကွယ်သွားပါလိမ့်မယ်။

ဒီနည်းလမ်းကို အသုံးပြုမယ်ဆိုရင်တော့ တစ်ရက်လျှင် နှစ်ကြိမ်ခန့် အသုံးပြုပေးရမှာဖြစ်ပါတယ်။

သခွားသီးဖျော်ရည်နှင့် သံပုယိုသီးဖျော်ရည်

မျက်ကွင်းညို သဘာဝ နည်းလမ်းကောင်း

စောစောက သခွားသီးနည်းလမ်းက သင့်အတွက် အလုပ်မဖြစ်ဘူးဆိုရင်တော့ ဒီနည်းလမ်းကို အသုံးပြုနိုငပါတယ်။ သံပုယိုသီးဖျော်ရည်နှင့် သခွားသီး ဖျော်ရည်ကို ဆတူရောနှောလိုက်ပါ။ ထို့နောက် ဂွမ်းစလေးအသုံးပြုပြီး မျက်ကွင်းညိုနေတဲ့နေရာတစ်ဝိုက် သုတ်လိမ်းပေးလိုက်ပါ။ ထို့နောက် ၁၅ မိနစ်ခန့် ထားထားလိုက်ပါ။ သတ်မှတ်ချိန်ပြည့်မှ ကြက်သီးနွေး ရေနွေးဖြင့် မျက်နှာသစ်ပေးလိုက်ရုံပါပဲ။

ထိုဖျော်ရည်ထဲမှာ သံပုယိုရည် ပါနေတဲ့အတွက်ကြောင့် မျက်လုံးထဲ မဝင်မိဖို့ သေချာဂရုစိုက်ရပါမယ်။

Rose Water အသုံးပြုပါ

မျက်ကွင်းညို သဘာဝ နည်းလမ်းကောင်း

Photo: Treehugger

Rose Water သည် အနံ့မွှေးရုံသာမကဘဲ ပင်ပန်းနွမ်းနယ်နေတဲ့ အသားအရေကို အားပြန်ဖြည့်ပေးပါတယ်။ ဝါဂွမ်းစလေးကို Rose Water ထဲ ထည့်နှစ်ပေးလိုက်ပါ။ ထို့နောက် မျက်ခွံပေါ် ၁၅ မိနစ်ခန့် တင်ထားလိုက်ပါ။ သင့်ရဲ့ မျက်လုံးကို သေချာပိတ်ထားပြီး အနားယူပေးလိုက်ပါ။ သတ်မှတ်ချိန်ပြည့်တဲ့အခါမှာတော့ ကြည်လင်လန်းဆန်းတဲ့ ခံစားချက်လေးကို ခံစားရမှာဖြစ်ပါတယ်။

ခရမ်းချဉ်သီး အသုံးပြုပါ

မျက်ကွင်းညို သဘာဝ နည်းလမ်းကောင်း

ခရမ်းချဉ်သီးထဲတွင် Lycopene ဓာတ်များ ပါဝင်ပြီး ထိုဓာတ်သည် အမြင်အာရုံကြည်လင်အောင် ကူညီပေးနိုင်ရုံသာမကဘဲ အသားအရေကို ကြည်လင်စေပါတယ်။

မျက်ကွင်းညို ခြင်းကို ပျောက်ကင်းဖို့အတွက်ဆိုရင် ခရမ်းချဉ်သီး သဘာဝ နည်းလမ်းကောင်း ဖြင့် အသုံးချနိုင်ပါတယ်။

ခရမ်းချဉ်သီးဖျော်ရည်နှင့် သံပုယိုသီးဖျော်ရည်တို့ကို ဆတူရောနှောလိုက်ပါ။ ထိုပနောက် ဝါဂွမ်းစကို ထိုဖျော်ရည်ထဲ ထည့်နှစ်ကာ မျက်ကွင်းညိုနေသော မျက်ခွံအောက်တွင် ကပ်ထားပေးလိုက်ပါ။ ထိုဖျော်ရည်ထဲမှာ သံပုယိုရည် ပါနေတဲ့အတွက်ကြောင့် မျက်လုံးထဲ မဝင်မိဖို့ သေချာဂရုစိုက်ရပါမယ်။

၁၀ မိနစ်ခန့်ကြာတဲ့အခါမှာတော့ ရေနွေးနွေးလေးအသုံးပြုကာ မျက်နှာသစ်ပေးလိုက်ပါ။ တစ်ရက်လျှင် ၂ ကြိမ်ခန့် ပုံမှန်ပြုလုပ်ပေးတဲ့အခါ ပန်ဒါမျက်လုံးလေးလိုဖြစ်တော့မှာမဟုတ်ပါဘူး။

Source: Foreo

Featured Image: Stryx