လူသားများအတွက် မျက်စိ တစ်စုံသည် အင်မတန်မှ အရေးကြီးတဲ့ အင်္ဂါအစိတ်အပိုင်းဖြစ်တဲ့အတွက်ကြောင့် မျက်စိ ကျန်းမာရေး ကို အထူးဂရုစိုက်ရမှာပဲဖြစ်ပါတယ်။ မျက်စိ ကျန်းမာရေး အတွက် Screen Time အချိန်ကိုလည်း သေသေချာချာ ကန့်သတ်ထားသင့်ပြီး ညနက်သန်းခေါင်အချိန်အထိ ဖုန်းသုံးခြင်းကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။

ညနက်သန်းခေါင်အချိန်၊ အခန်းမီးရောင် မှိန်မှိန်ထဲတွင် ဖုန်းသုံးပါက အိပ်ရေးပျက်စေပြီး ကျန်းမာရေး ထိခိုက်စေနိုင်သည်သာမကဘဲ ကွီးတို့ရဲ့ မျက်စိ ကျန်းမာရေး ၊ အာရုံကြောနှင့် ဦးနှောက် စွမ်းဆောင်ရည်ကိုလည်း ကျဆင်းစေနိုင်ပါတယ်။ ကွီးတို့အနေနဲ့ ကိုယ့်ရဲ့ မျက်စိကို ဘာအကြောင်းကြောင်းကြောင့်နဲ့မှ အထိအခိုက် မခံစေချင်ဘူး၊ အမြင်အာရုံ ဝေဝါးကာ အမြင်အာရုံ တဖြည်းဖြည်း ယိုယွင်းပျက်စီးလာမှာကို မလိုလားဘူးဆိုရင်တော့ အခုဖော်ပြပေးမယ့် ဆောင်ရန် ရှောင်ရန်များကို သိထားသင့်ပါတယ်။

ဒီအချက်များကတော့ ကိုယ့်ရဲ့ မျက်မှန်သမားတွေအတွက်လည်း မျက်မှန်ပါဝါ ဒီ့ထက်ပိုပြီး တက်မလာအောင် ကူညီပေးမှာဖြစ်ပြီး မျက်မှန်မတပ်သူများလည်း မျက်မှန် တပ်ရတဲ့အဖြစ်မျိုးမှ ကင်းဝေးအောင် ကူညီပေးပါလိမ့်မယ်။

မျက်စိကို မပွတ်ပါနှင့်

eye health for men

မျက်လုံးထဲ တစ်ခုခု ဝင်သွားတဲ့အခါမျိုးမှာ ကျနော်တို့သည် ချက်ချင်းဆိုသလိုပဲ မျက်စိကို လက်ဖြင့် ပွတ်သပ်မလိုက်ကြပါတယ်။ တကယ်တော့ ကျနော်တို့ရဲ့ လက်ပေါ်မှာ ဘက်တီးရီးယား ပိုးမွှားများစွာ ကပ်တွယ်နေတာ ဖြစ်ပါတယ်။ ထိုညစ်ပေနေတဲ့လက်ဖြင့် မျက်စိကို ပွတ်မိမယ်ဆိုရင်တော့ မျက်စိထဲ ဘက်တီးရီးယား ပိုးမွှားများ ဝင်ရောက်သွားပြီး၊ မျက်စိ နီမြန်းရောင်ရမ်းခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။ တကယ်လို့ မျက်စိ ရောင်တာက အရောင်မကျသွားဘူးဆိုရင်တော့ အိမ်မှာပဲ ဆေးမြီးတိုများနှင့် ကြိတ်ကုမနေဘဲ မျက်စိ ဆရာဝန်ထံ ကုသမှု ခံယူသင့်ပါတယ်။ ဒါ့ကြောင့် မျက်စိထဲ တစ်ခုခု ဝင်သွားတဲ့အခါ၊ မျက်စိ ခိုးလုခုလုဖြစ်ပြီး မျက်စိကို ပွတ်သပ်ချင်နေတဲ့အခါ မိမိစိတ်ကို ထိန်းထားပြီး သန့်စင်တဲ့ ရေဖြင့် မျက်စိကို ဆေးကြောပေးနိုင်ပါတယ်။ ဒါမှမဟုတ် လက်ကို ဆပ်ပြာနှင့် သန့်စင်အောင် အရင်ဆေးကြောပြီး မျက်စိကို ရေဖြင့် သန့်စင်အောင် ဆေးကြောနိုင်ပါတယ်။

မျက်ကပ်မှန်နှင့် ရေမကူးပါနှင့်

eye health for men

ဒီအချက်ကတော့ မျက်ကပ်မှန်သမားတွေအတွက်ဖြစ်ပါတယ်။ ကွီးတို့အနေနဲ့ ကိုယ်ကိုယ်တိုင်ကပဲဖြစ်ဖြစ်၊ ကိုယ့်အသိမိတ်ဆွေကပဲဖြစ်ဖြစ် မျက်ကပ်မှန် တပ်တယ်ဆိုရင် ရေကူးတဲ့အခါ မျက်ကပ်မှန် ချွတ်ဖို့ သတိပေးသင့်ပါတယ်။ ရေထဲမှာလည်း ဘက်တီးရီးယား ပိုးမွှားများ ရှိနေနိုင်ပြီး ထိုဘက်တီးရီးယားများက သင့်ရဲ့ မျက်ကပ်မှန်ထဲမှာ ကပ်ငြိနေနိုင်လို့ပါပဲ။ တကယ်လို့ သင်က ပါဝါသမားဆိုရင်တော့ ရေကူးမျက်မှန်ကို ပါဝါတပ်ထားပြီး ဝတ်ဆင်မယ်ဆိုရင်တော့ ရေကူးတဲ့အခါမှာလည်း ရှင်းရှင်းလင်းလင်း မြင်နိုင်မှာဖြစ်ပါတယ်။ ဒါမှမဟုတ် မျက်ကပ်မှန်ကို တစ်ခါသုံး မျက်ကပ်မှန် အသုံးပြုကာ ရေကူးနိုင်ပါတယ်။

ရေကူးတဲ့အခါ ရေကူးမျက်မှန် တပ်ပြီး ရေကူးပါ

eye health for men

ရေကူးကန်ထဲမှာပဲ ရေကူးကူး၊ ပင်လယ်ကမ်းခြေမှာပဲ ရေကူးကူး၊ အမှိုက်သရိုက်နှင့် ဘက်တီးရီးယားတွေဆိုတာ သင့် မျက်စိနဲ့ မြင်နိုင်တဲ့အရာတွေ မဟုတ်ပါဘူး။ မတော်တဆ မျက်လုံးထဲ ဝင်သွားတဲ့အခါ မျက်စိရောဂါများ ခံစားရနိုင်ပါတယ်။ ဒါ့ကြောင့် ရေကူးတဲ့အခါ ရေကူးမျက်မှန်ကို မမေ့မလျော့ဘဲ တပ်ကာ ရေကူးသင့်ပါတယ်။

အပြင်ထွက်တဲ့အခါ နေလောင်ကာခရင်မ် လိမ်းကျံပါ

မျက်စိ ကျန်းမာရေး

နေလောင်ခြင်းနှင့် အရေပြားကင်ဆာတို့သည် အသားအရေရဲ့ မည်သည့်အစိတ်အပိုင်းမှာမဆို ဖြစ်ပေါ်နိုင်ပါတယ်။ မျက်လုံးနားတစ်ဝိုက်နှင့် မျက်ခွံပေါ်မှာတောင် ဖြစ်ပေါ်နိုင်ပါတယ်။ လူတော်တော်များများသည် နေလောင်ကာခရင်မ် လိမ်းတဲ့အခါ မျက်စိယားယံမှာစိုးတဲ့အတွက် မျက်စိနားတစ်ဝိုက်ကို ချန်ထားပြီး နေလောင်ကာခရင်မ် မလိမ်းဘဲ ထားခဲ့တတ်ပါတယ်။ ဒါပေမဲ့လည်း သင့်အနေနဲ့ သင့်ရဲ့ မျက်စိနားတစ်ဝိုက်က အသားအရေကို ကာကွယ်ဖို့ လိုပါသေးတယ်။ ဒါဆိုရင်တော့ အကောင်းဆုံး ဖြေရှင်းနည်းကတော့ မျက်နှာအတွက် အဓိကထား ထုတ်လုပ်ထားတဲ့ နေလောင်ကာခရင်မ်မျိုးကို ရွေးချယ်အသုံးပြုပေးရမှာပဲ ဖြစ်ပါတယ်။

နေကာမျက်မှန် တပ်ဖို့လည်း မမေ့ပါနှင့်

မျက်စိ ကျန်းမာရေး

နေကာမျက်မှန်များသည် ကွီးတို့ရဲ့ ဖက်ရှင်ကို မိမိုက်စေရုံသာမကဘဲ ကွီးတို့ရဲ့ မျက်စိကျန်းမာရေးအတွက်လည်း အထူးကာကွယ်ပေးတဲ့ ဖက်ရှင်အသုံးအဆောင်ပစ္စည်းတစ်မျိုးဖြစ်ပါတယ်။ ဒါပေမဲ့ ကွာလတီကောင်းတဲ့ နေကာမျက်မှန် စစ်စစ်ကို အသုံးပြုဖို့ လိုအပ်ပါတယ်။ နေရောင်ကို အမှန်တကယ် ကာကွယ်ပေးတဲ့ နေကာမျက်မှန်သာလျှင် ခရမ်းလွန်ရောင်ခြည်နှင့် အခြားအန္တရာယ်ရှိသော အလင်းတန်းများ အန္တရာယ်မှ ကွီးတို့ရဲ့ မျက်စိကို ကာကွယ်ပေးနိုင်တာပါ။ နေကာမျက်မှန် အသုံးပြုခြင်းအားဖြင့် မျက်စိ တိမ်ဖုံးခြင်းနှင့် အခြားသော မျက်စိရောဂါများမှလည်း ကာကွယ်ပေးပါတယ်။

မျက်စိအားကောင်းစေသည့် အစားအစာများ စားသုံးပါ

မျက်စိ ကျန်းမာရေး

ဗီတာမင်၊ Anti-Oxidants နှင့် အခြားသော အာဟာရဓာများ ကြွယ်ဝစွာ ပါဝင်တဲ့ အစားအစာများကို စားသုံးသင့်ပါတယ်။ မျက်စိအတွက် အကောင်းဆုံးကတော့ ဗီတာမင် အေနှင့် Beta-Carotene တို့ ပါဝင်တဲ့ အစားအစာများပဲဖြစ်ပါတယ်။ ရာသီပေါ် အသီးအနှံများ၊ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များ၊ ဟင်းနုနွယ်ရွက်၊ ပန်းဂေါ်ဖီစိမ်း၊ မုန်လာဥနီ၊ ဖရဲသီး စတဲ့ အစားအစာများသည်လည်း မျက်စိကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ အစားအစာများပဲ ဖြစ်ပါတယ်။

လေ့ကျင့်ခန်း မှန်မှန်ပြုလုပ်ပါ

မျက်စိ ကျန်းမာရေး

မျက်စိ လေ့ကျင့်ခန်းသည်လည်း ပုံမှန်ပြုလုပ်သင့်တဲ့ အရာတစ်ခုပဲ ဖြစ်ပါတယ်။ အထူးသဖြင့် ကွန်ပျူတာနှင့် အလုပ်လုပ်နေရသူများအတွက်ဖြစ်ပါတယ်။ ကွန်ပျူတာနှင့် အလုပ်လုပ်နေစဥ်မှာ မိနစ် ၂၀ ပြည့်တိုင်းမှာ ပေ ၂၀ အကွာအဝေးရှိတဲ့ အရာဝတ္ထုတစ်ခုခုကို စက္ကန့် ၂၀ ခန့် ကြည့်ရှုပေးနိုင်ပါတယ်။

ဒါ့အပြင် တစ်နှစ်လျှင် တစ်ကြိမ် မျက်စိ ကျန်းမာရေးအတွက် စစ်ဆေးသင့်ပါတယ်။ မီးရောင်မှိန်မှိန်ထဲတွင် အလုပ် လုပ်ခြင်းကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။

Source: Dishaeye

Featured Image: Freepik