ဟောက်ခြင်းဆိုတာ အိပ်နေချိန် ရှူသွင်းတဲ့လေတွေက လည်ချောင်းတစ်ရှူးကို ဖြတ်စဉ် ပျော့ပြောင်းသော တစ်ရှူးများတုန်ခါရာမှ ဖြစ်ပေါ်လာတဲ့ ကြမ်းတမ်းတဲ့ အသံဖြစ်ပါတယ်။ လူတိုင်းနီးပါး ဟောက် တတ်ပေမဲ့ တချို့လူတွေမှာ အမြဲတမ်းလိုလို ဖြစ်နေနိုင်ပါတယ်။ ဒါက ကျန်းမာရေးဆိုင်ရာပြဿနာတစ်ရပ် ဖြစ်လာနိုင်ပါတယ်။ ကွီးတို့ရေ ဟောက်ခြင်းကို ဖြစ်စေတဲ့ အကြောင်းတရား အများကြီးရှိပါတယ်။ ကျယ်လောင်စွာ ဟောက်ခြင်းကြောင့် အခြားသူတွေကို အနှောင့်အယှက် ဖြစ်စေပါတယ်။ ကွီးတို့ ကိုယ်တိုင် ဟောက်တတ်သူ ဖြစ်နေရင် အိပ်ပျော်နေချိန် ဟောက် တာကို သက်သာဖို့ အတွက် ပြုမူနေထိုင်ရမဲ့ လူနေမှုပုံစံနည်းလေးများကို သုံးပြီး ဟောက်တာကို လျော့ချစေနိုင်ပါတယ်။

အလေးချိန်လျော့ပါ

ဟောက် သက်သာဖို့

Photo : Medical News Today

ကွီးအနေနဲ့ အဝလွန်နေပါက ကိုယ်အလေးချိန် လျှော့ချပါ။ အဝလွန်သူတွေက ဟောက်ခြင်းကို အထောက်အကူဖြစ်စေတဲ့ လည်ချောင်းမှာ အပိုတစ်ရှူးများ ရှိနေနိုင်ပါတယ်။ ကိုယ်အလေးချိန် လျှော့ချခြင်းက ဟောက် ခြင်းကို သက်သာဖို့ အ‌ထောက်အကူ ပြုပါတယ်။

ဘေးစောင်းအိပ်ပါ

ဟောက် သက်သာဖို့

Photo : Baptist Health Blog

ပက်လက်လှဲအိပ်ခြင်းက လျှာကို လည်ချောင်းအတွင်းသို့ နောက်ပြန်ကျ သွားစေပြီး အသက်ရှူလမ်းကြောင်းကို ကျဉ်းစေကာ လေ၀င်လေထွက်ကို တစ်စိတ်တစ်ပိုင်း ပိတ်ဆို့စေပါတယ်။ ဒါ့အပြင် အိပ်ရာခေါင်းအုံးကို (၄) လက်မခန့် မြှင့်ခြင်းက အထောက်အကူ ဖြစ်နိုင်ပါတယ်။ ဒီအချက်လေးတွေကလည်း ဟောက် တာကို သက်သာဖို့ ကူညီနိုင်ပါတယ်။

ပါးစပ်လေ့ကျင့်ခန်းများ လုပ်ပါ

ဟောက် သက်သာဖို့

Phtoto : Dr. Varsha Health Solution

Oropharyngeal Exercises16 ဟုခေါ်သော ပါးစပ်လေ့ကျင့်ခန်းက လျှာ၊ အာခေါင်ပျော့နှင့် လည်ချောင်းရှိ ကြွက်သားတွေကို အားကောင်းစေတဲ့အတွက် ဟောက်ခြင်းကို (၅၉) ရာခိုင်နှုန်း လျှော့ချနိုင်တယ်လို့ သုတေသနတွေ့ရှိချက်တွေအရ သိရှိရပါတယ်။

ဆေးလိပ်ဖြတ်ပါ

ဟောက် သက်သာဖို့

Photo : Help Guide

ဆေးလိပ်ဖြတ်ခြင်းက အခြားသော ကျန်းမာရေး အကျိုးကျေးဇူးများအပြင် ဟောက်ခြင်းကိုလည်း လျှော့ချပေးနိုင်ပါတယ်။ ဒါ့အပြင် အိပ်ရာမဝင်မီ အနည်းဆုံး နှစ်နာရီအလိုတွင် အရက်ယမကာများ သောက်သုံးခြင်းကို ရှောင်ကြဉ်ပါ။ စိတ်ငြိမ်ဆေးများနှင့် အရက်က လည်ချောင်းရှိ တစ်ရှူးများအပါအဝင် ကြွက်သားများကို အလွန်အကျွံ ပြေလျော့စေကာ ဗဟိုအာရုံကြောစနစ်ကို နှိမ့်ချစေတဲ့အတွက် ဟောက်ခြင်းကို ပို ဖြစ်စေပါတယ်။

လုံလောက်အောင် အိပ်ပါ

To reduce snoring

Photo : JHU Hub

အရွယ်ရောက်ပြီးသူတိုင်း တစ်ညလျှင် အနည်းဆုံး ခုနစ်နာရီ အိပ်စက်သင့်ပါတယ်။ အိပ်ရေးဝခြင်းက ကြွက်သားများ ကောင်းမွန်စွာ အလုပ်လုပ်သဖြင့် ဟောက်ခြင်းကို သက်သာစေနိုင်ပါတယ်။

Nasal Strips သို့မဟုတ် An External Nasal Dilator ကပ်ခွာကို သုံးပါ

To reduce snoring

Photo : KDVR

နှာခေါင်းရဲ့ ပြင်ပတွင် တပ်ဆင်ခြင်းဖြင့် နှာခေါင်းလမ်းကြောင်း ဧရိယာကို တိုးစေပြီး အသက်ရှူမှုကို အားကောင်းစေပါတယ်။ လေဝင်လေထွက်ခုခံမှုကို လျှော့ချပေးတဲ့အတွက် ဟောက်ခြင်းကို သက်သာစေပါတယ်။ နောက်တစ်ချက်ကတော့ ဓါတ်မတည့်ခြင်းရောဂါ ရှိနေရင် သို့မဟုတ် နှာခေါင်းတွင်း ပိတ်ဆို့မှု တစ်ခုခု ရှိနေပါက ဆရာဝန်နှင့် ပြသကုသခြင်းဖြင့် အသက်ရှူလွယ်ကူပြီး ဟောက်ခြင်းကို သက်သာစေနိုင်ပါတယ်။

ကွီးတို့ရေ အခုဖော်ပြထားတဲ့ အချက်တွေက အလွယ်တကူ လုပ်လို့ရတဲ့ အိပ်ပျော်နေချိန် ဟောက် တာကို သက်သာဖို့ အတွက် ပြုမူနေထိုင်ရမဲ့ နည်းလေးများ ဖြစ်ပါတယ်။

Source : Sleep Foundation

Featured Photo : Health Shots