သင့်ရဲ့ မျက်လုံးများဟာ သင့်ရဲ့ဂရုစိုက်မှုအခြေအနေပေါ် မူတည်ပြီး အမြင်အာရုံ ကြည်လင်ပြတ်သားမှု၊ မျက်စိအားကောင်းမှု အခြေအနေတို့သည် ကွာခြားသွားနိုင်ပါတယ်။ အမြင်အာရုံ မှုန်ဝါးခြင်းမှ ကာကွယ်ပေးပြီး မျက်စိ အားကောင်း စေမယ့် နည်းလမ်း များကို ပုံမှန်လိုက်နာကျင့်သုံးကာ မျက်စိ အားကောင်းစေမယ့် အစားအစာများ စားသုံးပေးမယ်ဆိုရင်တော့ အိုမင်းရင့်ရော်လာသည့်တိုင်အောင် မျက်စိအားကောင်းနေမှာပဲဖြစ်ပါတယ်။

အမြင်အာရုံ မှုန်ဝါး ခြင်းမှ ကာကွယ်ပေးပြီး မျက်စိ အားကောင်း စေမယ့် နည်းလမ်း များကတော့ …

မျက်စိအားကောင်းစေမယ့် အစားအစာများ စားသုံးပါ

မျက်စိ အားကောင်း နည်းလမ်း

အိုမီဂါသရီးဖက်တီးအက်ဆစ်ဓာတ်ကြွယ်ဝသော အစားအစာများ၊ ဇင့်ဓာတ်၊ ဗီတာမင်စီဓာတ်၊ ဗီတာမင်အီးဓာတ် စတဲ့ အစားအစာများသည် မျက်လုံးကြွက်သားများအတွက် အထူးကောင်းမွန်ပြီး မျက်စိတိမ်စွဲခြင်းမှလည်း ကာကွယ်ပေးပါတယ်။

အစိမ်းရင့်ရောင်ရှိတဲ့ အစားအစာတွေဖြစ်ကြတဲ့ ဟင်းနုနွယ်၊ ကိုက်လန်တို့အပြင် ဆော်လမွန်ငါး၊ တူနာငါးနှင့် အခြားသော အဆီဓာတ်ကြွယ်ဝသော အစားအစာများ၊ ဥအမျိုးမျိုး၊ အခွံမာသီးအမျိုးမျိုး၊ ပဲအမျိုးမျိုး၊ လိမ္မော်သီးနှင့် အချဉ်ဓာတ် ကြွယ်ဝသော အစားအစာများ စတဲ့ အစားအစားများကို များများစားသုံးသင့်ပါတယ်။

ထိုအစားအစာများသည် အဝလွန်ခြင်းနှင့် ဆီးချိုရောဂါ ဖြစ်ပွားခြင်းမှလည်း ကာကွယ်ပေးတာကြောင့် နေ့စဉ်မှန်မှန်စားသုံးပေးလိုက်ပါ။

ဆေးလိပ်ဖြတ်လိုက်ပါ

မျက်စိ အားကောင်း နည်းလမ်း

ဆေးလိပ်သောက်ခြင်းသည် မျက်စိတိမ်စွဲခြင်းကို တွန်းအားပေးနေတဲ့ တရားခံတစ်ခုပဲဖြစ်ပါတယ်။ တဖြည်းဖြည်းနဲ့ ဆေးလိပ်သောက်တဲ့ ပမာဏ များပြားလာပါက အမြင်အာရုံကျဆင်းလာပြီး မျက်လုံးကြါက်သားများ အားနည်းလာတတ်ပါတယ်။ ဒါ့ကြောင့် အချိန်မလွန်ခင်ကတည်းက ဆေးလိပ်မြန်မြန် ဖြတ်ထားလိုက်ပါ။

နေကာမျက်မှန်တပ်ပါ

tips for men with glasses

အပြင်သွားတိုင်းမှ နေကာမျက်မှန်တပ်ထားတဲ့အခါ မျက်စိကို ခရမ်းလွန်နေရောင်ခြည်ဒဏ် တိုက်ရိုက်ထိတွေ့ခြင်းမှ ကာကွယ်ပေးပြီး မျက်စိကြွက်သားများ မပျက်စီးအောင် ကာကွယ်ပေးပါတယ်။ တစ်ခုသတိထားရမှာကတော့ အရည်အသွေးကောင်းတဲ့ နေကာမျက်မှန်ကိုသာ ရွေးချယ်တပ်ဆင်ဖို့ပါပဲ။ အရည်အသွေးမကောင်းတဲ့ နေကာမျက်မှန်များသည် ခရမ်းလွန်ရောင်ခြည်ဒဏ်မှ မကာကွယ်ပေးတဲ့အပြင် အခြေအနေပိုမို ဆိုးရွားလာစေပါတယ်။ အရည်အသွေးမကောင်းတဲ့ နေကာမျက်မှန် တပ်ဆင်ခြင်းသည် နေကာမျက်မှန်မတပ်ဆင်ခြင်းထက်ပင် ပိုပြီးအန္တရာယ်များပါတယ်။

ကွန်ပျူတာအသုံးပြုချိန်၊ ဖုန်းအသုံးပြုချိန်တို့ကို လျော့ချပါ

tips for men with glasses

ကွန်ပျူတာကို မဖြစ်မနေသုံးရမယ်ဆိုရင်တော့ ၄၅ မိနစ်လောက် သုံးပြီးနောက် ၅ မိနစ်လောက်ကို ကွန်ပျူတာမကြည့်ဘဲ နေပါ။ အခြားနေရာသို့ အာရုံလွှဲကာ မျက်စိလေ့ကျင့်ခန်းလေး ပြုလုပ်ကြည့်လိုက်ပါ။ ဒါဆိုရင်တော့ မျက်မှန်သမားတွေအနေနဲ့လည်း မျက်စိပါဝါတိုးလာမှာမဟုတ်တော့ပါဘူး။

ဒါ့အပြင် မျက်မှန်သမားများအနေနဲ့လည်း ၆ လတစ်ကြိမ် မျက်စိဆရာဝန်ထံ ပြသကာ မျက်စိကို ပုံမှန်စစ်ဆေးသင့်ပါတယ်။

Source: Webmd

Featured Image Source: Menshealth