အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ မျက်မှန်တပ်ရတဲ့ မျက်မှန်သမား တွေအတွက် မျက်စိအားကောင်းစေမယ့် လွယ်ကူရိုးရှင်းသော လေ့ကျင့်ခန်း များနဲ့ ပြုလုပ်နည်းအသွယ်သွယ်ကို ဝေမျှပေးချင်ပါတယ်။

မျက်မှန်သမား များအနေနဲ့ အခုဖော်ပြပေးမယ့် လေ့ကျင့်ခန်း များကို ပုံမှန်ပြုလုပ်တဲ့အပြင် ဗီတာမင် အေဓာတ်ကြွယ်ဝသော အစားအစာတွေဖြစ်တဲ့ မုန်လာဥနီ၊ ကြက်ဥ၊ နွားနို့၊ ရွှေဖရုံသီး၊ ဗီတာမင်စီ ဓာတ် ကြွယ်ဝတဲ့ သံပုယိုသီး၊ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ၊ အိုမီဂါသရီဓာတ် ကြွယ်ဝသော အစားအစာများ၊ ဗီတာမင် အီးဓာတ် ကြွယ်ဝသော အစားအစာများ၊ Zeaxanthin ဓာတ် ကြွယ်ဝသော အစားအစာများ စားသုံးပေးပါက သင့်ရဲ့ မျက်လုံးများသည် မျက်လုံးအား ပြန်ကောင်းလာမှာဖြစ်ပါတယ်။

အဆင်သင့်ဖြစ်ပြီဆိုရင်တော့ လေ့ကျင့်ခန်းများကို ဆက်လေ့လာကြည့်လိုက်ရအောင်။

လေ့ကျင့်ခန်း (၁)

eye exercises for kwee

Photo: Virtual Medical Centre

မျက်တောင်ခတ်ခြင်းလေ့ကျင့်ခန်းကို ၂ မိနစ်တိတိ ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။ ထိုကဲ့သို့ ၂ မိနစ်ခန့် မျက်တောင်ခတ်ပေးခြင်းအားဖြင့် မျက်လုံးထဲရှိ သွေးလှည့်ပတ်မှုကို ကောင်းမွန်လာစေမှာ ဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၂)

မျက်မှန်သမား လေ့ကျင့်ခန်း

တစ်နေရာတည်းကို မျက်တောင်မခတ်ဘဲ စူးစိုက်ကြည့်နေစဉ်မှာ သင့်ရဲ့ ဦးခေါင်းကို စက်ဝိုင်းပုံသဏ္ဍာန် လှည့်ပတ်ပေးရမှာ ဖြစ်ပါတယ်။ အရင်ဦးဆုံး ဘယ်ကနေ ညာကို ဝိုက်ပါ။ ထို့နောက် အပေါ်၊ အောက် ရွေ့လျားပါ။

လေ့ကျင့်ခန်း (၃)

မျက်မှန်သမား လေ့ကျင့်ခန်း

ဦးခေါင်းကို မရွေ့လျားစေဘဲ မျက်လုံးကိုသာ ရွေ့လျားရမယ့် လေ့ကျင့်ခန်းဖြစ်ပါတယ်။

အရင်ဦးဆုံး ညာဘက်သို့ ကြည့်ပါ။ ထို့နောက် မျက်လုံးအကြည့်ကို ဖြည်းဖြည်းချင်းစီ ဘယ်ဘက်သို့ ရွေ့လျားလိုက်ပါ။

လေ့ကျင့်ခန်း (၄)

eye exercises for kwee

Photo: iStock

မျက်လုံးကို မှိတ်ထားပြီး စိတ်ကို လျော့ချထားပါ။ အမှောင်သည် သင့်ရဲ့ မျက်လုံးဆဲလ်များကို အားကောင်းလာစေပြီး အမြင်ကြည်လင်လာအောင် ကူညီပေးနိုင်ပါတယ်။

လေ့ကျင့်ခန်း (၅)

မျက်မှန်သမား လေ့ကျင့်ခန်း

မျက်လုံးကို ဦးတည်ဘက်အမျိုးမျိုးဖြင့် ရွေ့လျားပေးရမယ့် လေ့ကျင့်ခန်းဖြစ်ပါတယ်။ အရင်ဦးဆုံး ဘယ် ညာကြည့်ပါ။ ထို့နောက် အပေါ် အောက် ကြည့်ပါ။ တစ်ဖန် စက်ဝိုင်းပုံသဏ္ဍာန် ရွေ့လျားရမှာ ဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၆)

eye exercises for kwee

Photo: Eyemichigan

မျက်လုံးကို ၃ စက္ကန့်ကနေ ၅ စက္ကန့်ခန့်အထိ တင်းတင်းကြပ်ကြပ်ပိတ်ထားပါ။ ထို့နောက် မျက်လုံးပြန်ဖွင့်လိုက်ပါ။ ၇ ကြိမ်ခန့် ပြုလုပ်ပေးရမှာဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၇)

eye exercises for kwee

Photo: Specscart

လက်ဖဝါးနှစ်ဖက်ကို အနည်းငယ် ပူနွေးလာသည်အထိ ပွတ်တိုက်ပေးလိုက်ပါ။ ထို့နောက် မျက်လုံးပေါ်မှာ အုပ်ထားလိုက်ပါ။ ၂ စက္ကန့်ခန့် အုပ်ထားပေးရမှာဖြစ်ပါတယ်။ စုစုပေါင်း ၄ ကြိမ်မှ ၅ ကြိမ်ခန့်အထိ ပြုလုပ်ပေးလိုက်ပါ။

လေ့ကျင့်ခန်း (၈)

မျက်မှန်သမား လေ့ကျင့်ခန်း

မျက်လုံးဖွင့်ကာ ပုံသဏ္ဍာန်မျိုးစုံကို စိတ်ထဲမှာ ပုံဖော်နေပြီး သင့်မျက်လုံးက ထိုပုံသဏ္ဍာန်များအတိုင်း လိုက်လံပြုလုပ်ရမှာ ဖြစ်ပါတယ်။ စက်ဝိုင်းပုံကနေ၊ တြိဂံပုံ၊ ထောင့်မှန်စတုဂံပုံ၊ အင်္ဂလိပ်အက္ခရာ “8” ပုံ စသည်ဖြင့် လွယ်ကူတဲ့ ပုံသဏ္ဍာန်ကနေ ရှုပ်ထွေးတဲ့ပုံသဏ္ဍာန်များအထိ ပြုလုပ်ပေးရမှာဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၉)

 

eye exercises for kwee

မျက်လုံးပိတ်ထားပါ။ မျက်လုံးပိတ်လျက်သားဖြင့် မျက်လုံးကို အပေါ်အောက် ဘယ်ညာ ရွေ့လျားပေးရပါမယ်။ စုစုပေါင်း ၅ ကြိမ်မှ ၁၀ ကြိမ် ပြုလုပ်ပါ။

လေ့ကျင့်ခန်း (၁၀)

မျက်မှန်သမား လေ့ကျင့်ခန်း

နံရံကို မျက်နှာမူကာ ခုံတစ်လုံးပေါ်တွင် ထိုင်နေပါ။ သင့်ရဲ့ လက်မက သင့်မျက်လုံးနဲ့ ၁၀ လက်မမှ ၂၀ လက်မ အကွာအဝေးတွင် ထားထားကာ ထိုလက်မကိုသာ အာရုံစိုက်ကာ ကြည့်နေပါ။ (လက်မမဟုတ်ဘဲ အခြားသော အရာဝတ္ထုတစ်ခုခုကို အာရုံစိုက်ထားလည်းရပါတယ်) ထိုအရာကို ၁၀ စက္ကန့်မှ ၁၅ စက္ကန့်အထိ စူးစိုက်ကြည့်နေပါ။

ဒုတိယအဆင့်အနေနဲ့ သင့်ရဲ့မျက်စိနဲ့ ၁၀ ပေ၊ ပေ ၂၀ ခန့် ဝေးကွာတဲ့ အရာဝတ္ထုတစ်ခုကို ဦးခေါင်းမရွေ့လျားစေဘဲ ၁၀ စက္ကန့်မှ ၁၅ စက္ကန့်အထိ ကြည့်ပေးရမှာဖြစ်ပါတယ်။

ဒုတိယအဆင့်ပြီးတဲ့အခါ ပထမအဆင့်ကို ပြန်သွားပါ။ ၁၀ လက်မနှင့် လက်မ ၂၀ ကြားအကွာအဝေးတွင်ရှိသော အရာဝတ္ထုကို ၁၀ စက္ကန့်၊ ၁၅ စက္ကန့်ခန့် ပြန်ကြည့်ရပါမယ်။

ထိုအဆင့်များအားလုံးပြီးသွားပါက တစ်ကြိမ်လို့ သတ်မှတ်ပါ။ စုစုပေါင်း ၅ ကြိမ် ပြုလုပ်ရမှာဖြစ်ပါတယ်။

Source: Brightside

Featured Image Source: Betterme.world