Honor ကနေ Global Markets မှာ ရောင်းချပေးသွားမယ့် Honor 70 Lite 5G လို့ခေါ်တဲ့ ဈေးနှုန်းသင့် ဖုန်းအသစ်ကို မိတ်ဆက်လိုက်ပါတယ်။ ဒီဖုန်းဟာ စျေးသက်သာသလောက် ကြီးမားကျယ်ပြန့်တဲ့ မျက်နှာပြင် ၊ ဘက်ထရီ Capacity ကြီးကြီးနဲ့ စွမ်းဆောင်ရည်မြင့် ကင်မရာတွေအပါအဝင် စိတ်ဝင်စားစရာ Features တွေအများကြီးကို ထည့်သွင်းပေးထားပါတယ်။

Photo : Gizmochina

Honor 70 Lite 5G ဖုန်းမှာ ၆.၅ လက်မ မျက်နှာပြင်တပ်ဆင်ပေးထားပြီး HD+ Resolution နဲ့ 60Hz Refresh Rate ထောက်ပံ့ပေးထားပါတယ်။ SoC အနေနဲ့ Snapdragon 480 Plus Chipset မောင်းနှင်ထားပြီး 4GB RAM နဲ့ 128 GB Storage ဗားရှင်းတစ်မျိုးတည်းနဲ့ လာပါတယ်။ ကင်မရာပိုင်းမှာတော့ ကျောဘက်မှာ ကင်မရာ ၃ လုံးပါတဲ့ စတုရန်းပုံ Camera Island တစ်ခုထည့်သွင်းထားပြီး 50-megapixel Main ကင်မရာနဲ့ 2-megapixel ကင်မရာ ၂ လုံးတွဲဖက်တပ်ဆင်ပေးထားပါတယ်။ ရှေ့ဘက်မှာတော့ 8-megapixel ဆယ်လ်ဖီ ကင်မရာ ၁ လုံးပါဝင်ပါတယ်။

ဘက်ထရီ ကြီးကြီးမှကြိုက်သူတွေအတွက် USB-C အားသွင်းပေါက်ကနေတစ်ဆင့် အားသွင်းနိုင်မယ့် 22.5W Fast Charging စနစ်ထောက်ပံ့ပေးထားတဲ့ 5,000mAh ဘက်ထရီ ထည့်သွင်းပေးထားပါတယ်။ ဆော့ဖ်ဝဲပိုင်းမှာတော့ Android 12 အခြေပြု Magic UI 6.1. ကို အသုံးပြုထားပြီး Security Features တွေအနေနဲ့ ဖုန်းရဲ့ဘေးဘက်ခြမ်းမှာ Fingerprint Scanner နဲ့ Face Unlock တို့ကိုလည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် Dual SIM ၊ 5G ၊ Wi-Fi 802.11ac ၊ Bluetooth 5.1 ၊ GPS နဲ့ 3.5mm နားကြပ်ပေါက်တို့လည်း ပါဝင်ပါတယ်။

Photo : Gizmochina

Honor 70 Lite 5Gဖုန်းကို Titanium Silver ၊ Ocean Blue နဲ့ Midnight Black ဆိုပြီး အရောင်သုံးမျိုး ရွေးချယ်စရာပေးထားပြီး 4GB RAM / 128 GB Storage ဗားရှင်းကို UK မှာ ၁၉၉ ယူရိုနဲ့ ရောင်းချပေးသွားမှာပဲ ဖြစ်ပါတယ်။

Featured Photo : Gizmochina