Realme ဟာ C31 ထွက်ပြီး ၃ လအကြာမှာပဲ နောက်ထပ်ဈေးသက်သာတဲ့ Entry-Level စမတ်ဖုန်း တစ်လုံး ထပ်မံမိတ်ဆက်လိုက်ပါတယ်။ ဒီဖုန်းဟာ 5,000 mAh ဘက်ထရီနဲ့ ကြီးမားကျယ်ပြန့်တဲ့ ၆.၅ လက်မ မျက်နှာပြင် တပ်ဆင်ထားတဲ့ Realme C30 စမတ်ဖုန်း ဖြစ်ပါတယ်။

Photo : GSMArena.com

Realme C30 မှာ Unisoc T612 Chipset မောင်းနှင်းထားပြီး 12nm Process နဲ့ 1.8 GHz မှာ Cortex-A75 Units ၂ ခုနဲ့ Octa-core CPU ပါရှိပါတယ်။ ရှေ့ဘက်မှာ HD+ ရုပ်ထွက် LCD မျက်နှာပြင်နဲ့ 5MP Selfie Camera ထည့်သွင်းတဲ့ Waterdrop Notch နဲ့ လာပါတယ်။

ကျောဘက်မှာတော့ 8MP ကင်မရာ ၁ လုံးသာသုံးထားပြီး LED Flash ၁ လုံးတွဲဖက် တပ်ဆင်ပေးထားပါတယ်။ 2/3GB RAM နဲ့ 32GB Storage ထည့်သွင်းထားပြီး ဓာတ်ပုံ၊ သီချင်းနဲ့ အခြားဒေတာတွေ သိမ်းဆည်းနိုင်ဖို့ 1TB အထိ ထပ်မြှင့်နိုင်မယ့် သီးသန့် microSD slot တစ်ခုပါရှိပါတယ်။

Realme C30 မှာ Android 11 ကိုအခြေခံထားတဲ့ Realme Go Edition သီးသန့် UI ပါရှိပြီး 2 GB RAM နဲ့ ကောင်းကောင်းလည်ပတ်နိုင်တဲ့ ပေါ့ပေါ့ပါးပါး Apps တွေလည်း ထည့်သွင်းပေးထားပါတယ်။

ဖုန်းရဲ့ ကိုယ်ထည်ဟာ 8.5 မီလီမီတာ အထူသာရှိပြီး ကျောဘက်မှာတော့ လှပတဲ့အစင်းကြောင်းဒီဇိုင်းတွေ ပါရှိပါတယ်။ အခုနောက်ပိုင်းဖုန်းတွေမှာ မြင်တွေ့ရတဲ့ Flat Side ဘောင်ပြားဒီဇိုင်းနဲ့ ထွက်လာပေမယ့် ထူးဆန်းစွာပဲ အောက်ခြေမှာတော့ 10W charging နဲ့ အားသွင်းနိုင်မယ့် Micro USB Port တစ်ခု ပါလာပါတယ်။ 3.5mm နားကြပ်ပေါက်ကိုတော့ မိုက် နဲ့ အားသွင်း Port ရဲ့ ဘေးမှာ တပ်ဆင်ထားပါတယ်။

Photo : The Indian Express

အရောင်ကိုတော့ Bamboo Green နဲ့ Lake Blue ၂ မျိုးရွေးချယ်နိုင်မှာ ဖြစ်ပြီး RAM ပေါ်မူတည်ပြီး ဈေးနှုန်းအပြောင်းအလဲရှိမှာ ဖြစ်ပါတယ်။ RAM 2/32 GB ကို ရူပီး ၇၄၉၉ ( မြန်မာငွေ ၁ သိန်း ၈ သောင်းခန့်) ၊ RAM 3/32GB ကိုတော့ ရူပီး ၈၂၉၉ ( မြန်မာငွေ ၂ သိန်း ခန့်) နဲ့ ဇွန်လ ၂၇ ရက်နေ့မှာ စတင်ရောင်းချမှာ ဖြစ်ပါတယ်။

Featured Photo : GSMArena.com