တန်ဖိုးနည်းဖုန်း Brand တစ်ခုဖြစ်တဲ့ Coolpad ကနေ အဆင့်မှီတဲ့ တန်ဖိုးနည်း 5G ဖုန်းတစ်မျိုး မိတ်ဆက်လိုက်ပါတယ်။ Cool 20s ဟာ Dual Cameras ၊ 5G Support နဲ့ လာပြီး အတော်လေး ကြီးတဲ့ ဘက်ထရီပါဝါနဲ့ လာတာပါ။ ဒီဇိုင်းပိုင်း သပ်ရပ်ပြီး ဆွဲဆောင်မှုရှိသလို ဈေးကလည်း သက်သာပါတယ်။

Coolpad

Photo : GSMArena

မျက်နှာပြင် ၆.၅၈ လက်မ Waterdrop Notch FHD+ ရုပ်ထွက်နဲ့ လာပြီး 90Hz Refresh Rate သုံးထားပါတယ်။ ဒီဖုန်းကို မောင်းနှင်ထားတဲ့ Processor က Dimensity 700 Chipset ဖြစ်ပြီး Storage 128GB ပါရှိပါတယ်။

RAM ကိုတော့ 4GB , 6G နဲ့ 8GB သုံးမျိုးနဲ့လာသလို Virtual RAM 5GB ထပ်တိုးနိုင်မယ်လို့ ဆိုပါတယ်။ ရှေ့ဘက်ကင်မရာဟာ 8MP ဖြစ်ပြီး ကျောဘက်မှာ 50MP Main Sensor နဲ့ 2MP Macro Lens တို့ တပ်ဆင်ထားပါတယ်။ ဘက်ထရီပါဝါ 4500mAh မှာ 18W Fast Charging အထောက်အပံ့ပေးထားပါတယ်။

Photo : TechnoSports

ဆော့ဖ်ဝဲလ်ပိုင်းမှာ Android 11 အခြေခံ CoolOS 2.0 နဲ့ ထွက်လာပါတယ်။ အနက် ၊ အဖြူ နဲ့ အပြာ သုံးရောင်နဲ့ လာပြီး ၉၉၉ ယွမ် (မြန်မာငွေ ၂ သိန်း ၇ သောင်းခွဲကျော်) ဈေးနဲ့ ရောင်းချသွားမယ်လို့ ကြေညာထားပါတယ်။

Featured Photo : GSMArena