ဇွန် (၁၅)ရက်နေ့ မနက်အစောပိုင်းကနေ စတင် ကျင်းပခဲ့တဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲကြီးဟာ ဆိုရင်တော့ဖြင့် အခုမှ အုပ်စု(A)နဲ့ အုပ်စု(B)တို့ရဲ့ ပွဲစဉ် (၄)ပွဲသာ ယှဉ်ပြိုင်ထားရပေမယ့်လည်း အဲ့ဒီပွဲစဉ် (၄)ပွဲလုံးမှာ သွင်းယူခဲ့တဲ့ သွင်းဂိုးအရေအတွက်က (၁၆)ဂိုးအထိတောင် ရှိလို့နေပြီး တစ်ပွဲကို အနည်းဆုံး (၃)ဂိုးလောက်ကို ဂိုးတွေ သွင်းယူနေကြပါတယ်။

germany 5-1 scotland

Photo Credit: EURO2024DE

ဇွန် (၁၅)ရက်နေ့မှာ စတင် ကစားဖြစ်ခဲ့တဲ့ အိမ်ရှင် ဂျာမနီနဲ့ စကော့တလန်အသင်းတို့ရဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲ အဖွင့်ပွဲစဉ်မှာပဲ ဂျာမနီတို့က ဖလော်ရီယန်ဝစ်ဇ် ၊ မူဆီအာလာ ၊ ဟာဗက်ဇ် ၊ ဖယ်ခု ၊ အမ်မရီချန်တို့ရဲ့ ဂိုးတွေနဲ့ စကောတို့ကို (၅)ဂိုး (၁)ဂိုးနဲ့ပင် ပြတ်ပြတ်သားသား အနိုင်ရခဲ့ပြီးတော့ ပေးလိုက်ရတဲ့ ချေပဂိုးကိုတောင် ရူဒီဂါက ကိုယ့်ဂိုးကိုယ် သွင်းယူမိခဲ့တာပဲ ဖြစ်ပါတယ်။

hungary 1-3 switzerland

Photo Credit: EURO2024DE

ဒုတိယပွဲဖြစ်တဲ့ ဆွစ်ဇာလန်နဲ့ ဟန်ဂေရီတို့ပွဲမှာလည်း ဆွစ်ဇာလန်က ပထမပိုင်းမှာပဲ (၂)ဂိုးပြတ်နဲ့ ဦးဆောင်ထားပြီး ဒုတိယပိုင်းမှာသာ ဟန်ဂေရီက ချေပဂိုး သွင်းယူနိုင်ခဲ့ပေမယ့် ပွဲပြီးခါနီးမှာ ဆွစ်ဘက်က အနိုင်သေချာစေမယ့် ဂိုးတစ်ဂိုး ထပ်မံ ရရှိခဲ့ရင်း (3-1) ရလဒ် ထွက်ပေါ်ခဲ့ပါတယ်။

spain 3-0 croatia

Photo Credit: EURO2024DE

မရဏအုပ်စု အုပ်စုအကျပ်ကြီး ပြောနေကြတဲ့ အုပ်စု(B)ရဲ့ စိတ်ဝင်စားစရာ အကောင်းဆုံးပွဲဖြစ်တဲ့ စပိန်နဲ့ ခရိုအေးရှားတို့ပွဲမှာလည်း စပိန်ဘက်က ကစားသမားတွေ အထူးခြေစွမ်းပြသခဲ့ရင်း ပထမပိုင်းမှာပဲ (၃)ဂိုးပြတ်နဲ့ ဦးဆောင်နေခဲ့ပါတယ်။ ဒုတိယပိုင်းမှာ စပိန်တို့ အခွင့်အရေးတွေ ထပ်ရခဲ့တာကို အသုံးမချနိုင်ခဲ့သလို ခရိုအေးရှားကလည်း ပင်နယ်တီတောင် ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့လို့သာ ဂိုးတွေ ထပ်မမြင်ရတော့ပဲ (3-0)နဲ့သာ အဆုံးသတ်ခဲ့ပါတယ်။

albania 1-2 italy

Photo Credit: EURO2024DE

အုပ်စု(B)ရဲ့ နောက်ဆုံးပွဲဖြစ်တဲ့ အီတလီနဲ့ အယ်လ်ဘေးနီးယားတို့ ပွဲကတော့ ပွဲအစ (၂၃)စက္ကန့်လေးမှာ အယ်လ်ဂျီးရီးယား ကွင်းလယ်လူ ဘဂျရာမီက ယူရိုပြိုင်ပွဲ သမိုင်းတစ်လျှောက် အမြန်ဆုံးဂိုးကို သွင်းယူရင်း ပွဲကို ဦးဆောင်ပေမယ့် သူရဲ့ ဦးဆောင်ဂိုးက (၁၅)မိနစ်ဝန်းကျင်သာ ကြာမြင့်ခဲ့ပြီး အင်တာ ကစားသမားတွေဖြစ်တဲ့ ဘက်စတိုနီနဲ့ ဘာရယ်လာတို့က အီတလီအတွက် ချေပဂိုးနဲ့ ဦးဆောင်ဂိုးတွေကို ပြန်လည် သွင်းယူကာ ရလဒ်ကို ပြောင်းလဲခဲ့ပါတယ်။ ဒါပေမယ့် နှစ်ဖက်လုံးက ဂိုးတွေ ဆက်မသွင်းကြတော့ပဲ (2-1)နဲ့ပဲ ပြီးဆုံးသွားခဲ့ပါတယ်။ အခု ယူရို-၂၀၂၄ ရဲ့ အုပ်စုနှစ်ခုကတော့ ဂိုးတွေ မြိုင်မြိုင်ဆိုင်ဆိုင်တွေ သွင်းယူထားသလို ကျန်တဲ့အုပ်စုတွေကလည်း ဆက်ပြီး ဂိုးတွေမြူးကြဦးမလားဆိုတာ…

Featred Phot: EURO2024