အခုအချိန်မှာ လူတိုင်း လူတိုင်းက အကြောင်းအမျိုးမျိုးကြောင့် ထွက်ပေါက်ပိတ်ပြီး မွန်းကြပ်သလို ခံစားနေရသူတွေချည်းပါပဲ။ လုပ်ငန်းခွင်ကြောင့်၊ လူမှုရေးရာကြောင့် စတဲ့ အကြောင်းအမျိုးမျိုးကြောင့် ထွက်ပေါက်ပိတ်ပြီး မွန်းကြပ် နေတယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် Workout များကို ပြုလုပ်ပြီး စိတ်ထွက်ပေါက် ရှာနိုင်ပါတယ်။
အထူးတလည် Workout တော့ မဟုတ်ပါဘူး။ စိတ်ညစ်စရာတွေ၊ စိတ်ဖိစီးစရာတွေကို အဝေးသို့ရောက်အောင် လက်ဝှေ့ ထိုးပြီး လွှင့်ပစ်ရမှာပဲဖြစ်ပါတယ်။
အရင်ဦးဆုံး လက်ဝှေ့ ထိုးတဲ့အခါ အဓိက အကျဆုံး လက်ဝှေ့ ထိုးနည်း (၃) မျိုးကို လေ့လာကြည့်ပါ။ ပြီးမှ ထို အခြေခံ လက်ဝှေ့ထိုးနည်းကို အခြားသော လေ့ကျင့်ခန်းများနဲ့ ပေါင်းစပ်ကာ ပြုလုပ်ရမှာပဲ ဖြစ်ပါတယ်။
Jab Punch လက်ဝှေ့ ထိုးနည်း
ဒီထိုးနည်းကတော့ လက်ဝှေ့ထိုးတဲ့အခါ လက်ဝှေ့သမားများ အများဆုံး အသုံးပြုကြတဲ့ လက်ဝှေ့ထိုးနည်းပဲ ဖြစ်ပါတယ်။ လက်သီးကို အရှေ့တည့်တည့်သို့ ထိုးကာ ဆန့်ကျင်ဘက် ပြိုင်ဘက်ကို ထိုးရမှာပဲ ဖြစ်ပါတယ်။
Cross Punch လက်ဝှေ့ ထိုးနည်း
ဒီလို Cross Punch လက်ဝှေ့ထိုးနည်းကို ကောင်းကောင်း အသုံးပြုနိုင်တဲ့ နာမည်ကြီး လက်ဝှေ့ အကျာ်အမော်များကတော့ Thomas Hearns ၊ Sergey Kovalev ၊ Deontay Wilder နှင့် Manny Pacquiao တို့ပဲဖြစ်ပါတယ်။ Cross Punch ဆိုတဲ့အတိုင်း လက်ဝှေ့ကို ကြက်ခြေခတ်ပုံစံ ထိုးရမှာပဲ ဖြစ်ပါတယ်။
Hook Punch လက်ဝှေ့ ထိုးနည်း
ဒီထိုးနည်းကတော့ လက်သီးအပြင် တံတောင်ဆစ်တွေကိုပါ အသုံးပြုကာ ထိုးရတဲ့ လက်ဝှေ့ထိုးနည်းပဲ ဖြစ်ပါတယ်။ ဆန့်ကျင်ဘက် ပြိုင်ဘက်ကို ထိချက် ကောင်းကောင်းနဲ့ ပစ်လဲကျသွားစေမယ့် ထိုးချက်တစ်ခုပဲ ဖြစ်ပါတယ်။
ကွီးတို့အနေနဲ့ ဒီလိုမျိုး အခြေခံကျတဲ့ ထိုးနည်းတစ်ခုချင်းစီကို သိသွားပြီဆိုရင်တော့ နည်းနည်း အဆင့်မြင့်တဲ့ လယ်ဗယ်ကို သွားလို့ရပါပြီ။
အဆင့်မြင့် လယ်ဗယ်ဆိုတာကတော့ ထိုအခြေခံကျတဲ့ ထိုးနည်း (၃) မျိုးကို ရောစပ်ထားတာပဲ ဖြစ်ပါတယ်။
(၁) Jab နှင့် Cross တို့ ပေါင်းစပ်ထားတဲ့ ထိုးနည်း
(၂) Jab ၊ Cross နှင့် Hook တို့ကို အစဥ်လိုက် ပေါင်းစပ်ထားတဲ့ ထိုးနည်း
(၃) Jab နှစ်ခါနှင့် Cross တစ်ခါ ပေါင်းထားတဲ့ ထိုးနည်း
(၄) Jab နဲ့ အရင်စပြီး Hook က အနောက်ကလိုက်ကာ Cross နဲ့ အဆုံးသတ်ထားတဲ့ ထိုးနည်း
(၅) Cross နဲ့ အရင်စ၊ Hook က အလယ်က ညှပ်ထားပြီး Cross နဲ့ ပြန်ပိတ်ထားတဲ့ ထိုးနည်း
(၆) Hook ၊ Cross ၊ Hook ထိုးနည်း
(၇) Jab ၊ Cross ၊ Hook ၊ Cross ထိုးနည်း
(၈) Jab ၊ Cross ၊ Jab ၊ Cross ၊ Hook ၊ Hook အစဥ်လိုက် ထိုးနည်း
ဒီလက်ဝှေ့ ထိုးနည်းတွေကို အသုံးပြုကာ မွန်းကြပ်နေတာတွေကို ဖြေဖျောက်လိုက်ပါ။
ကွီးတို့ရော စိတ်ထွက်ပေါက် ပိတ်ပြီး မွန်းကြပ် လာတဲ့အခါမျိုးမှာ ဘယ်လို Workout မျိုး ပြုလုပ်လေ့ရှိပါသလဲ။
Source: Mensjournal
Featured Image: Freepik