ကမ္ဘောဒီယားနိုင်ငံတွင် ကျင်းပ ပြုလုပ်လျက် ရှိနေတဲ့ (၃၂)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲကြီးရဲ့ အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ် ပွဲစဉ်မှာ မြန်မာ အမျိုးသမီး ဘောလုံးအသင်းက ထိုင်း အမျိုးသမီး ဘောလုံးအသင်းကို comeback နိုင်ပွဲနဲ့ အနိုင်ယူ ကျော်ဖြတ်ရင်း ဖိုင်နယ်အဆင့်ဆီကို ထိုက်ထိုက်တန်တန် တက်လှမ်းသွားခဲ့ ရပါတယ်။

myanmar women football

Photo Credit : MFF Facebook

မြန်မာ အမျိုးသမီး ဘောလုံးအသင်းဟာ အုပ်စုတွင်းမှာ ဗီယက်နမ် ဖိလစ်ပိုင် မလေးရှားအသင်းတို့နဲ့ ထိပ်တိုက် ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး ဗီယက်နမ် တစ်သင်းတည်းကိုသာ ရှုံးနိမ့်ခဲ့ကာ ဖိလစ်ပိုင် မလေးရှားတို့ကို အနိုင်ခဲ့ပါတယ်။ ဂိုးကွာခြားချက်မှာ (၁)ဂိုးလျှော့နည်းပြီး အုပ်စု ဒုတိယနဲ့ ဆီမီးကို တက်လှမ်းခဲ့တဲ့ မြန်မာ အမျိုးသမီးအသင်းက ဆီမီးမှာတော့ ဒေသတွင်း အခက်ခဲဆုံးသော ပြိုင်ဘက်ဖြစ်တဲ့ ထိုင်း အမျိုးသမီးအသင်းနဲ့ ရင်ဆိုင်ခဲ့ရသလို (၂)ဂိုးပြတ်နဲ့လည်း ဦးဆောင်ခံထားခဲ့ပေမယ့် (၄)ဂိုးအထိ ပြန်လည် သွင်းယူပြီး ထိုင်းကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။

Photo Credit : MFF Facebook

ဒီနေ့ညမှာတော့ မြန်မာ အမျိုးသား ယူ-၂၂အသင်းက ထိုင်း ယူ-၂၂အသင်းနဲ့ ဆီမီးဖိုင်နယ်အဆင့်မှာ ရင်ဆိုင်သွားရဦးမှာပဲ ဖြစ်ပါတယ်။ မြန်မာ ယူ-၂၂အသင်းက အုပ်စုအတွင်းမှာ အင်ဒိုနီးရှား ကမ္ဘောဒီယား အရှေ့တီမော ဖိလစ်ပိုင်အသင်းတွေနဲ့ ရင်ဆိုင်ခဲ့ရရင်း အင်ဒိုနီးရှားကို ဂိုးပြတ်ရှုံးပြီး ကျန်တဲ့ (၃)ပွဲကို အနိုင်ရခဲ့တာကြောင့် အုပ်စု ဒုတိယနေရာနဲ့ ဆီမီးကို တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဆီမီးမှာတော့ တစ်ဖက် အုပ်စုထဲ အုပ်စုဗိုလ် ဖြစ်ခဲ့တဲ့ ထိုင်းအသင်းနဲ့ ရင်ဆိုင်ရမှာပါ။ ထိုင်းက အုပ်စုတွင်းမှာ ဗီယက်နမ်ကို သရေကစားထားနိုင်ခဲ့ပြီး ဆီးဂိမ်းရဲ့ အအောင်မြင်ဆုံး အသင်းတစ်သင်းလည်း ဖြစ်နေတာကြောင့် မြန်မာ ယူ-၂၂အသင်းအတွက် ခက်ခဲနိုင်ပေမယ့်လည်း ကျွန်တော်တို့ရဲ့ မြန်မာအသင်းကို အားပေးသွားရအောင်လားဗျာ။ ဒီပွဲကိုတော့ ဒီနေ့ည (၇)နာရီခွဲအချိန်မှာပဲ ယှဉ်ပြိုင် ကစားသွားမှာ ဖြစ်ပါတယ်။

 

Featured Photo : MFF Facebook