ကျွန်တော်တို့ ယောကျာ်းသားတွေမှာလည်း ဖွင့်ပြောလို့မရတဲ့ ပြဿနာတွေ အများကြီးရယ်ပါ။ ယောကျာ်းမှန်ရင် ကိုယ့် ညီလေး တစ်သက်လုံး နိုးထမလာတော့မှာ စိတ်ပူရသလို အချိန်တိုင်း နိုးကြားလန်းဆန်းနေပြန်ရင်လည်း စိတ်ညစ်ရပြန်ရော။ ပိုဆိုးတာက အချိန်အခါမဟုတ် လူကြားသူကြားထဲ ညီလေးနိုးလာရင် ဖုံးရဖိရခက်နဲ့ အင်မတန် ဒုက္ခများရပါတယ်။ ယောကျာ်းလေးတွေသာ သိနိုင်တဲ့ ဒီလိုဒုက္ခတရားတွေကို ဖြေရှင်းဖို့ နည်းလမ်းလေးများမရှိနိုင်ဘူးလား ဆိုရင်တော့ ကွီးတို့နေရာမှန်ကိုရောက်လာတာပါပဲ။ ဒီဆောင်းပါးလေးမှာ လူကြားသူကြားထဲ ညီလေး နိုးထလာရင် ဘယ်လိုဖြေရှင်းရမလဲဆိုတာ  ပြောပြပေးပါမယ်။

(၁) Boxers တွေကို ရှောင်ပါ

David Gandy

Photo : Daily Mail

Boxers တွေက ဝတ်ရတာ လွတ်လပ်ပေါ့ပါးမှုရှိပေမယ့် ညီလေး နိုးထလာရင်တော့ ကွိုင်စတက်ပါပြီ။ Boxers အတွင်းခံတွေဟာ ပုံမှန်အားဖြင့် ပွပွချောင်ချောင်ရှိတာဆိုတော့ ကွီးတို့ရဲ့ထောင်မတ်လာတဲ့ ညီလေးကို ကောင်းကောင်းထိန်းထားမပေးနိုင်တဲ့အတွက် ထိုးထိုးထောင် ထောင်တွေ ဖြစ်လာရပါတယ်။ ဒါကြောင့် အသားမှာကပ်နေတဲ့ Briefs တို့ Trunks တို့လို Underwear တွေကို ရွေးချယ်ပါ။ နောက်ပြီး နူးညံ့ပျော့ပျောင်းတဲ့ ပိုးသားအတွင်းခံတွေက လိင်တံကို ပွတ်တိုက်ချိန်မှာ ထောင်မတ်မှုကိုနှိုးဆွပေးနိုင်တဲ့အတွက် ဒီလို Underwear တွေကိုလည်း လက်ရှောင်ဖို့ အကြံပေးချင်ပါတယ်။

(၂) အပေါ်ထပ် အင်္ကျီတွေနဲ့ ဖုံးပါ

Plaid Shirts

Photo : The Fashion Foot

လူကြားသူကြားထဲ ညီလေး နိုးထလာတဲ့အခါ အပေါ်ထပ်အင်္ကျီတွေ ဖြစ်တဲ့ Flannel ၊ Hoodie တို့ပါရင် ကွီးတို့ကံကောင်းပါပြီ။ ဒီလိုအပေါ်ထပ်အင်္ကျီတွေကို ခါးမှာချီပြီး စတိုင်ထုတ်သလို အထာလေးနဲ့ ဖုံးဖိနိုင်ပါတယ်။ ကိုယ့်ညီလေးက အချိန်အခါမဟုတ် ထထ,ထိုင်တက်ရင် အပေါ်ထပ် အင်္ကျီလေးတွေတော့ အမြဲဆောင်သွားပါ။

(၃) ဘောင်းဘီအိတ်ကပ်ထဲ လက်ထည့်ထားပါ

 Denim Jeans

Photo : Pexels

ဘောင်းဘီအိတ်ကပ်တွေထဲ လက်ထည့်ပြီး ဘောင်းဘီကိုခပ်ပွပွအနေအထား လုပ်ထားမယ်ဆိုရင် ဘောင်းဘီပေါ်မှာ ဖုဖောင်းနေတဲ့ ညီလေးကို သိပ်မသိသာစေတော့ပါဘူး။ ဒါက သာမန်စတိုင်ထုတ်တဲ့ အမူအရာတစ်ခုလည်း ဖြစ်တဲ့အတွက် လူကြားသူကြားထဲ အရမ်းရုပ်မပေါက်ပဲ ရှိစေမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ခပ်ပါးပါး ဘောင်းဘီတွေဆိုရင်တော့ ဒီနည်းလမ်းက သိပ်တော့ မအိုကေနိုင်ဘူးရယ်။

(၄) ခြေချိတ်ထိုင်ပါ

Cross the Legs

Photo : Best Life

ဘတ်စ်ကားပေါ် ၊ ကော်ဖီဆိုင် ဒါမှမဟုတ် ရုံးခန်းထဲ ထိုင်နေချိန်မှာ ညီလေး နိုးထလာရင်တော့ ခြေချိတ်ထိုင်တာက အကောင်းဆုံး ဖြေရှင်းနည်းတစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် ထောင်မတ်နေတဲ့ ညီလေးကို ပေါင်နဲ့အတင်းဖိထားမျိုးတော့ ရှောင်ကြဉ်ရပါမယ်။ ဘာလို့ဆို ထောင်မတ်နေချိန်မှာ အတင်းဖိထားတာမျိုးလုပ်ရင် ကွီးတို့ရဲ့ ညီလေးမှာ ဒဏ်ဖြစ်သွားနိုင်လို့ပါ။

(၅) အအေးခံပါ

Man Hand Holding Cool Fresh Drinking Water Bottle

Photo : Dreamstime

ကွီးတို့ရဲ့ ညီလေး ကို အအေးခံပေးတာဟာ ထောင်မတ်နေတဲ့ ပြဿနာကို အလျင်အမြန်ဆုံး ပြေပျောက်စေပါလိမ့်မယ်။ အဲကွန်းလိုအေးတဲ့နေရာအောက်မှာ ခဏတဖြုတ်သွားနေတာမျိုး ဒါမှမဟုတ် ရေခဲစိမ်ထားတဲ့ ရေဗူး ၊ အချိုရည်ဗူးတွေကို ညီလေးရှိတဲ့ဘောင်းဘီဧရိယာတဝိုက်ပေါ်  မိနစ်အနည်းငယ်ခန့် တင်ထားတာမျိုး လုပ်နိုင်ပါတယ်။

(၆) အာရုံပြောင်းပါ

Photo : Medium

အာရုံပြောင်းတဲ့ Technique ကတော့ တော်တော်လေး အသုံးဝင်ပါတယ်။ လိင်တံ ထောင်မတ်နေတဲ့အပေါ် စိတ်အရမ်းနှစ်မထားပဲ တခြားအရာတွေကို အာရုံပြောင်းကြည့်ပါ။ ရောက်တက်ရာရာ လျောက်တွေးပါ။ စစချင်းမှာတော့ အနည်းငယ် စိတ်မသက်မသာ ဖြစ်စေနိုင်ပေမယ့် မိနစ်အနည်းငယ်အတွင်း ထောင်မတ်နေတဲ့ ညီလေး ပြန်အိပ်သွားပါလိမ့်မယ်။

ကွီးတို့ရော လူကြားသူကြားထဲ ရုတ်တရက် ညီလေးနိုးထလာရင် ဘယ်လိုနည်းလမ်းတွေနဲ့ ဖြေရှင်းလေ့ရှိလဲ ???

Featured Photo : Muscle & Fitness