အထိုင်များခြင်း၊ စားသောက်နေထိုင်မှုပုံစံ၊ ကိုယ်လက်လှုပ်ရှားမှုမရှိခြင်း စတာတွေကြောင့် ခန္ဓာကိုယ်မှာ မလိုလားအပ်တဲ့ အဆီတွေ စုလာပြီး ကိုယ်အလေးချိန်တတ်လာကာ ဝဖိုင့်ဖိုင့် ဖြစ်လာပါတယ်။ ကိုယ်အလေးချိန်တတ်လာခြင်းကြောင့် အဝတ်အစားဝတ်ရတာလည်း အဆင်မပြေတော့သလို၊ ကျန်းမာရေးအတွက်လည်း မကောင်းပါဘူး။ ဒါကြောင့် ခန္ဓာကိုယ်မှာ မလိုလားအပ်တဲ့ အဆီတွေကို‌ လောင်ကျွမ်းစေပြီး ကိုယ်အလေးချိန်ကို လျော့ချဖို့လိုပါတယ်။ ဘယ်လိုအကြောင်းကြောင့်ပဲ ဖြစ်ပါစေ၊ ဘေးအကင်းဆုံးနဲ့ အထိရောက်ဆုံး ဝိတ် ချနည်းကတော့ လေ့ကျင့်ခန်းများကို ပုံမှန်ပြုလုပ်ခြင်းပါပဲ။ ဒါကြောင့် ကွီးတို့အတွက် နေ့စဉ် မှန်မှန်လုပ် ခြင်းဖြင့် ထိရောက်စွာ ဝိတ် ကျစေနိုင်မယ့် လေ့ကျင့်ခန်းများကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။

ကြိုးခုန်ခြင်း

မှန်မှန်လုပ် ဝိတ်

Photo : Jump Rope Dudes

ကြိုးခုန်ခြင်းက အဆီတွေကို လျင်မြန်ထိရောက်စွာ လောင်ကျွမ်းစေကာ ဝိတ်ကျစေဖို့ ထိရောက်တဲ့ ကိုယ်လက်လှုပ်ရှားမှု တစ်ခု ဖြစ်ပါတယ်။ ဒါ့အပြင် ကြိုးခုန်ခြင်းက အရိုးသိပ်သည်းဆကို အထောက်အကူပြုပြီး ခြေထောက်များကို ပိုမိုသန်မာစေပါတယ်။ နှလုံးကျန်းမာရေးကိုလည်း ပိုမိုကောင်းမွန်စေပါတယ်။ တစ်နာရီ ကြိုးခုန်လျှင် ကယ်လိုရီ ၆၀၀ ခန့်လောင်ကျွမ်းစေနိုင်ပါတယ်။

ကြိုးခုန်ခြင်းကို အကြိမ် ၁၀၀ ခန့် ၁၀ ကျော့ ပြုလုပ်ပြီး တစ်ကျော့စီလုပ်ပြီးတိုင်းတွင် အချိန်အနည်းငယ်ခန့် အနားယူနိုင်ပါတယ်။ အကယ်၍ အခုမှစပြီး ကြိုးခုန်မယ့်သူတွေက အကြိမ် အနည်းငယ်နဲ့ စတင်နိုင်ပြီး နောက်ပိုင်းမှ ဖြည်းဖြည်းချင်း တိုးသွားပါ။

Mountain Climbers

မှန်မှန်လုပ် ဝိတ်

Photo : Tom’s Guide

ဒီလေ့ကျင့်ခန်းကလည်း အဆီတွေကို လောင်ကျွမ်းစေကာ ဝိတ်ကျဖို့အတွက် ထိရောက်ပြီး ကြံ့ခိုင်မှုကို မြှင့်တင်ပေးနိုင်တဲ့ ကိုယ်လုံးပြည့်လေ့ကျင့်ခန်း တစ်ခုဖြစ်ပါတယ်။

လေ့ကျင့်ခန်းကို စတင်ဖို့အတွက် တောင်တတ်မဲ့ပုံစံအတိုင်း လက်နှစ်ဖက်ကို ကြမ်းပြင်ပေါ်တွင် ထောက်လျက် ဘယ်ခြေထောက်တစ်ဖက်ကို ထောက်ပြီး ညာခြေကို ရှေ့သို့လှမ်းမဲ့ပုံစံအနေအထား ဖြစ်ပါစေ။ ဒါက စတင်တဲ့ အနေအထားဖြစ်ပါတယ်။ ထို့နောက် ညာဘက်ခြေဖဝါးကို ကြမ်းပြင်မှ ရုတ်သိမ်းလိုက်ပြီး ညာဘက်ဒူးကို ရင်ဘတ်ဆီသို့ တွန်းပါ။ ပြီးလျှင် ပုံတွင်ပြထားသည့်အတိုင်း ညာခြေကို ကြမ်းပြင်ပေါ်ထောက်လျက် ဘယ်ခြေကိုရင်ဘတ်ဆီသို့ တွန်းတင်ပါ။ ထိုကဲ့သို့ တစ်ဖက်တစ်ချက်စီ ဆက်တိုက်ပြုလုပ်သွားပါ။

ကိုယ်အလေးချိန် လျှော့ချရန်အတွက် တစ်ပတ်လျှင် ငါးရက် တစ်ရက်လျှင် အကြိမ် ၂၀ ခန့်ပြုလုပ်ရန် အကြံပြုထားပါတယ်။

Boxing

မှန်မှန်လုပ် ဝိတ်

Photo : Men’s Health

လက်ဝှေ့သမားတစ်ဖြစ်လည်း အငြိမ်းစား ပရော်ဖက်ရှင်နယ် MMA တိုက်ခိုက်ရေးသမား Tommy Dibernardo က ကိုယ်အလေးချိန် လျှော့ချဖို့ အကောင်းဆုံးနည်းလမ်းက Boxing ဖြစ်ပြီး ကယ်လိုရီလောင်ကျွမ်းမှု အများဆုံး နှလုံးသွေးကြောဆိုင်ရာ လေ့ကျင့်ခန်းတစ်ခုပါပဲ လို့ ဆိုထားပါတယ်။ ဒါ့အပြင် လက်ဝှေ့ထိုးခြင်းက ပြင်းထန်သော စွမ်းအင်ကို ထုတ်လွှတ်ရသည်သာမက ဟန်ချက်ကောင်းမွန်စေပြီး ခံနိုင်ရည်ကို မြှင့်တင်ပေးကာ ခန္ဓာကိုယ်အပေါ်ပိုင်းနှင့် အူတိုင်များကို အားကောင်းစေပါတယ်။

တစ်နာရီကို ကယ်လိုရီ ၅၀၀ မှ ၇၀၀ ထိလောင်ကျွမ်းနိုင်ပါတယ်။

ကခြင်း

မှန်မှန်လုပ် ဝိတ်

Photo : GoodTo

ကွီးတို့အနေနဲ့ ဝိတ်ကျဖို့ လေ့ကျင့်ခန်းတွေ မလုပ်ချင်ဘူးဆိုရင် မပူပါနဲ့။ ‌ပျော်ရွှင်စရာကောင်းပြီး ဝိတ်ကျစေမယ့် နည်းလမ်းလေး ရှိပါတယ်။ ဒါကတော့ ကခုန်ခြင်းပါပဲ။

အက သို့မဟုတ် အကလေ့ကျင့်ခန်းများက အကောင်းဆုံး ကိုယ်လက်လှုပ်ရှားမှုတွေထဲက တစ်ခုဖြစ်ပြီး ခန္ဓာကိုယ်တစ်ခုလုံးကို မတူညီသော ရွေ့လျားမှုပုံစံဖြင့် လှုပ်ရှားစေပါတယ်။ ၎င်းသည် ခန္ဓာကိုယ်အား ပိုမိုပျော့ပျောင်းစေပြီး နေ့စဉ်ရိုးရှင်းသော လှုပ်ရှားမှုများဖြင့် ပိုမိုလွယ်ကူစွာ ကိုယ်အလေးချိန်ကျဖို့ အထောက်အကူပြုစေပါတယ်။ သီချင်းလေးဖွင့်ပြီး ကွီးတို့စိတ်ကြိုက် လွတ်လပ်ပေါ့ပါးစွာ ကခုန်လိုက်ပါ ဒါမှမဟုတ် ပျော်ရွှင်စရာကောင်းတဲ့ အကလေ့ကျင့်ခန်းများကို စနစ်တကျ သင်ယူလိုက်ပါ။ Zumba ကခြင်းကိုလည်း ပြုလုပ်နိုင်ပါတယ်။

လှေကားထစ်တတ်ခြင်း

Photo : Men’s Journal

ကယ်လိုရီတွေ လောင်ကျွမ်းစေပြီး အလယ်အလတ်ပြင်းထန်တဲ့ Cardio လေ့ကျင့်ခန်းတစ်ခုကို ပြုလုပ်ချင်ရင် လှေကားထစ်များ တတ်လို့ရပါတယ်။ လှေကားထစ်များကို ပုံမှန်အတိုင်းတတ်ခြင်းကလည်း ကယ်လိုရီတွေကို လောင်ကျွမ်းစေမဲ့ လေ့ကျင့်ခန်းတစ်ခု ဖြစ်ပါတယ်။ ကွီးတို့က ဆွဲငင်အားကို ဆန့်ကျင်ပြီး လှေကားထစ်များကို တတ်ရတာကြောင့် ကြွက်သားများကို အားကောင်းစေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် လှေကားထစ်တက်ခြင်းက ကိုလက်စထရောကို လျော့ကျစေပြီး Anaerobic ကြံ့ခိုင်မှုကို မြှင့်တင်ပေးနိုင်ကြောင်း British Journal of Sports Medicine မှာ ဖော်ပြထားတဲ့ သုတေသနပြုချက်အရ သိရပါတယ်။

အထပ်မြင့်ရုံးခန်းမှာ အလုပ်လုပ်သူများ အနေဖြင့် ဒီလေ့ကျင့်ခန်းကို တကူးတက လုပ်စရာမလိုပါဘူး။ နေ့စဉ်နေ့တိုင်း ဓာတ်လှေကား အသုံးမပြုဘဲ လှေကားနဲ့တတ်ပါ။ မည်သည့်အချိန်မှာမဆို ကျန်းမာရေးအတွက် ဓာတ်လှေကားကို အသုံးမပြုဘဲ လှေကားကို ပိုပြီးအသုံးပြုသင့်ပါတယ်။

ပြေးခြင်း

Photo : Men’s Health

အပြေးလေ့ကျင့်ခန်းကို မှန်မှန်လုပ် ခြင်းဖြင့်လည်း ဝိတ် ကျစေပါတယ်။ ကယ်လိုရီတွေကို လောင်ကျွမ်းစေဖို့ ထိထိမိမိ လေ့ကျင့်ခန်းတစ်ခုကို ပြောပါဆိုရင်လည်း အပြေးလေ့ကျင့်ခန်းကတော့ မပါမဖြစ်ပါပဲ။ အပြေးလေ့ကျင့်ခန်းက လူတိုင်းလွယ်လွယ်ကူကူ ပြုလုပ်နိုင်တဲ့ လေ့ကျင့်ခန်းဖြစ်ပြီး ခန္ဓာကိုယ်မှာရှိတဲ့ ကြွက်သားအုပ်စုတိုင်းကို အသုံးပြုရတဲ့အတွက် ကယ်လိုရီတွေကို ပိုပြီးလောင်ကျွမ်းစေပါတယ်။ ဒါ့အပြင် နှလုံးကျန်မာရေးကို ကောင်းစေပြီး ခံနိုင်ရည်အားကိုလည်း မြှင့်တင်ပေးနိုင်ပါတယ်။

အပြေးလေ့ကျင့်ခန်းက တစ်နာရီမှာ ကယ်လိုရီ ၅၀၀ ကနေ ၁၀၀၀ အထိလောင်ကျွမ်းနိုင်ပါတယ်။

ကွီးတို့ရေ ကိုယ်နဲ့အဆင်ပြေရာ သို့မဟုတ် ကိုယ်အားသန်ရာ လေ့ကျင့်ခန်းများကိုသာ နေ့စဉ် မှန်မှန်လုပ် ၊ ဝိတ် မကျမှာတော့ မပူနဲ့တော့ဗျာ။

Source : Parade

Featured Photo : Men’s Journal