မိုဟာမက် ဆာလား ဟာ ဘိုင်ယန်မြူးနစ်အသင်းကို ပြောင်းရွှေ့သွားပြီဖြစ်တဲ့ ဆာဒီယို မာနေး ကို လီဗာပူးလ်တစ်သင်းလုံးက လွမ်းဆွတ်နေမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

Sadio Mane Revealed with Bayern Munich Kits

Photo: polandpostsen.com

ဆီနီဂေါကြယ်ပွင့်ဟာ ဘွန်ဒက်စ်လီဂါချန်ပီယံတွေဆီကို ပေါင် ၃၅.၁ သန်းနဲ့ အပြီးသတ် ပြောင်းရွှေ့သွားခဲ့ပြီဖြစ်ပြီး အန်းဖီးမှာ အောင်မြင်ခဲ့တဲ့ ၆ နှစ်တာကာလကို ပြည်ဖုံးကားချသွားခဲ့ပြီ ဖြစ်ပါတယ်။

လီဗာပူးလ်အသင်းမှာ ကစားခဲ့တဲ့ကာလအတွင်း မာနေးဟာ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ဖလား အပါအဝင် ဆုဖလား ၆ လုံးအထိ ရရှိခဲ့ပြီး အသက် ၃၀ အရွယ် တိုက်စစ်မှူးဟာ ဆာလားနဲ့အတူ ၂၀၁၇-၂၀၁၈ ရာသီကတည်းက ၂ ယောက်ပေါင်း ၁၉၅ ဂိုးအထိ သွင်းယူနိုင်ခဲ့တဲ့ အကောင်းဆုံးတိုက်စစ်အတွဲဖြစ်ခဲ့တာဖြစ်ပါတယ်။

Mohamed Salah and Mane celebrated After FA Cup Victory

Photo: Metro

မိုဟာမက် ဆာလား က အန်းဖီးကို စွန့်ခွာသွားပြီဖြစ်တဲ့ အသင်းဖော်ဟောင်း ဆာဒီယို မာနေး ကို အင်စတာဂရမ်ပေါ်မှာ “တော်တော်လေး အမှတ်ရစရာကောင်းတဲ့ အတွေ့အကြုံတစ်ခုဖြစ်ခဲ့ပါတယ်။ အချိန်ကောင်းတွေအားလုံးအတွက် ကျေးဇူးတင်မိပြီး မင်းရဲ့ စွန့်စားခန်းအသစ်မှာ အကောင်းဆုံးဖြစ်ပါစေလို့ ငါ ဆုတောင်းပေးပါတယ်။ မင်းကို ငါတို့တွေအားလုံး လွမ်းဆွတ်နေမှာပါ”လို့ ရေးသားခဲ့ပြီး မာနေးက “မင်းလုပ်နေကျအရာတွေကို ဆက်လုပ်နေပါ။ ညီအစ်ကို မင်းက အကောင်းဆုံးပါပဲ”လို့ ပြန်လည် ရေးသားခဲ့တာဖြစ်ပါတယ်။

Featured Photo: Metro